၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရင်ခုန်သံစကားများ (၂)

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရင်ခုန်သံစကားများ (၂)
January 7, 2019 Asian Fame
၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရင်ခုန်သံစကားများ (၂)

၂၀၁၈ ခုနှစ်အတွက် ချီးမြှင့်မယ် အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲကြီးကိုတော့ ၂၀၁၉ ခုနှစ်ထဲမှာ ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။ အခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဇာတ်ကားကတော့ စုစုပေါင်း ၈၃ ကားရှိပြီး အခုအချိန်မှာတော့ စတင်အကဲဖြတ်နေကြပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အကယ်ဒမီစာရင်းဝင်တဲ့ ၈၃ ကားမှာ ပါဝင်ထားကြတဲ့ အနုပညာရှင်တွေရဲ့ အကယ်ဒမီ ရင်ခုန်သံစကားများကို ဖော်ပြပေးလိုက်ရပါတယ်။

ဒါရိုက်တာဏကြီး

“ကျွန်တော်ကတော့ ‘မီ’ မှာ အမှန်အတိုင်းပြောရလို့ရှိရင် သုသုကို အရမ်းရစေချင်တယ်။ ကျွန်တော့် အမြင်မှာတော့ သုသုအကောင်းဆုံးပဲ။ ကျွန်တော်တောင်မှ လိုအပ်တာတွေရှိတယ်။ အမှန်အတိုင်းပြောလို့ရှိရင် ကျွန်တော်မျှော်မှန်းထားတာထက် ၈၀ရာခိုင်နှုန်းလောက်ပဲလုပ်ပြနိုင်တယ်။ ကျန်တဲ့ ၂၀ရာခိုင်နှုန်းလောက်က ကျွန်တော့်မှာ လိုအပ်တာတွေရှိတယ်။ လုပ်လို့ရှိရင် ဒီ့ထက်ပိုကောင်းနိုင်တယ်ဆိုတဲ့ဟာလေးတွေ ရှိနေတယ်။ သုသုကတော့ ကျွန်တော့်အတွက်ကတော့ အပြည့်ကြိုက်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်သူ့ကိုတော့ မျှော်မှန်းတယ်။ ကိုနေတိုးကြီးလည်း မှန်းတယ်။ ကိုနေတိုးကြီးလည်း ကောင်းတယ်။ နောက်တစ်ခုကတော့ ဇာတ်ကားအတွက်ပေါ့။ ဒါကဖြစ်နိုင်၊ မဖြစ်နိုင်တော့ မသိဘူး။ ကျွန်တော်တို့အားလုံး ဒီကားကြီးတစ်ခုလုံး ကောင်းအောင်ကြိုးစားထားတယ်။ လိုကေးရှင်းတွေ၊ ပလော့တွေအကုန်လုံးကို စေ့စပ်အောင်လုပ်ထားတဲ့အတွက် ဇာတ်ကားဆုကို အန်တီအတွက်လည်းမှန်းပါတယ်”

မြို့တော် မောင်ယဉ်အောင်

အကုန်လုံးကိုရစေချင်ပါတယ်။ သူတို့က ကြိုးစားထားကြတာကိုး။ ကြည့် ရင်သိပါလိမ့်မယ်။ သူတို့က ဇာတ်ကိုနှစ်လုပ်နေကြတာလေ။ ကိုယ်တောင် ပြောစရာမလိုပါဘူး။ အကုန်လုံးကကောင်းနေတယ်။

ဝါဝါအောင်

ဖရဲသီးမော်ဒယ်လ် ဇာတ်ကားမှာ ကိုခန့်​(ခန့်စည်သူ) သရုပ်ဆောင်တာ တအားကောင်းတယ်။ သူလုပ်​သွားတဲ့ အိုက်တင်တွေက တကယ်​ပီပြင်တယ်။ ညီမတစ်ယောက်ကိုချစ်တဲ့ အစ်ကိုတစ်ယာက်ရဲ့အမူအရာတွေ၊ ကိုယ်တိုင်ကလည်း မသန်စွမ်း ဖြစ်နေတဲ့ သူ့ရဲ့သရုပ်ဆောင်မှုတွေက တကယ်​ပီပြင်​တယ်။ ကိုယ်တောင်​ဘေးကနေသူလုပ်တဲ့ အမူအရာတွေကို ကြည့်ရင်း မျက်ရည်ကျရတယ်။ ဒီရုပ်ရှင်​ဇာတ်ကားမှာ ကိုခန့် (ခန့်စည်သူ)ကို တကယ်​အကယ်ဒမီ ရစေချင်တယ်​။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*