သူငယ်ချင်းဖြစ်သူ ရသ ကို သတိရပါတယ်ဆိုတဲ့ ဟစ် ဟော့ပ်အဆို တော်ကြက်ဖ

သူငယ်ချင်းဖြစ်သူ ရသ ကို သတိရပါတယ်ဆိုတဲ့ ဟစ် ဟော့ပ်အဆို တော်ကြက်ဖ
December 4, 2018 Asian Fame
သူငယ်ချင်းဖြစ်သူ ရသ ကို သတိရပါတယ်ဆိုတဲ့ ဟစ် ဟော့ပ်အဆို တော်ကြက်ဖ


သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘တစ်ယောက်တည်းတိုက်တဲ့တိုက်ပွဲ အမှတ်တရ ရှိုးလုပ်ဖြစ်တုန်းက ကြက်ဖကိုမေးဖြစ်ခဲ့တာပါ။ ဒီလိုမျိုးမြန်မာပြည်ဟစ်ဟော့ပ်ရဲ့ ဒုတိယမျိုး ဆက်သူငယ်ချင်းတွေဆုံကြတဲ့အခါ ရသကိုသတိရမိလားလို့ ကြက်ဖကိုမေးတော့…’ သတိရတာပေါ့။ အမြဲတမ်းပြောဖြစ်တုန်းပါ။ ပွဲအကြောင်းတွေ ပြောဖြစ်တိုင်းသတိရတာပေါ့’လို့ သူကပြောပါတယ်။

ကြက်ဖဆိုတာ တစ်ကိုယ်တော် အခွေမထွက်ဘဲ တစ်နိုင်ငံလုံးသိကြတဲ့၊ အားပေးကြတဲ့ အဆိုတော်ထဲမှာပါတယ်။ သူ့သီချင်းတွေထွက်ရှိထားတာ တစ်ကိုယ်တော်အခွေတစ်ခွေစာထက် တောင်များသေးတယ်။ ပေါက်လည်းပေါက်ခဲ့တယ်။ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်အခွေထွက် လာတဲ့ခံစားချက်က…

‘ပုံမှန်ခံစားချက်ဆိုလို့ရှိရင်တော့ ဒါဟာပထမဦးဆုံး အခွေဖြစ်တဲ့အတွက် ရင်ခုန်တာပေါ့နော်။ နည်းနည်းပိုပြီးတော့ ထူးထူးဆန်းဆန်းခံစားရတာဆိုလို့ရှိရင် ပြောင်းသွားတဲ့အယူအဆတွေ၊ အတွေး အခေါ်တွေ၊ ပြီးရင် အလေ့အကျင့်တွေပေါ့။ အရင်တုန်းကနဲ့ မတူတော့တဲ့ အပိုင်းတွေကို ဒီအခွေထဲ မှာ ဖန်တီးထားတော့ အဲဒီခံစားချက်တွေနဲ့ နည်းနည်းထပ်တူကျပါ့မလားပေါ့။ အဲဒါလေးကိုတော့ မျှော်လင့်ပါတယ်”လို့ ကြက်ဖက ပြောပါတယ်။

”တစ်ယောက်တည်းတိုက်တဲ့တိုက်ပွဲ”ဆိုပြီးနာမည်ပေးဖြစ်သွားပုံက ”ဘဝဆိုတာ တိုက်ပွဲပေါ့နော်။ လူတိုင်းသုံးနေကျပါ။ အဲဒါကိုမှ နည်းနည်းလေးထပ်ပြီးတော့ တင်စားလိုက်ရရင်တော့ တိုက်ပွဲတွေထဲ မှာမှ တစ်ယောက်တည်းပဲ တိုက်လို့ရတဲ့တိုက်ပွဲပေါ့။ အဲဒါလေးကို တင်စားထားတာပါ”လို့ ကြက်ဖက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*