နှစ်သစ်ချီးမွမ်း စကားတွေကြောင့် ရင်ခုန်ရကြောင်း နစ်ကိုးလ်ဝီလျံ ကပြောဆို

နှစ်သစ်ချီးမွမ်း စကားတွေကြောင့် ရင်ခုန်ရကြောင်း နစ်ကိုးလ်ဝီလျံ ကပြောဆို
January 8, 2019 Asian Fame
နှစ်သစ်ချီးမွမ်း စကားတွေကြောင့် ရင်ခုန်ရကြောင်း နစ်ကိုးလ်ဝီလျံ ကပြောဆို

နှစ်သစ်မှာ အလှကြီးလှနေတဲ့ ကနေဒီယန် ရုပ်သံစတား နစ်ကိုးလ်ဝီလျံ အကြောင်းတွေက ၂၀၁၉ မှာ လူပြောများနေပါတယ်။ သူ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ညက်ညောတဲ့ အသားအရေကတော့ အနောက်တိုင်းသူတွေရဲ့ မျက်စေ့မှာ အားကျနှစ်ခြိုက်စရာ ဖြစ်နေပါတယ်။

ဒီရက်တွေမှာမှ ပြောင်းလိုက်တဲ့ နစ်ကိုးလ်ရဲ့ ဆံပင်တိုတိုဖက်ရှင်ကလည်း ဟောလိဝုဒ်မှာ အမြင်တစ်မျိုး ဆန်းနေတယ်လို့ ဆိုပါတယ်။ အနက်ရောင်ပေါ်က အဖြူကြား အားကစားဘောင်းဘီအကျပ်ကို ဝတ်ဆင်လာခဲ့တာကြောင့်လည်း နစ်ကိုးလ်ရဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ် အလှတရားကို ပိုပြီး ပေါ်ပေါ်လွင်လွင် ဖြစ်စေခဲ့ပါတယ်။

တိုရန်တိုမှာ မွေးတဲ့ ကနေဒါသူနစ်ကိုးလ်ရဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ပါဝင်တင်ဆက်ခဲ့တဲ့ E! Reality အစီအစဉ်ဟာ အရမ်းကို လူကြိုက်များ ထင်ရှားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အရောက်မှာတော့ အမေရိကန်ဖွတ်ဘောလ်အသင်း NFL ရဲ့ ကစားသမား လာရီအင်္ဂလစ်ရှ်နဲ့ ရွှေလက်တွဲခဲ့ကြပါတယ်။ နစ်ကိုးလ်ဝီလျံကို ၁၉၈၆ ခုနှစ်က ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့ အင်စတာဂရမ်ဖောလိုးဝါးပေါင်းက နှစ်သန်းနီးပါး ရှိတယ်လို့ သိရပါတယ်။

Ref : Dailymail

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*