လူသားနဲ့ပတ်သက်တဲ့ အခွင့်အရေးမှန်သမျှ တန်းတူရှိသင့်တယ်

လူသားနဲ့ပတ်သက်တဲ့ အခွင့်အရေးမှန်သမျှ တန်းတူရှိသင့်တယ်
December 19, 2018 Asian Fame
လူသားနဲ့ပတ်သက်တဲ့ အခွင့်အရေးမှန်သမျှ တန်းတူရှိသင့်တယ်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဒီဇင်ဘာ လ ၉ရက် ညနေ ၄နာရီမှ ည ၈နာရီ အထိ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်၊ မန္တလာသီရိ အားကစားကွင်း၌ ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ‘လူ့အခွင့်အရေးအတွက် ရပ်တည်ကြ (Stand Up For Human Right)’ ခေါင်းစဉ်ဖြင့် တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး၊ မစုပုံချစ်၊ အဆိုတော်စောဖိုးခွား၊ ဦးရဲထွဋ်၊ စောချစ်သက်ထွန်းတို့၏ စကားဝိုင်း အစီအစဉ်၊ ဖျော်ဖြေရေးအစီအစဉ်၊ ဥာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး အဖြေမှန်သူတွေကို လက်ဆောင်ပေးမည့် အစီအစဉ်များ၊ ပျော်ရွှင်ဖွယ် ဂိမ်းကစားခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

”ကျွန်တော့အနေနဲ့ လူ့အခွင့် အရေးဆိုတာကို ပြောရရင် လူသား တိုင်းနဲ့ဆိုင်တဲ့ အခွင့်အရေးဖြစ်တယ်။ လူသားတစ်ယောက် လောကကြီးထဲကို ဝင်လာပြီ ဆိုကတည်းက သူ့အတွက် အခွင့်အရေးဆိုတာရှိရမယ်။ ကျွန်တော်တို့သည် လူသားနဲ့ ပတ်သက်တဲ့ အခွင့်အရေးမှန်သမျှ တန်းတူရှိသင့်တယ်။ နိုင်ငံ၊ လူမျိုး၊ ဘာသာမခွဲခြားပဲ တန်းတူ လူသားတိုင်း အကုန်လုံးအတွက်ရှိထားတဲ့ အခွင့်အရေးလို့ မြင်ပါတယ်”လို့ အဆိုတော် စောဖိုးခွားက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါတယ်။

ချမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*