ကဗျာတစ်ပုဒ် ငွေတစ်ကျပ်

ကဗျာတစ်ပုဒ် ငွေတစ်ကျပ်
December 26, 2018 Asian Fame
ကဗျာတစ်ပုဒ် ငွေတစ်ကျပ်

ခေါင်းစဉ်ကိုကြည့်ပြီး’ကဗျာဆိုတာ ဈေးပေါလှချေလား’လို့တော့မတွေးနဲ့။ ငွေ ကြေးဖောင်းပွမှုနှုန်းကို သိကြတယ်မဟုတ် လား …။ လွန်ခဲ့တဲ့နှစ် ၄ဝ လောက်က သုံးကြောင်း ကဗျာတစ်ပုဒ်ကို စာမူခ ၁ဝ ကျပ်ရတယ်ဆိုတာ ကလောင်သစ်များအ တွက် တန်ရာတန်ကြေးပါပဲ။ ဆရာကြီး များတောင် ၁၅ ကျပ်ရခဲ့ကြပါတယ်။ ဒါ ကြောင့်လည်း သွားလေသူဆရာ ‘မောင် လေးအောင်’က ”ကဗျာတစ်ပုဒ်၊ ဆယ့် ငါးကျပ်၊ ငတ်ချင်ငတ်၊ ပြတ်ချင်ပြတ်”ဆိုပြီး ကဗျာဆရာမာနနဲ့ တစ်ပြည်လုံးတုန်သွား အောင် ကြုံးဝါးခဲ့တာပါပဲ။

ဟိုတစ်ချိန်ကဆိုရင် မဂ္ဂဇင်းမှာပါတဲ့ အဖြည့် ကဗျာတိုကလေးများအတွက် စာ မူခမပေးဘဲ စာအုပ်သာ လက်ဆောင်ပေး တဲ့ မဂ္ဂဇင်းတချို့ရှိခဲ့ဖူးပါတယ်။ ဆရာ့ ဆရာကဗျာပဂေးကြီးများတောင် ကဗျာအ တွက် စာမူခရတာနည်းလို့ ‘နာမည်ကြီး ထမင်းငတ်’တွေ ဖြစ်ခဲ့ကြတာ အပုံကြီးပဲ။ ပြောရရင်တော့ ကဗျာရေးသားဖွဲ့နွဲ့ခြင်း ဟာ ဘယ်တော့မှ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်  occupation တစ်ခုဖြစ် မနေ တာပါ။ ဒါတောင်မှပဲ တချို့က’ပစ္စည်း မဲ့မာန’နဲ့ (ငါကဗျာဆရာကွ)လို့ ကြွေးကြော် ရင်း ခပ်တည်တည်ကြီး ငတ်ပြတ်နေကြ တာတွေရှိပါတယ်။

ကျွန်တော်လည်း ကဗျာရေးပြီး စာ ပေနယ်ထဲ ရဲရဲဝင်လာခဲ့တာပဲ။ ဆင်ကန်း တောတိုးဝင်ခဲ့တာတော့မဟုတ်ဘူး။ ကဗျာ ရေးရာနဲ့ပတ်သက်ရင်(စု၊ တု၊ ပြု) အဆင့် တွေကို လေးနက်စူးစိုက်စွာ၊ တန်ဖိုးထား စွာနဲ့ ကျော်ဖြတ်ခဲ့တာလို့ ပြောရပေမပေါ့။

အမှန်အတိုင်းပြောရရင် ကဗျာဆရာ တစ်ယောက်ဖြစ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဘာကြောင့်လဲ …။ ‘ကဗျာဟူသည် ပညာ ရှိကဝိတို့၏ဥစ္စာ’ဆိုတဲ့ ဂနÄဝင်ထုံးကိုက နေ့အထိ ကျွန်တော်ဦးထိပ်ပန်ဆင်ထားလို့ ပါ။ ‘ပညာရှိကဝိ’ဆိုတာ ရှေးကတော့ ဧက ရာဇ်ဘုရင်တို့ရဲ့ အမြှောက်စားခံတွေပေါ့။ ကဗျုပဒေသလို့ခေါ်တဲ့ ကဗျာ့စည်းကမ်း တွေကိုချမှတ်လိုက် နာသူလည်းဖြစ်။ စည်း ကမ်းအတိုင်းလိုက်နာကြဖို့ နှိုးဆော်သူ လည်းဖြစ်၊ စည်းကမ်းချိုးဖောက်ရင် အဲ သည်ကဗျာဆရာကို ‘ဂိုဏ်းသင့်’တယ်ဆိုပြီး အပြစ်ပြောတဲ့ ကဗျာအာဏာပိုင်လည်း ဖြစ်ပေသပေါ့။

‘ကဗျုပဒေသတွေနဲ့ မချုပ်ချယ်နဲ့ကွ။ ငါ့ကဗျာကို ငါရေးချင်သလိုရေးမယ်”လို့ ပြောတဲ့သူဟာ လမ်းပေါ်ကိုယ်တုံးလုံး လျှောက်သွားပြီး နောက်ဆုံးဝိုင်းအဖမ်းခံရ၊ ရွာသာကြီး ဆေးရုံကိုအပို့ခံရသူလို ဖြစ် သွားပါလိမ့်မယ်။

ရှင်မဟာရဋ္ဌသာရ၊ နဝဒေကြီး၊ နတ် ရှင်နောင်တို့ရဲ့ ကဗျာတွေဟာ ကနေ့အထိ ရှင်သန်နေခြင်းဟာ သူ တို့ရဲ့ ကဗျာတွေမှာ တင်းကျပ်တဲ့ ကဗျာဖွဲ့ထုံးစည်းကမ်းတွေ ရှိနေကြလို့ပါ။ ကနေ့…စကားပြော လေနဲ့ ရေးနေကြတဲ့ ခေတ်ပေါ်ကဗျာတွေ ဟာ ဂန္တဝင်ကဗျာကြီးတွေလောက် သက် တမ်းရှည်မယ်မထင်ပါဘူး။ ရှင်းရှင်း က လေးပြောမယ်။ ကနေ့လူပုံအလယ်မှာ ခေတ်ပေါ်ကဗျာတွေ ကို ရွတ်နေကြတယ်။ ရှေးရတုတစ် ပုဒ်၊ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုး ကြီးတစ်ပုဒ်ကို သံနေသံထားနဲ့ ရွတ်ဆိုတာလောက် နားမစွဲပါဘူး။ နားစွဲ တယ်ဆိုတာ ရင်ဘတ်ကိုလာမှန်တာပါပဲဗျ။

ဥပမာတစ်ခုပြောမယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ နာမည်ကျော်’နှင်းဆီပန်း’ ဒွေးချိုးကဗျာကို ကာရံဂရုမစိုက်ဘဲ ခေတ် ပေါ်ဟန်နဲ့ ဖျက်ရေးကြည့်ပါ။ ဘယ်လိုဖြစ် သွားမလဲ။ အနည်းဆုံးတော့ အယ်ဒီတာရဲ့ အမှိုက်ခြင်းထဲရောက်သွားမှာ သေချာ တယ်။

”ကြူးနှစ်ဟာ ကဗျာဆရာလည်း မ ဟုတ်ဘဲနဲ့ ကဗျာအကြောင်းတွေလျှောက် အာနေတယ်။ သောက်ပေါပဲ”လို့တော့ မေး မငေါ့ကြပါနဲ့ ကြူးနှစ်ဟာ ကဗျာသမား ဘဝနဲ့ စာပေခရီးကို စတင်ခဲ့တာပါ။ ဖတ် ဖူးသူတွေရှိပါတယ်။ အခု post-modern လို့ ခေါ်နေကြတဲ့ ကဗျာမျိုးကို ကြူးနှစ်က ၁၉၇၅ လောက်ကတည်းက ရေးနေခဲ့ပါပြီ။ ကြူးနှစ်မှာ ပြည်တွင်းပြည်ပမြင်ဆရာတွေ ကလည်း အများသား ကိုးဗျ။

နောက်တော့…ကြူးနှစ်စဉ်းစား တယ်။ ”စာပေနဲ့ အသက်မွေးမယ်ဆိုရင် ကဗျာကိုတော့အားမကိုးနဲ့။ ပိန်လိမ်ငတ် ပြတ်ခြောက်ကပ်သွားမယ်။ စကားပြေနဲ့ အသက်မွေးမှသာ အူစိုမယ်”ဆိုပြီး ကြူးနှစ် စကားပြေလိုင်းပြောင်းခဲ့တာပါပဲ။ စကား ပြေလိုင်းပြောင်းလိုက်တော့မှပဲ။ ထမင်း ရက်ချန်၊ ရေရက်မှန်ဖြစ်သွားပေတော့ သဗျို့။ စာပေထွန်းကားဖွံ့ဖြိုးတဲ့နိုင်ငံကြီး မှာ လူလာဖြစ်ရပေသကိုး။ မြန်မာနိုင်ငံမှာ သည်ကနေ့အထိအရောင်းရဆုံး ဘနျအ-ျနူနမ ဟာ’ဝံသာနုဦးပျိုင်နဲ့သမီးများ’ စာ ပေက ထုတ်ဝေတဲ့ မြန်မာသင်ပုန်းကြီးဖတ် စာအုပ်ပါတဲ့။ ဒါကြောင့်လည်း မြန်မာတွေ ‘ကကြီးခွကွေး’ကောင်းကောင်းတတ်ကြ တာပေါ့ဗျာ။ ကြူးနှစ်လည်း သင်ပုန်းကြီးကို ကျောက်သင်ပုံး၊ ကျောက်တံနဲ့ သင်ယူခဲ့ ရသူပါ။

ကဗျာဆရာမဖြစ်ခဲ့ရတာကို ဝမ်းမ နည်းပါဘူး။ ဘာကြောင့်လဲဆိုရင် ‘ကဗျာ ကို တန်ဖိုးထားယုံကြည်လွန်းလို့ပါ’။ ကဗျာ ဆရာဆိုတာ ပါရမီပါမှဖြစ်တာ။ ရှေးက သံချိုကိုင်လက် တမ်းကဗျာဆရာကြီး ‘မောင်းထောင် ဦးကျော်လှ’အကြောင်း တို့တိတို့တိဖတ်ဖူးတယ်။ တစ်ခါမတော့ ဦးကျော်လှ၊ ဇော်ဂျီနဲ့မင်းသုဝဏ်တို့ရဲ့ သံချို ၃ ပုဒ်ကိုယှဉ်ပြီး ကာရံအချိတ်အဆက် အနည်းအများကိုတွက်ပြထားတဲ့ စာတမ်း တစ်ပုဒ်ဖတ်ဖူးတယ်။ ဦးကျော်လှရဲ့ သံချို ကဗျာမှာ ကာရံအများဆုံးတွေ့ရတယ်။ ဇော် ဂျီနဲ့ မင်းသုဝဏ်တို့ဟာ ခေတ်ပညာတတ် ကြီးတွေပါ။ မောင်းထောင်ဦးကျော်လှက ဘုန်းကြီးကျောင်းထွက် ဘာဘွဲ့ဒီဂရီမှ မရှိ တဲ့ရုပ်သေးကြိုးဆွဲဆရာ။ သို့သော် ဦးကျော် လှက ပါရမီရှင်ဖြစ်နေတာကြောင့် သူ့ပါး စပ်ကနေ ကာရံတွေအလိုအလျောက် စီရ ရီထွက်ကျလာကြတယ်။ ပါရမီရှင်ဆိုတာ ဘုရားဖန်တီးထားတဲ့ အနုပညာရှင်ပဲ။ ကြူးနှစ်ဟာ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင် မဟုတ်မှန်းသိတဲ့အတွက် ကဗျာမရေးတော့ ဘဲ နောက်ဆုတ်နေလိုက်တာ။ သို့သော် …ကဗျာကိုတော့ လက်လှမ်းမီသ လောက် ခံစားကြည့်နေတာပဲ။ ကိုယ် ကိုယ်တိုင်ခေတ်ပေါ် ကဗျာတချို့ရေးခဲ့ ပေမယ့် အခုချိန်မှာ ခေတ်ပေါ်ကဗျာတော် တော်များများကို ခံစားလို့မရ၊ ခံတွင်း မတွေ့ဘူးဖြစ်နေတယ်။

သည်လိုဖြစ်နေတာကလည်းကြာပါ ပြီ။ လွန်ခဲ့တဲ့နှစ် ၃ဝ လောက်ကပေါ့။ စန္ဒရားချစ်ဆွေ၊ ကိုတင်လှိုင်၊ ကိုသန်းလှိုင် သီချင်းတွေသိပ်ကြိုက်တဲ့ ကြေးရတတ်တစ် ယောက်က ငတ်နေတဲ့ ကြူးနှစ်ကိုခေါ်ပြီး အရက်တိုက်ထမင်းကျွေးပါတယ်။ သူ့အ ကြိုက်ဆုံးကဗျာဆရာတွေက မောင်သင်း ခိုင်၊ မောင်ခိုင်မာ၊ မောင်စွမ်းရည်တို့ပဲ။ သူက ကြူးနှစ်ကိုမေးတယ်။

”မြန်မာပြည်မှာ ဘယ်ကဗျာ ဆရာကို အကြိုက်ဆုံးလဲ”တဲ့။

ကြူးနှစ်ကလည်း အမှန်အတိုင်း ဖြေ ချလိုက်တယ်။

”စလေဦးပုည…ကို ကျုပ်အကြိုက် ဆုံးပဲ။ ကျုပ်သေတဲ့အထိ ကြိုက်သွားမှာပဲ”

”ဘာ …စလေဦးပုညဟုတ်လား ဟုတ်လား…အလကားသောက်ရူး စာ ရေးဆရာ …သွားတော့ဗျာ သွားတော့”

ကဗျာဆရာစလေဦးပုညကို ကြိုက် နှစ်သက်မှုကြောင့် ကြူးနှစ်ခမျာ ခွေး မောင်းသလို မောင်းအချခံခဲ့ရဖူးကြောင်း ပါ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*