ဖက်ရှင်ကျလှပစေဖို့ အနုပညာရှင်တွေရဲ့ အကြံပြုစကားများ

ဖက်ရှင်ကျလှပစေဖို့ အနုပညာရှင်တွေရဲ့ အကြံပြုစကားများ
December 4, 2018 Asian Fame
ဖက်ရှင်ကျလှပစေဖို့ အနုပညာရှင်တွေရဲ့ အကြံပြုစကားများ

ဖက်ရှင်ကျဖို့ဆိုတာ အနုပညာရှင်တွေမှမဟုတ်ဘဲ သာမန်လူတွေအတွက်လည်း လိုအပ်လှပါတယ်။ Brandတွေဝတ်မှ ဖက်ရှင်ကျလှပတာမျိုး မဟုဝတ်ဘဲ ကိုယ့်နဲ့သင့်တော်လိုက်ဖက်တဲ့အင်္ကျီမျိုးကို ဝတ်ဆင်တတ်တာကလည်း ဖက်ရှင်ကျလှပစေဖို့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အနုပညာရှင်တွေအနေနဲ့လည်း ဖက်ရှင်ကျလှပစေဖို့အတွက် အမြဲဂရုတစိုက်နဲ့လုပ်ဆောင်ကြလေ့ရှိပါတယ်။ Role Modelလို့ သတ်မှတ်ခြင်းခံထား ရတဲ့သူတို့တွေရဲ့ဖက်ရှင်တွေကိုလည်း ပရိသတ်တွေအားလုံးက စောင့်ကြည့်ပြီး လေ့လာကြလေ့လည်းရှိပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တွေအနေနဲ့ ဖက်ရှင်နဲ့ပတ်သက်လို့ သူတို့တွေဘယ်လိုလေ့လာလဲ၊ ဘယ်လိုဝတ်ဆင်လဲဆိုတာကို သိရဖို့ အနုပညာရှင်တချို့ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

ဝါဆိုမိုးဦး

ဝါဆိုက လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး Fashion လေးတွေကို သဘောကျတယ်။ လူငယ်ဆန်ဆန်လေးနဲ့ လှလှပပလေးတွေကို တအားကြိုက်တယ်။ Fashion ပိုင်းနဲ့ပတ်သက်ရင် ဝါဆို Internet ကနေကြည့်တယ်။ လေ့လာတယ်။ ဘယ်လိုအရာတွေ ခေတ်စားနေတယ်၊ ဘယ်လိုဝတ်ရင် ပရိသတ်တွေ ပိုပြီးသဘောကျကြတယ်ဆိုတာကို ဝါဆိုအမြဲတမ်း လေ့လာတယ်။ ပရိသတ်တွေကလည်း ဝါဆိုကို ဘယ်လိုပုံစံမျိုးလေးနဲ့ ပိုလိုက်ဖက်တယ်လို့ပြောရင် ဝါဆိုနားထောင်တယ်။ သူတို့ အကြံပေးသလိုလည်း ဝါဆိုဝတ်ဖြစ်တယ်။ လူတိုင်းက ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ် အစားပုံစံမျိုးလေးကို ဝတ်ဆင်နိုင်ရင် အကုန်လုံးက Fashion ကျတယ်လို့ ဝါဆိုမြင်ပါတယ်။

သန္တာဗိုလ်

ညီမက Fashion ပိုင်းနဲ့ ပတ်သက်ပြီး အကုန်လုံးကို လေ့လာဖြစ်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း မော်ဒယ်တစ်ယောက် ဖြစ်တဲ့အတွက် Fashion ကျအောင်အမြဲတမ်း စဉ်းစားပြီး ဝတ်ဆင်ဖြစ်တယ်။ ညီမက အရပ်ရှည်တော့ Fashion နဲ့ ပတ်သက်ရင် အဝတ်အစားတွေ ရွေးချယ်ပြီး ဝတ်ဆင်ရတယ်။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ ပုံစံမျိုး ဖြစ်မှာစိုးလို့။ နိုင်ငံခြားက မော်ဒယ်လ်တွေကိုလည်း လေ့လာဖြစ်တယ်။ ညီမရဲ့ အမြင်အရတော့ လူတိုင်းမှာ Fashion တစ်မျိုးစီ ရှိတယ်လို့ မြင်မိပါတယ်။

ရွှေပိုးအိမ်

အခု ရွှေပိုးက ဆောင်းရာသီမှာခရီးတွေဆက်တိုက်ထွက်ဖြစ်နေတယ်။ တောင်ကြီး၊ အင်းလေးဘက်ကိုရွှေပိုးသွားဖြစ်နေတယ်၊ ရွှေပိုး အဲဒီနေရာတွေက ထွက်တဲ့ဒေသထွက် အင်္ကျီလေးတွေ၊ ထဘီလေးတွေကို ရွှေပိုးသဘော ကျတယ်။ အဲဒါတွေကလည်း ဒေသထွက် Fashion တစ်ခုလို့ ရွှေပိုးမြင်တယ်။ ရွှေပိုးက နည်းနည်းပြည့်တော့ အဝတ်အစားပိုင်း၊ Fashion ပိုင်းနဲ့ပတ်သက်ရင် ရွှေပိုးကို မြန်မာဝတ်စုံလေးတွေနဲ့ ပိုလိုက်တယ်လို့ ပရိသတ်တွေက ပြောကြတယ်။ ရွှေပိုးက မြန်မာပြည်က ဒီဇိုင်နာတွေကိုရော၊ နိုင်ငံခြားက ဒီဇိုင်နာတွေကိုရော အကုန်လုံး လေ့လာဖြစ်တယ်။ Fashion ဆိုတာ အချိန်နဲ့ အမျှပြောင်းလဲနေတာ ဖြစ်တဲ့အတွက် အမြဲတမ်း လေ့လာနေမှ အဆင်ပြေမယ်လို့ ရွှေပိုးမြင်တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*