မင်းကိုချစ်​လို့ဆိုတဲ့ သီချင်းလေးကို အားပေးကြလို့ သီချင်းတွေဖန်​တီးဖို့ အင်​အားတွေရခဲ့တယ်​မေ

မင်းကိုချစ်​လို့ဆိုတဲ့ သီချင်းလေးကို အားပေးကြလို့ သီချင်းတွေဖန်​တီးဖို့ အင်​အားတွေရခဲ့တယ်​မေ
December 27, 2018 Asian Fame
မင်းကိုချစ်​လို့ဆိုတဲ့ သီချင်းလေးကို အားပေးကြလို့ သီချင်းတွေဖန်​တီးဖို့ အင်​အားတွေရခဲ့တယ်​မေ

မေဆိုတာ အနုပညာလောကကို တစ်​ကျော့ပြန်​ ပြန်​လည်​ဝင်​ရောက်လာခဲ့ပြီး ပရိသတ်​တွေရဲ့ အားပေးမှုကို ထပ်​မံရရှိထားတဲ့ သရုပ်​ဆောင်​တစ်​ယောက်​ပါ။ မင်းကိုချစ်​လို့ဆိုတဲ့ သီချင်းဟောင်း လေးကို Version ပြောင်းပြီး ပြန်​လည်​သီဆိုထားကာ ပရိသတ်​တွေရဲ့ကြိုက်​ နှစ်​သက်အားပေး​မှုကို လည်း ရရှိထားသူဖြစ်​ပါတယ်​။ အဆိုပါသီချင်းလေးကို ပရိသတ်​တွေက အားပေးကျတဲ့အတွက်​လည်း တအားပျော်​မိတယ်​ဆိုတာကို မေက…

”မေက ဒီသီချင်းဟောင်းလေးကို တအားသဘောကျတယ်​။ ကြိုက်​လို့ဆိုပြီး တေးရေးဆရာဆီက မေဝယ်​လိုက်​တယ်​။ ကိုယ့်​ဖာသာကိုယ်​ Arrangement တွေလုပ်​တယ်။ လုပ်​ပြီးတော့ သဘောကျပြီးတော့ ပရိသတ်​တွေ လက်​ထဲ မြန်​မြန်​ရောက်​စေချင်​လို့ Online ပေါ်တင်​လိုက်​တယ်။ပရိသတ်​တွေက ထင်​မထားလောက်​အောင်​ အားပေးကျတယ်​။ သဘောကျကြတဲ့အတွက်​လည်း တအားပျော်​တယ်​။ သီချင်းတွေ ရှေ့ ဆက်​လုပ်​ဖို့အတွက်​လည်း အင်​အားတွေ အများကြီးရတယ်” လို့ ပြောပြခဲ့ပါတယ်​။ အနုပညာအလုပ်​ကို နားပြီး ပြန်​လုပ်​တဲ့ အချိန်​မှာ stress တွေ တအားများခဲ့တယ်​ဆိုတာကို ”မေ အနုပညာအလုပ်​ကို နားပြီးပြန်​လုပ်​တဲ့အချိန်​မှာ အခက်​အခဲတွေကတော့ တအားကို များခဲ့တယ်​။ တော်​တော်​လည်း ပင်​ပန်းခဲ့တယ်​။ ဘယ်​လို အခက်​အခဲတွေ၊ Stress တွေပဲ တွေ့တွေ့ မေကတော့ ခေါင်းထဲမှာ သိပ်​မထားဘူး။ ကိုယ်​လုပ်​စရာရှိတာ ကိုယ်​လုပ်​တယ်​။ ဖြေးဖြေးနဲ့ မှန်​မှန်​ပဲသွားတယ်​ ပရိသတ်​တွေက ကိုယ့်​ကိုယ်​ ပြန်​ပြီး ချစ်​ပေးတယ်​။ အားပေးတယ်​ အဲဒီအတွက်​လည်း ကျေးဇူး တင်​ပါတယ်​”လို့ မေက ပြောပြခဲ့ပါတယ်​။

”အခုလတ်​တလော ကျော်​ကျော်​ဗိုလ်​၊ အလင်းရောင်​တို့နဲ့ ပုံရိပ်​ဆိုတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ နည်း နည်းရိုးပြီး ကြောက်​တတ်​တဲ့ကောင်​မလေးတစ်​ယောက်​အနေနဲ့ ပါဝင်​သရုပ်​ဆောင်​နေတယ်​။အဝတ်​အစား ပိုင်းနဲ့ပတ်​သက်​ပြီး မြန်​မာဆန်​ဆန်​ Dress လေး တွေ ဝတ်​ဖြစ်​မယ်​။ ဒီ ရုပ်​ရှင်​ကားကြီးပြီးရင်​ နောက်​ထပ် ရုပ်​ရှင်​ကား​တစ်​ကား ထပ်​ရိုက်​ဖို့ရှိတယ်​။ ပြီးရင်​ TV ကြော်​ငြာလေး တွေ ရိုက်​မယ်​။ Show ပွဲတွေလည်း ဆိုဖို့ ရှိတယ်​” လို့ မေက ပြောပြပါ သေးတယ်​။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ- ဇော်​ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*