အချစ်ရေးကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိဖြစ်ခဲ့တယ် ကောင်းမြတ်စံ

အချစ်ရေးကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိဖြစ်ခဲ့တယ် ကောင်းမြတ်စံ
January 10, 2019 Asian Fame
အချစ်ရေးကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိဖြစ်ခဲ့တယ် ကောင်းမြတ်စံ

ဇာတ်လမ်းတွဲတွေက တစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူကတော့ ကောင်းမြတ်စံပါ။ ‘နှလုံးသားနှင့် အနီးဆုံး’ ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ထပ်မံရရှိခဲ့သူ လည်း ဖြစ်ပါတယ်။ နောက်ထပ်ရိုက်ကူးတော့မယ့် ‘ပျောက်ဆုံးနေ သော အမှန်တရား’ ဇာတ်လမ်းတွဲမှာလည်း အရင်ကာရိုက်တာနဲ့ မတူအောင် ကြိုးစားထားတဲ့အကြောင်းကို ကောင်းမြတ်စံက ”ကျွန် တော်ဇာတ်လမ်းတွဲရိုက်တိုင်း ကာရိုက်တာကို မတူအောင် ကြိုးစား တယ်။ ကာရိုက်တာမတူတာက လည်း ကျွန်တော့်အတွက် နောက် ထပ်စိန်ခေါ်မှုအသစ် ဖြစ်စေတယ်။ အခု ‘ပျောက်ဆုံးနေသော အမှန်တရား’ ဇာတ်လမ်းတွဲမှာ ဒါရိုက်တာရော၊ ပရိုဂျူဆာရောကပါ ပါးချိုင့် မမြင်ချင်ဘူးလို့ ကျွန်တော်ကို ပြောတယ်။ ပရိသတ်တော် တော်များများက ပါးချိုင့်မြင်ရင် ကာရိုက်တာကို မေ့သွားပြီးတော့ ကောင်းမြတ်စံဆိုပြီးပဲ မြင်ကြတယ်။ အခုကျွန်တော် ပါးချိုင့်မပေါ် အောင် ကြိုးစားနေတယ်။ ကျွန်တော်က ပြုံးတဲ့အခါ ရယ်တဲ့အခါ ပါးချိုင့်ပေါ်တဲ့အတွက် အရယ်အပြုံးလျော့မယ်။ ပြုံးမယ်ဆိုရင် တောင် ပါးပါးလေးပဲ ပြုံးမယ်။ တတ်နိုင်သလောက် ကျွန်တော် ကြိုးစားနေပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ဝါရင့်တွေနဲ့ တွဲသရုပ်ဆောင်ရမှာဖြစ်တဲ့ အတွက် ပညာတွေ အများကြီးရတယ်ဆိုတာ ကို ”ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်က ဟက် ကာနေရာကနေ ပါဝင်သရုပ် ဆောင်ရမယ်။ကျွန်တော်ကို အန်ကယ်လေး (လူမင်း)က မင်းအပြင်မှာ ဟက်ကာကို မြင်ဖူးလားတဲ့။ ကျွန်တော်က မမြင်ဖူးဘူးလို့ ဖြေလိုက် တယ်။ ဟက်ကာဆိုတာက သူ့ပုံစံက သူများတွေနဲ့ မတူတဲ့ပုံစံမျိုး ရှိတယ်။ အဲဒါ ကို လေ့လာပါ။ သင်ယူပါလို့ ကျွန်တော်ကို ပြောပြတယ်။ ဝါရင့် သရုပ်ဆောင်တွေ ကလည်း အများကြီး သင်ပေးတယ်။ ဝါရင့် တွေနဲ့ တွဲသရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ကျွန်တော့်အတွက် ပညာတွေ အများကြီးရ တယ်” လို့လည်း ကောင်းမြတ်စံ ပြောပြခဲ့ပါ တယ်။ ”အခု ၂ဝ၁၈ ကို အားရကျေနပ် မှုရှိတယ်။ ဒါပေမဲ့ အခုအချိန်အထိ တော့ ပန်းတိုင်မရောက်သေးပါဘူး။ ပန်းတိုင် ရောက်ဖို့ ကြိုးစားနေတယ်။ ၂ဝ၁၉ မှာ လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား သွားမှာပါ” လို့ ကောင်းမြတ်စံက ပြောပြခဲ့ ပါသေးတယ်။ အချစ်ရေးကြောင့် ခံစားခဲ့ရ တာကိုလည်း ကောင်းမြတ်စံက….

”ဘဝမှာ ပထမဆုံးအသဲကွဲတဲ့ နှစ်က ကျွန်တော်အသက် ၂ဝ တောင် မပြည့် သေးဘူး။ ကျွန်တော် တော်တော်လေးခံ လိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေ မလားလို့တောင် တွေးမိတယ်။ အခုအချိန် မှာတော့ အသည်းကွဲဖို့ မရှိသေးပါဘူး။ ကိုယ်ကိုယ်တိုင် အသည်းကွဲတာကို ခံစား ရပြီးပြီဆိုတော့ အသည်းထပ်ကွဲမှာကို ကျွန်တော် ကြောက်တယ်။ အခုအချိန်ထိ ကျွန်တော်တစ်ယောက်တည်းပါပဲ”လို့ ပြောပြခဲ့ပါတယ်။

၂ဝ၁၉ မှာ ပရိသတ်ကြီး အသက်ရှု တိုင်း ဝင်ငွေတိုးပွားပြီးတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့လည်း ဆုမွန် ကောင်း တောင်းပေးလိုက်ပါသေးတယ်။

ခိုင်ဝါဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*