မန္တလေးရောက်တိုင်း အဆောင်တွေကြားမှာ ဂစ်တာတီးသီချင်းဆိုခဲ့ရတဲ့ကာလကို လွမ်းမိတယ်ဆိုတဲ့ လေးဖြူ

မန္တလေးရောက်တိုင်း အဆောင်တွေကြားမှာ ဂစ်တာတီးသီချင်းဆိုခဲ့ရတဲ့ကာလကို လွမ်းမိတယ်ဆိုတဲ့ လေးဖြူ
January 7, 2019 Asian Fame
မန္တလေးရောက်တိုင်း အဆောင်တွေကြားမှာ ဂစ်တာတီးသီချင်းဆိုခဲ့ရတဲ့ကာလကို လွမ်းမိတယ်ဆိုတဲ့ လေးဖြူ

IRON CROSS Live in Mndalay Happy New Year Countdown 2019 ကို ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီမှ စတင်ပြီး ၂၀၁၉ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးပြောင်းချိန်ထိ မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းနှင့် Iron Cross အဖွဲ့သားများက သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

“မန္တလေး တက္ကသိုလ်မှာ ကျောင်းလာတက်တော့ တက္ကသိုလ်ထဲက အဆောင်တွေကြားမှာ ဂီတာတီးပြီး သီချင်းဆိုရတာ အခုထက်ထိ လွမ်းတသသ ရှိနေဆဲပါ။ မန္တလေးမြို့မှာ သီချင်းလာဆိုတိုင်း နွေးနွေးထွေးထွေး ခံစားရတယ်။ ကိုယ့်အိမ်ကို တစ်ခေါက်ပြန်လာရသလို ခံစားရတယ်” လို့ အဆိုတော် လေးဖြူက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအဖြစ် IRON CROSS Live In Mandalay Happy New Year Countdown 2019 ကို ကျင်းပတာဖြစ်ကြောင်း သိရှိရပါတယ်။

ချမ်းသာ

 

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*