သူငယ်ချင်း ဇနီးမောင်နှံတွေကို အားကျပေမယ့် လက်တွေ့တော့ အကောင်အထည် မဖော်နိုင်သေးဘူး ဆိုတဲ့ ဟန်ဇာမိုးဝင်း

သူငယ်ချင်း ဇနီးမောင်နှံတွေကို အားကျပေမယ့် လက်တွေ့တော့ အကောင်အထည် မဖော်နိုင်သေးဘူး ဆိုတဲ့ ဟန်ဇာမိုးဝင်း
November 30, 2018 Asian Fame
သူငယ်ချင်း ဇနီးမောင်နှံတွေကို အားကျပေမယ့် လက်တွေ့တော့ အကောင်အထည် မဖော်နိုင်သေးဘူး ဆိုတဲ့ ဟန်ဇာမိုးဝင်း

စံပြသဘင်ရဲ့ မင်းသား ဟန်ဇာမိုးဝင်းကတော့ အိမ်ထောင်ပြုဖို့ အရွယ်ရောက်ရှိပြီ ဖြစ်ပေမယ့်လည်း မိသားစုနဲ့ အဖွဲ့သားတွေ၊ ပရိသတ်တွေကို ငဲ့နေရတဲ့အတွက် အိမ်ထောင်မပြုဖြစ်သေးတာတွေလည်း ပါပါတယ်။ သူ့ရဲ့ ချစ်သူကလည်း သူ့ကိုနားလည်မှုတွေ အပြည့်အဝ ပေးထားပြီး ဇာတ်အဖွဲ့ကို ဦးစီးနေရတဲ့ အချိန်မအားလပ်ရအောင် ဖြစ်နေရတဲ့ အခါမှာ ချစ်သူရဲ့ နားလည်ပေးမှုတွေကလည်း သူ့အတွက် ခွန်အားတွေ ဖြစ်စေပါတယ်လို့ ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။

“ကွန်တော်က တစ်ချိန်လုံး အဖွဲ့သားတွေနဲ့ နေတာများတယ်။ အဖွဲ့သားတွေနဲ့ တစ်ချိန်လုံး စကားတွေ ပြောနေတာ။ အဖွဲ့သားတွေနဲ့ စကားပြောပြီး တော့မှသာ သူနဲ့ စကားပြောဖြစ်ရင် ပြောဖြစ်တာ။ အဲ့ဒါမျိုးကို နားလည်ပေးလို့ အဆင်ပြေတာလေ။ နားလည်မပေးဘဲ သူကလည်း သူ့အဖွဲ့သားတွေပဲ တစ်ချိန်လုံးပဲ ဦးစားပေးနေတာပဲဆိုတဲ့ စကားတွေ ဖြစ်လာရင် မကောင်းဘူး။ သူက အဲ့ဒါမျိုး မရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း တစ်ခုခု လုပ်မယ်ဆိုရင် တိုင်ပင်ကြတယ်။ ရန်လည်း မဖြစ်ကြဘူး။ အေးအေး ဆေးဆေးလေးပါပဲ။” လို့ အချစ်ရေးနဲ့ ပတ်သက်လို့ ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။ အနုပညာ လောကထဲမှာလည်း သူအားကျရတဲ့ အိမ်ထောင်ရှင် စုံတွဲတွေရှိပြီး သူတို့တွေကတေ့ Rဇာနည်တို့ စုံတွဲ၊ လင်းလင်းတို့ စုံတွဲ၊ ကျားပေါက်တို့ စုံတွဲတို့ကို အားကျရတယ်” လို့ ပြောပြပါတယ်။

“ကျွန်တော် အားကျပါနယ်။ ဒါပေမယ့် လက်တွေ့တော့ အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော့်လို လက်တွေ့ အကောင်အထည် မဖော်နိုင်တဲ့ လူပျိုကြီး ရှိတယ်လေ။ (ရယ်လျက်)။ သူလည်း သူ့အလုပ်နဲ့သူ မအားဘူးလေ။ ကျွန်တော်လည်း တစ်ချိန်တော့ ဖြစ်လာမှာပါ။ အချိန် မကျသေးတာလည်း ပါတာပေါ့နော်။ မင်္ဂလာဆောင်တယ် ဆိုတာက အချိန်ကျတာ စောသွားတဲ့ လူတွေလည်း ရှိသလို ကျွန်တော်တို့ကျတော့ အချိန်နောက်ကျနေတာနဲ့ တူတယ်(ရယ်လျက်)” လို့ အိမ်တောင်ပြုဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ ဟန်ဇ်ာမိုးဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*