ဖက်ရှင်ဒီဇိုင်းကို အမြဲတမ်း လေ့လာဖြစ်တယ်ဆိုတဲ့ မော်ဒယ်လ်နွယ်နွယ်ထွန်း

ဖက်ရှင်ဒီဇိုင်းကို အမြဲတမ်း လေ့လာဖြစ်တယ်ဆိုတဲ့ မော်ဒယ်လ်နွယ်နွယ်ထွန်း
December 4, 2018 Asian Fame
ဖက်ရှင်ဒီဇိုင်းကို အမြဲတမ်း လေ့လာဖြစ်တယ်ဆိုတဲ့ မော်ဒယ်လ်နွယ်နွယ်ထွန်း

အနုပညာထဲကို Photo Model တစ်ယောက်အနေနဲ့ ဝင်လာခဲ့ပြီး ပရိသတ်အားပေးမှုတွေ ရရှိလာခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် နွယ်နွယ်ထွန်းကတော့ လတ်တလောမှာ ဓာတ်ပုံတွေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ Photo Model အနေနဲ့ပဲ ရပ်တည်သွားဖို့ ရှိပြီး သရုပ်ဆောင်ဘက်ကိုတော့ ပြောင်းဖို့ အစီအစဉ်မရှိဘူးလို့ နွယ်နွယ်ထွန်းက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ညီမ Photo Model တစ်ယောက်အနေနဲ့ပဲ အနုပညာလောကမှာ ရပ်တည်ချင်ပါတယ်။ တခြားသရုပ်ဆောင်တာတို့ ဘာတို့ လုပ်ဖို့ အစီအစဉ်မရှိဘူး။ ညီမကို ကမ်းလှမ်းတဲ့သူတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ရတာကို ညီမ ဝါသနာမပါဘူး။ သရုပ်ဆောင်ရတာလည်း ညီမအနေနဲ့ ခက်ခဲတယ်။ ခက်ခဲတယ်ဆိုတာကလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့က မလွယ်ဘူးလေ။ အိုက်တင်တွေကျင့်ရ၊ စာသားတွေ ကျက်ရနဲ့ ညီမအတွက်တော့ ခက်ခဲမယ်ထင်တယ် (ရယ်လျက်)။ အဲဒါကြောင့် အနုပညာအလုပ်တွေတော့ လုပ်တယ်။ ဒါပေမဲ့ Photo Model ပဲ လုပ်ဖြစ်တာပါ။ ညီမက ဓာတ်ပုံတွေ ရိုက်ရတာ ဝါသနာပါတယ်။ ဓာတ်ပုံရိုက်ရင် အိုက်တင်တွေက ပေးတတ်တယ်။ တခြားအချိန်မှာဆို အိုက်တင်က မထွက်တော့ဘူး။ အဲဒီလိုမျိုး ဖြစ်နေတော့ ကိုယ့်အနေနဲ့လည်း သုံးသပ်ကြည့်မယ်ဆိုရင် Photo Model က ကိုယ်နဲ့ အလိုက်ဖက်ဆုံးလို့ ထင်တယ်။ ဒါကြောင့် သရုပ်ဆောင်ဘက်ကိုတော့ ဦးတည်ပြီး မသွားသေးဘဲ Photo Model တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားချင်ပါတယ်။ အားပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ နွယ်နွယ်ထွန်းက ပြောပါတယ်။

Photo Model တစ်ယောက်အတွက် ဖက်ရှင်ပိုင်းက ဘယ်လောက်အရေးကြီးလဲလို့ မေးကြည့်တဲ့အခါမှာတော့ …

“ဖက်ရှင်ကတော့ အကုန်လုံးအတွက် အရေးကြီးတယ်လို့ ထင်ပါတယ်။ အနုပညာရှင်မှ မဟုတ်ဘူး။ ကျန်တဲ့ မိန်းကလေးတွေအတွက်လည်း ဖက်ရှင်က အရေးကြီးတယ်လို့ မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်မှာ အဝတ်အစားက အဓိကပဲလေ။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ဖက်ရှင်ပိုင်းက အရေးကြီးတယ်။ လူတစ်ယောက်က ကိုယ်ဝတ်လိုက်တဲ့ အင်္ကျီ ဟာ တန်ဖိုးမရှိပေမယ့်လည်း သူဝတ်တာက လိုက်ဖက်နေရင် ဖက်ရှင်ကျနေမှာပဲလေ။ ညီမတို့လည်း အင်္ကျီကို Brand ရှိရှိ၊ မရှိရှိ လိုက်ဖက်နေအောင် ဝတ်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ပြီးတော့ ညီမက ဖက်ရှင်ကို တအား လေ့လာတယ်။ အင်စတာဂရမ်ကနေလည်း လေ့လာတယ်။ တခြား အနုပညာရှင်တွေဆီကလည်း လေ့လာဖြစ်တယ်။ အခုက ဆောင်းတွင်းလည်း ရောက်ပြီဆိုတော့ ဆောင်းတွင်းဖက်ရှင်ကိုတော့ ညီမက အနွေးထည်ကို လှလှလေး ဝတ်ရတာ သဘောကျတယ်။ အနွေးထည်နဲ့ ဂျင်းဘောင်းဘီအရှည်လေးနဲ့ အဲဒီလိုမျိုးလေး ဝတ်ရတာ သဘောကျမိတယ်” လို့ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး နွယ်နွယ်ထွန်းက ဝေမျှခဲ့ပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*