ကြည့်ပြီး ရှုံးသွားတာမျိုး မဖြစ်စေရပါဘူးလို့ ဖိုးချစ်အာမခံလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း

ကြည့်ပြီး ရှုံးသွားတာမျိုး မဖြစ်စေရပါဘူးလို့ ဖိုးချစ်အာမခံလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း
December 17, 2018 Asian Fame
ကြည့်ပြီး ရှုံးသွားတာမျိုး မဖြစ်စေရပါဘူးလို့ ဖိုးချစ်အာမခံလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း

နောင်တွင်ဥဒါန်းတွင်စေသ တည်း ရုပ်ရှင်ဇာတ်ကားမှာ မြို့ရွှေ မန်းသားဖိုးချစ်က ဒေါက်တာမြတ် ကောင်းအဖြစ် ဇာတ်ရုပ်ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ သူက ဆရာဝန်ဇာတ်ရုပ်အတွက်ကိုတော့ သေချာစွာလေ့လာ ပြင်ဆင်ပြီးမှ သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကောင်စရိုက်ရဲ့ ခံစားမှုကိုသူ့ အနေနဲ့ ဘယ်လိုကြိုးစားပြီး သြသိ သွင်းခဲ့လဲဆိုတာကိုတော့….

”ဆရာဝန်တစ်ယောက်တကယ် ခံစားရတဲ့ပုံစံအတိုင်းဖြစ်အောင် တော့ တွေးတာပေါ့လေ။ အဲဒီ Mood ရောက်မရောက်ကတော့ ဇာတ်ကားကြည့်ပြီးမှပဲ ပရိသတ်သိ မှာပါ” လို့ ဖိုးချစ်ကပြောပြပါတယ်။ သူကအရင် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေမှာသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်တွေနဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်းမှာ သရုပ်ဆောင်ရတဲ့ဇာတ်ရုပ်က ကွာခြားမှုရှိပါတယ်။

သို့ပေမယ့်လည်းရုပ်ရှင်မှာသာဇာတ်ရုပ်အရ ကွာခြား မှုရှိပေမယ့်လည်း ပြဇာတ်တွေမှာ တော့ ဇာတ်ရုပ်ပေါင်းစုံသရုပ် ဆောင်နေရတဲ့အတွက် အစိမ်းသက် သက်ကြီးဖြစ်နေတဲ့ဇာတ်ရုပ်မျိုးတော့ မဟုတ်ပါဘူးလို့ သူကဆက်ပြောပြ ပါတယ်။ မြို့ရွှေမန်းသားဖိုးချစ်က သူ့အနေနဲ့ ဆရာဖြစ်သူမြို့တော် မောင်ယဉ်အောင်ရဲ့ အော်ပရာတွေ ပြဇာတ်တွေကပြရင်းနဲ့ ဘဝစခဲ့ရတာ ဖြစ်တဲ့အတွက် အခုလိုဆရာရိုက် ကူးတဲ့ ရုပ်ရှင်ကားကြီး ပါဝင်ရိုက် ကူးရတဲ့အတွက်လည်းပီတိဖြစ်ရပြီး ဆရာမြို့တော်မောင်ယဉ်အောင်ဖန်တီးတဲ့အနုပညာတိုင်းမှာ ပါချင်ပါ တယ်လို့ သူကပြောပါတယ်။ ဇာတ် မင်းသားတွေ ရုပ်ရှင်မှာသရုပ် ဆောင်ကျတဲ့အခါမှာ ဇာတ်သံမ ဖျောက်နိုင်ဘူးဆိုပြီးလည်း အရင် တုန်းကဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဖိုးချစ်ကတော့ ဒီရုပ်ရှင်ကားကြီးမှာ ဆရာဝန်တစ်ယောက်ရဲ့ ဂရုဏာ စိတ်နဲ့ တည်ငြိမ်လှတဲ့ လေသံမျိုးကို ရရှိအောင် ပြောဆိုသရုပ်ဆောင်ခဲ့ နိုင်ပါတယ်။ ဒီအပေါ်သူ့ရဲ့ပြင်ဆင် မှုနဲ့ ပတ်သက်လို့လည်း….

”အစောကြီးကတည်းက ဇာတ် မင်းသားမို့လို့ ဇာတ်သံပါမယ်လို့ မြင် တာလည်းဖြစ်နိုင်ပါတယ်။ ဒါမှမ ဟုတ်တကယ်ပါတာလည်း ဖြစ်နိုင်ပါ တယ်။ ဒီမှာကတော့ ဆရာဝန်တစ် ယောက်ဆိုတော့ စကားပြောတဲ့ follow သေချာပြင်ဆင်ခဲ့တယ်။စကားလုံးတိုင်းကို ပီသအောင်ရယ် သရုပ်ဆောင်မှုဖြစ်အောင်ရယ်ပေါ့။ ကျွန်တော်တာဝန် ယူရတဲ့ကာရိုက် တာ အပိုင်းမှာတော့ အတတ်နိုင် ဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ကြည့်ပြီးတော့ဝေဖန်ပေးပါ။ ရုံထဲ မှာကြည့်ပြီးသွားတဲ့ ပရိသတ်ကတော့ ကျေနပ်မှုတစ်ခုရကို ရသွားလိမ့်မယ် လို့ ပြောရဲပါတယ်။ ကျွန်တော်ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်” လို့ ပြောပါတယ်။ နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားမှာ လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့ တန်ဖိုးတစ်ခု သေချာပေါက်ရပါလိမ့်မယ်လို့ ပြော ရဲပြီးကြည့်ပြီးတော့ ရှုံးသွားတာ မဖြစ်စေရပါဘူးလို့ ဖိုးချစ်က ပြော ခဲ့ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*