မုန်းစွဲ ဇာတ်ကားနဲ့ ပရိသတ်ပေးတဲ့ အကယ်ဒမီကို ရရှိထားတဲ့ ကျော်ကျော်ဗို

မုန်းစွဲ ဇာတ်ကားနဲ့ ပရိသတ်ပေးတဲ့ အကယ်ဒမီကို ရရှိထားတဲ့ ကျော်ကျော်ဗို
December 12, 2018 Asian Fame
မုန်းစွဲ ဇာတ်ကားနဲ့ ပရိသတ်ပေးတဲ့ အကယ်ဒမီကို ရရှိထားတဲ့ ကျော်ကျော်ဗို

နိုင်ငံကျော် မင်းသားငါးလက် ကလူရွှင်တော်အဖြစ်ကပြဖျော်ဖြေတဲ့ နှင်းဆီ အငြိမ့်ကတော့ မကြာခင်မှာ ရန်ပုံငွေပွဲတစ်ခု ကပြဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ ရန်ပုံငွေပွဲတစ်ခု ကပြဖျော်ဖြေဖို့စီစဉ်နေကြောင်းကို နှင်းဆီ အဖွဲဝင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ကျော်ကျော်ဗိုက် ခုလိုပြောပြခဲ့ပါတယ်။

“ နှင်းဆီ ရန်ပုံငွေ ပွဲတစ်ပွဲကဖို့ရှိပါတယ်။ ရက်ကတော့ မသေချာသေးပါဘူး။ ရှေ့လဆန်းလောက်ဖြစ်ရင်လည်ဖြစ်မှာပါ။ ရက်ညှဉ်းနေကြပါတယ်။ နှစ်ဆီက မကဖြစ်တာလည် တစ်နှစ်လောက်ရှိပြီဆိုတော့ ခုပြန်ကရင် အသစ်အဆန်လေးနည်းနည်းတော့ဖြစ်မှာပေါ့။ ကျွန်တော်တို့လည် ရယ်ချင်တယ်။ ရယ်ချင်တယ်ဆိုတာက ပရိသတ်တွေကိုလည်ရယ်အောင်လုပ်သလို ကျွန်တော်တို့လည်ရယ်ချင်တာလေ။ ပရိသတ်တွေအတွက် အသစ်အဆန်းဆန်းနဲ့ ပျော်စရာကောင်းတဲ့ပွဲလေးဖြစ်အောင်ကြိုးစားနေပါတယ်။ခု စတိုက်တေနေတဲ့အချိန်မှာတောင်တော်တော်လေးရယ်နေရပါတယ်။  ပျက်လုံးလေးတွေကိုတော့ မတူရအောင် အားလုံးစုပေါင်းပြီး ကြိုးစားနေကြပါတယ်။ “ လို့ပြောပြခဲ့ပါတယ်။

သူကတော့ လက်ရှိမှာရုံတင်ပြသလျက်ရှိတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားမှာလည်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင် မူတွေကြောင့်ပရိသတ်တွေပေးတဲ့ အကယ်ဒမီကိုရရှိခဲ့ပြီဖြစ်ပါတယ်။ သူရဲ့ခံစားမူကိုလည် လက်ဆက်မေးမြန်းခဲ့ရာ…

“ ပရိသတ်တွေရဲ့ မေတ္တာနဲ့ပေးထားတဲ့ ထူးချွန်မူတစ်ခုကတော့ ရပြီသွားပြီပေါ့နော်။ ဒီကားမှာကျွန်တော်လည် ကိုယ်ကိုယ်  ကိုယ်တော်တော်လေးကျေနပ်တယ်။ အနုပညာအရ လုပ်ပိုင်ခွင့်ရတဲ့အတိုင်းအတာထဲမှာ ကျွန်တော် ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်လုပ်နိုင်ခဲ့တယ်လို့ယုံကြည်တယ်။ ကျွန်တ်ာယုံကြည်မူနဲ့  ပရိသတ်ရဲ့တုန့်ပြန်မူက တစ်ထပ်တည်ကျတဲ့အတွက်လည် အားရပါတယ်။ ပီတိဖြစ်ပါတယ်။ ကိုယ်ကိုယ်ကိုယ် လည် ဂုဏ်ယူပါတယ်။ ဒီကားကတော့ အကယ်ဒမီပေးရင် တော်တော်များများရကြမယ်လို့ထင်ပါတယ်။ ပြီးတော့ ဒီကားက ၂၀၁၈ ထဲမှာတော်တော်လေးထူးထူးခြားခြားဖြစ်သွာတဲ့ကားလည်ဖြစ်ပါတယ်။ ပရိသတ်အားပေးမူကလည်ကောင်းတယ်။ ဖန်းထားတာလည်တောက်တောက်ပြောင်ပြောင်လေးဖြစ်တယ်။ အဲ့တာကြောင်းလည် ဒီကားက အကယ်ဒမီတော်တော်များများရကြမယ်လို့ထင်ပါတယ်။” လို့လည်ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*