လင်္ကာဒီပ ပြဇာတ်ရဲ့ ဝတ်စုံဒီဇိုင်း ဂယက်နဲ့ ဒီဇိုင်နာ ရှီလာရဲ့ ရှင်းပြမှု

လင်္ကာဒီပ ပြဇာတ်ရဲ့ ဝတ်စုံဒီဇိုင်း ဂယက်နဲ့ ဒီဇိုင်နာ ရှီလာရဲ့ ရှင်းပြမှု
December 27, 2018 Asian Fame
လင်္ကာဒီပ ပြဇာတ်ရဲ့ ဝတ်စုံဒီဇိုင်း ဂယက်နဲ့ ဒီဇိုင်နာ ရှီလာရဲ့ ရှင်းပြမှု

လင်္ကာဒီပချစ်သူပြဇာတ်ရဲ့ အဓိက သရုပ်ဆောင် ၇ ဦးရဲ့ အဝတ်အစားပိုင်းကို ဒီဇိုင်နာရှီလာက တာဝန် ယူချုပ် လုပ်စီစဉ်ပေးခဲ့ပါတယ်။ သူ့အနေနဲ့ ပွဲကဖို့ ၅ ရက်လောက်အလိုလောက်မှသာ ဝတ်စုံပိုင်းကို တာဝန် ယူရမယ်ဆိုတာ သိခဲ့ရခြင်းဖြစ်ပြီး အချိန်အလွန်နည်းပေမယ့်လည်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့ ပါတယ်လို့ သူကပြောပါတယ်။

”ဝတ်စုံတီထွင်တဲ့နေရာမှာ အခက်အခဲကတော့ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဝတ်စုံဒီဇိုင်း တီထွင် တဲ့နေရာမှာ ပုံသေမဟုတ်ပဲနဲ့ ဘောင်ခတ်ထားတာမျိုးမဟုတ်ဘူးဆိုရင် ပြဿနာမရှိဘူး။ အခုဟာက ဘောင် ခတ်ထားတဲ့အထဲကနေမှ ကျွန်တော်တို့လုပ်ရတာပါ။ ပြီးတော့ ဦးသီက သားတို့က ပြဇာတ်ကမှာ ဇာတ်တော် ကြီးကမှာမဟုတ်ဘူး။ အဲဒီ့တော့ ဘော်ကြယ်တွေလည်း မလိုချင်ဘူး၊ ဖဲတွေလည်းပြောင်ပြောင်တွေ မလိုချင်ဘူး ဆိုတဲ့အခါမှာ ကျွန်တော်တို့တွေက တအားကို ခက်ခဲပါတယ်။ ပြီးတော့ ရက်တိုတိုလေးအတွင်းမှာ ဒီလိုဒီဇိုင်း ဖြစ်လာဖို့၊ ထွက်လာဖို့ဆိုတာကလည်း မလွယ်ကူပါဘူး။ ဘာကြောင့်လည်းဆိုတော့ အခုဝတ်စုံတွေက အချိန် ပေးပြီး သေချာကိုကျကျနန လုပ်သလောက်ကို ကျွန်တော်လုပ်ထားတာပါ။ ဘာခက်ခဲလည်းဆိုတဲ့အခါမှာ ကျွန်တော်တို့မှာ လိုချင်တဲ့ပိတ်စ လို ချင်တဲ့အရောင်တွေကိုရဖို့ ကျွန်တ်ာတို့မှာ အခက်အခဲရှိပါတယ်။ ဒီမှာက တော့ ဇာတ်တော်တွေမှာ လိုက်ဖက်ညီတဲ့ပိတ်စသည် ကတ္တီပါသားသာလျှင် ပြီးပြည့်စုံတဲ့ပိတ်စလို ဖြစ်တာ ကြောင့် ဒါကိုပဲသုံးဖြစ်တယ်။ အဲဒီဟာလေးတွေကိုပဲ ပြောစရာကနည်းနည်းလေးဖြစ်နေတယ်။ ၅ ရက်အတွင်း မှာ ဘယ်လိုချုပ်ရမလဲဆိုတာ သိပ်ကိုခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲခက်ခဲနေပါစေ အဲဒီ ၅ ရက်အတွင်းမှာ ရအောင်လုပ်မယ်ဆိုပြီးတော့ ဒီဇိုင်းတွေ ဖန်တီးဖြစ်ခဲ့ပါတယ်။ လိုချင်တဲ့ ပစ္စည်းအခက်အခဲက ချက်ခြင်းမရပါ ဘူး။ အချိန်ကလည်း ရှာဖို့အချိန်လည်းမရှိတော့ဘူး” လို့ သူ့ရဲ့အခက်အခဲနဲ့ပတ်သက်လို့ ဒီဇိုင်နာရှီလာက ပြောပြပါတယ်။

ဒီဇိုင်နာရှီလာဆိုတာကတော့ ၁၄နှစ်သားအရွယ်ကတည်းက စက်ချုပ်တဲ့ပညာရပ်နဲ့ လုပ်ကိုင်ခဲ့ ပြီး ဒီဇိုင်နာလောကထဲကိုတော့ ၂ဝဝ၇ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ ကိုယ်ပိုင်ဒီဇိုင်းတွေကို တီထွင်ခဲ့ပြီး Miss now how2011eJY Miss Now How 2013 ပြိုင်ပွဲတွေမှာ ဒီဇိုင်နာ ဆုရ ရှိခဲ့ပါတယ်။ ထို့နောက်မှာတော့ Miss Goldenland Myanmarနဲ့လက်တွဲပြီးတော့ အလှမယ်တွေ အတွက် ဝတ်စုံဒီဇိုင်းများစီစဉ်ချုပ်လုပ်ပေးခဲ့ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*