ရန်ကုန်သို့ တစ်ခေါက်(၂)

ရန်ကုန်သို့ တစ်ခေါက်(၂)
December 26, 2018 Asian Fame
ရန်ကုန်သို့ တစ်ခေါက်(၂)

ပန်းဆိုးတန်းမှာ
အ​ဟောင်း​တွေ​ ရောင်းတယ်​၊

ဗိုလ်​ချုပ်​​ဈေးမှာ
အသစ်​​တွေ ပြတယ်​၊

အမျိုးသားဇာတ်​ရုံမှာ
အရုပ်​​တွေ ‘က’ တယ်​၊

မြို့​တော်​ခန်းမမှာ
အိပ်​မက်​တစ်​ပုလင်းဝယ်​ရင်
ကွမ်းတစ်​ယာ လက်​​ဆောင်​ရတယ်​၊

ရွှေတိဂုံ​စေတီ​တော်​ ဖလားလုပွဲမှာ
အ​သေအ​ပျောက်​ရှိသတဲ့ ၊

တိရစ္ဆာန်​ရုံက တရားပွဲမှာ
ပဋိစ္စသမုပ္ပာဒ်​ကို
ပြောင်းပြန်​လှည့်​ပြသတဲ့၊

သက်​ငယ်​မုဒိမ်းမှုကို
Live လွှင့်​ဖို့ စီစဉ်​​နေတဲ့
အသံလွှင့်​ဌာနလည်း ရှိသတဲ့၊

တွေ့ ကြလား
အောင်​ဆန်းကွင်းအတွက်
ဘရင်းဂန်းထဲထည့်​ထားတဲ့
ကျည်​ဆယ့်​သုံး​တောင့်​၊

ဖြတ်​တင်​​ဘောကို
ရင်​ဘတ်​နဲ့ မတားမိတာ
မင်းသိပ်​ကံ​ကောင်းသွားတယ်
ရန်​ကုန်​​ရေ့….။

မိုး​ကျော်​​ဌေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*