မြို့သစ် ဘူတာလေး…

မြို့သစ် ဘူတာလေး…
December 26, 2018 Asian Fame
မြို့သစ် ဘူတာလေး…

မြည်​​သောရမ္မက်​များနဲ့
တိုင်​ပတ်​​နေ​သော ဘူတာ။

ဥသြဆွဲသံအရှည်​အလျားအတိုင်း
တန်​လန်းသိုင်းချည်​ထား​သော
ထမင်းချိုင့်​​စောင့်​​မျှော်​ခြင်း​တွေနဲ့
ပတ်​တီးလိပ်​လို
အထပ်​ထပ်ရစ်​ပတ်​​နေ​သော ဘူတာ။

ကြည်​နူးစဖွယ်​ …
ငယ်​မူငယ်​​သွေးတ​ဖွေးဖွးမှာ
လန်း​ပြေး​နေ​သော
ပန်းလွယ်​အိတ်​​လေးများ
ချိတ်​ဆင်​ထား​သော ဘူတာ။

အလှမှာ တရားမမဲ့ချင်​လို့ ငုံ့ကိုင်းရင်း
ဝင်​​လေ ထွက်​​လေ တရားကို 
ပွေ့ပိုက်​ခုံမင်​လွန်းရှာ​သော
တောမကျ
မြို့သစ်​က ဘူတာပျို​လေး …
သံလိုက်​ရထားကို 
ငေးလို့​ နေ​တော့တယ်​။

ငဇ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*