ကိုယ်ဝန်ရှိစဉ်က အကြောင်းတွေကို အမှတ်တရ ပြန်လည်ပြောပြတဲ့ ယွန်းဝတီလွင်မိုး

ကိုယ်ဝန်ရှိစဉ်က အကြောင်းတွေကို အမှတ်တရ ပြန်လည်ပြောပြတဲ့ ယွန်းဝတီလွင်မိုး
November 27, 2018 Asian Fame
ကိုယ်ဝန်ရှိစဉ်က အကြောင်းတွေကို အမှတ်တရ ပြန်လည်ပြောပြတဲ့ ယွန်းဝတီလွင်မိုး

ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးကတော့ မြန်မာနိုင်ငံကို သူ့ရဲ့သားလေးနဲ့အတူရောက်ရှိနေပြီး အနုပညာအလုပ်တွေ လုပ်နေတယ်လို့ သိရပါတယ်။ သားလေးနဲ့ အတူ ပျော်ရွှင်စရာ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ ယွန်းဝတီလွင်မိုးက သားလေးကို ကိုယ်ဝန်ဆောင်ခဲ့စဉ်က အကြောင်းတွေကို အခုလိုပဲ အမှတ်တရ ပြောပြခဲ့ပါတယ်။

”ညီမ ဒီကလေးကို ကိုယ်ဝန်ရနေပြီဆိုတာ သိတုန်းက လေးပတ် ရှိပြီပေါ့နော်။ ညီမ သြစတေးလျမှာ ကတည်းက အာထရာဆောင်း ရိုက်ခဲ့တယ်။ ရိုက်တော့ နှလုံးခုန်တာတောင် မတွေ့ရသေးဘူး။ ကိုယ်ဝန်ရှိတာပဲ သိရသေးတယ်။ ပြီးတော့ ရန်ကုန် ပြန်လာတယ်။ ဘန်ကောက်မှာ အာထရာဆောင်း ထပ်ရိုက်တယ်။ အဲဒီ အချိန်မှာ ကိုယ်ဝန်က ငါးပတ်ရှိ သွားပြီ။ ညီမ ဒီကိုယ်ဝန် လွယ်ထား စတုန်းက တအားကြောက်တယ်။ ညီမရဲ့ အမျိုးသားကလည်း ပြောတယ်။ ဒီကလေးက ပြဿနာ မဟုတ်ဘူးနော်တဲ့။ ဒါက ညီမတို့ရဲ့ မိသားစု ပေါ့နော်ဆိုပြီး သူက အဲဒီလို ပြောတယ်။ အဲဒီအချိန်မှာ ညီမတို့ နှစ်ယောက်က စေ့လည်း စေ့စပ်ပြီးပြီ။ ဘာမှမဖြစ်ဘူး။ ဒီကလေး မွေးလို့ရတယ်ပေါ့။ မိဘတွေကလည်း အကုန် သိပြီးပြီဆိုတော့ ဘာမှ စိတ်ပူစရာ မရှိဘူးဆိုပြီး ပြောတယ်။ အဲဒီတော့ ညီမ ရန်ကုန် ပြန်လာတယ်။ မေမေ တို့ကို ပြောပြတယ်။ မေမေတို့ကလည်း မွေးမယ်ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့တယ်” လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ သားလေးကို ရအောင်မွေးခဲ့တယ် ဆိုတာကိုလည်း . . . ‘ညီမ ကျောင်း ပြန်တက်တယ်။ ညီမ ကျောင်းကို ကိုယ်ဝန် ၆လနဲ့ သွားတယ်။ ညီမ စိတ်ထဲမှာ သားလေးမွေးဖို့ကိုပဲ အားတင်းထားတာ။ အဲဒီအချိန်မှာ ညီမကို ဝေဖန်ကြတယ်။ ဝေဖန်တဲ့ သူတွေကိုလည်း ဂရုမစိုက်ဘဲ ညီမ သားလေးကို ရအောင်မွေးခဲ့တယ်။ အခု သားလေးက တအားချစ်ဖို့ ကောင်းတယ်။ တအားလည်း လိမ္မာတယ်။ ပြီးတော့ သားလေးက ဖေဖေနဲ့ရော၊ အမျိုးသားနဲ့ရော တူတယ်။ စိတ်ဓာတ်ကတော့ ညီမနဲ့ တူတာပေါ့ (ရယ်လျက်)။ ညီမက ၂လပိုင်း ကျောင်းပြန်သွားတက်ရမယ်ဆိုတော့ သားလေးကို ထားခဲ့ရမှာ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့လည်း ညီမ သားလေးအနားမှာ ရှိတဲ့အချိန်မှာ တအားဂရုစိုက်ပြီး သားလေးကို စောင့်ရှောက်နေရတဲ့အတွက် တအားကြည်နူးမိတယ်’ လို့ ယွန်းဝတီ လွင်မိုးက ပြောပြခဲ့ပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*