ကောင်လေးဆီ မဖြစ်မနေပို့ရမယ့် တနင်္ဂနွေ…

ကောင်လေးဆီ မဖြစ်မနေပို့ရမယ့် တနင်္ဂနွေ…
December 11, 2018 Asian Fame
ကောင်လေးဆီ မဖြစ်မနေပို့ရမယ့် တနင်္ဂနွေ…

ဒီမှာကောင်လေးရယ် . . .
ဒါဟာ င့ါရဲ့တနင်္ဂနွေများပါပဲကွယ်။
ကိုယ်ကောင်းစေဖို့
နောက်ထပ် ခေါင်းမရွေ့အောင်
ကြိုးစားနေတဲ့ တနင်္ဂနွေများအကြောင်း။
ကြယ်တွေစုံတဲ့ ညဆိုတာလည်း
လောကဓံအမှောင်နောက်ခံလေးနဲ့မှ
ပြည့်စုံတာမျိုး။
ဆိုလိုတာက
ငါ့နောက်ကျောပေါ်က လောကဓံနဲ့
ဖြစ်ထွန်းစေမယ့် တနင်္ဂနွေတေးသွားကို
မင်းသီဖို့ ပို့လိုက်မယ့်အကြောင်း
ပြီးတော့
အတိတ်ကအစပ်အဟပ်ကြောင့်
မင်းတို့ငါတို့ ငြိတွယ်ရတဲ့အကြောင်း။
မင်းမသိသေးတဲ့
လောကမာယာတွေအကြောင်း
မင်းတို့ခေတ်မှာ
မင်းသံသယဝင်လာနိုင်တဲ့
မေတ္တာတရားတွေအကြောင်း
မိသားစုတန်ဖိုးဟာ
အဆုံးအစမရှိဘူးဆိုတဲ့အကြောင်း
ဟိုတုန်းက အတုန်းအရုံး လဲကျခဲ့တဲ့
တာဝန်မကျေသေးတဲ့
လှေနံခါးထစ်
င့ါရဲ့တနင်္ဂနွေများကို
မင်း မမုန်းမိစေဖို့အကြောင်း
ငါတို့တစ်နှစ်တာရဲ့ ၃၆ဝ များဟာ
ခမ်းနားတဲ့ တနင်္ဂနွေပေါင်း
၃၆ဝသာ ဖြစ်ရမယ့်အကြောင်း။
ဟုတ်တယ်
ဒါဟာ မင်းဆီ မဖြစ်မနေပို့ရမယ့်
တနင်္ဂနွေများပေါ့။
ဘာပဲဖြစ်ဖြစ် ကောင်လေးရယ်
နောင်များကျတော့
တနင်္ဂနွေနေ့တိုင်း
ကိုယ်တို့လေ
မေတ္တာတွေလက်ဆုံ စားကြတာပေါ့
ညစာစားပွဲဟာ
တနင်္ဂနွေများနဲ့မြူးလို့။

ဘုန်းပြည့်ကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*