ဇာတ်ဝင် တေးခုနစ်ပုဒ်ပါဝင်မယ့် ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကား

ဇာတ်ဝင် တေးခုနစ်ပုဒ်ပါဝင်မယ့် ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကား
December 3, 2018 Asian Fame
ဇာတ်ဝင် တေးခုနစ်ပုဒ်ပါဝင်မယ့် ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကား


ဒီဇင်ဘာ၂၁ရက်နေ့မှာရုံတင် တော့မယ့် ”နောင်တွင်ဥဒါန်းတွင်စေ သတည်း”ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဝင်တေးသီချင်းအားလုံး ၇ပုဒ် ပါဝင်ပါတယ်။ ဇာတ်ကားအတွက် လိုအပ်တဲ့ ဇာတ်ဝင်တေးသီချင်းတွေ ကို တေးရေးဆရာကြီးများထံမှာ အပ် နှံရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဒါ ကြောင့်လည်း ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်တဲ့သူတိုင်းက ဇာတ်ဝင်တေး သီချင်းတွေကိုလည်း ခံစားနား ဆင် ရမှာဖြစ်ပြီး ဇာတ်ကားကိုကြည့် ရှုပြီးလည်း ပရိသတ်တွေအနေနဲ့ ရင် ထဲတမြေ့မြေ့ ကျန်ရစ်ခဲ့ရမှာပဲဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာတော့ ရန်အောင်၊ ရဲအောင်၊ ဖိုးချစ်၊ အလင်း ရောင်၊ မိုးဒီ၊ ထွန်းအိန္ဒြာဗို၊ အေးမြတ် သူ၊ ရတနာဗိုတို့နဲ့အတူ သရုပ် ဆောင်ပေါင်းများစွာက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။ ဒါ့အပြင် အကယ်ဒမီလူမင်းကလည်း ဧည် သည်သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။ ဒါရိုက်တာကတော့ အကယ်ဒမီ မြို့တော် မောင်ယဉ်အောင်ပဲဖြစ်ပြီး ”ကိုးဆယ်ဆသာလိမ့်မယ်” ရုပ်ရှင် ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိထားခဲ့တဲ့ဒါရိုက်တာတစ်ဦးပဲဖြစ်ပါတယ်။

”ဒီရုပ်ရှင်ဇာတ်ကားက လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က မန္တလေးဆေးတက္ကသိုလ် မှာပြဇာတ်အဖြစ်ကပြခဲ့တာကို ရုပ် ရှင်အဖြစ်ပြန်လည်ဇာတ်ညွန်းရေး သားက ရိုက်ကူးပုံဖော်ထားတာပဲဖြစ် ပါတယ်။ ဒီထဲမှာက ဆရာဝန်တစ် ယောက်ရဲ့သစ္စာတင်မဟုတ်ဘူးပေါ့ ဗျာ။ နိုင်ငံအတွက် လူမှုဘဝတွေ အတွက်ပါ တကယ်လိုအပ်တာလေး တွေကိုတို့က နန်းဆိတ်ကနန်းလေး တွေပါတယ်။ ကိုယ်သိသလောက် လေးတွေထည့်ထားတာပါ။ သရုပ် ဆောင်တွေအားလုံးက လည်းကြိုးစား ထားကြတယ်။ ကျွန်တော်ကျေနပ် တယ်”လို့ ရုပ်ရှင်နဲ့ပတ်သက်လို့ ဒါ ရိုက်တာမြို့တော် မောင်ယဉ်အောင် ကပြောပြပါတယ်။

”နောင်တွင်ဥဒါန်းတွင် စေသ တည်း”ရုပ်ရှင်ဇာတ်ကားက ရုပ်ရှင် ချစ်ပရိသတ်တွေအတွက် ရသတစ် မျိုးပေးစွမ်းစေမှာဖြစ်သလို ရုပ်ရှင် လောကအတွက်လည်း ဒရာမာဇာတ် ကားကောင်းတစ်ကောင်းအဖြစ် မှတ်တမ်းဝင်စေတော့မှာပဲဖြစ်ပါ တယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*