ရွာညရီချစ်ဦးသူ…

ရွာညရီချစ်ဦးသူ…
December 18, 2018 Asian Fame
ရွာညရီချစ်ဦးသူ…

နေမှည့်မှည့်ကြီးက
ကန်ဘောင်ရိုးအောက် ထိုးကျ
နွားငေါက်သံ
ချောင်းဟန့်သံ
ခွေးအူသံ
ကလေးငိုသံ
အိမ်ရှေ့ မြေတလင်းမှာ
မိသားစုထမင်းဝိုင်းတဲ့
ထမင်းဖြူဖြူပေါ်
လရောင်ဆမ်းပြီး လွေးနေကြပုံများ။

ဒွေးလေးတို့
ဂျီး( ကြီး )တော်တို့
အချို့ဂင်္ဂါ
အချို့ အသောက
ဟိုအပျိုမလေး
ပရိုဖိုင်း(ဏမသ်ငူန)ချိန်းဖို့
သနပ်ခါးသွေးနေ
ဘေလ်ဝယ်ရတာ မလွယ်ဘူး
အိန္ဒိယဇာတ်လမ်းကောင်းကြည့်ဖို့
ဇစေပေ ကောင်းကောင်းလို
လူငယ်တွေ။

အမယ်အိုကြီး
တစ်ယောက်တည်းပဲ ငုတ်တုပ်
ရှေးရှေးစကားပြောဖို့ရာ
ရှေးရှေးလူတွေကိုသာ မျှော်နေရ
အဘကြီးလည်း
စင်္ကာပူပြန်
မြေးလက်ဆောင်ပေးထားတဲ့
ပုတီးကို ပန်ကာပေါ်တင်လို့။

ရွာအုပ်ချုပ်ရေးမှူး
ရွာရေးရပ်ရေး လုပ်ဖို့
ဖေ့စ်ဘွတ်ခ်ပေါ် စသျအ တင်ပြီး လူစုနေ
နိုင်ငံကျော်ဆရာတော် တရားပွဲမှာ
ရေစက်ချပြီးတဲ့အခါ
လိုက်ခ်တွေ ကောမန့်တွေ တဖွားဖွား
အသံချဲ့စက်က အေးရေကင်းသံကြောင့်
အိပ်ရေးဆတ်တဲ့ငှက်တွေ ထပြန်။

ညဥ့်နက်ပြီ
ဘယ်တော့မှ လျှပ်စစ်ခလုတ်တွေ
မပိတ်ဘူး
ကီးကြောင်နေတဲ့ ကြက်အို ထတွန်မှ
ထွန်ရေးပြင်ကြ
အရုဏ်ချီ
တစ်ရေးလေးမှေးရဖို့
ရွာကလေးဟာ တစ်ညလုံးငို ။

ချစ်ဦးသူ ( လက်ပုကန် )

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*