ရှိုးပွဲစီစဉ်ကြသူတို့ရဲ့ စကားသံများ . . .

ရှိုးပွဲစီစဉ်ကြသူတို့ရဲ့ စကားသံများ . . .
November 19, 2018 Asian Fame
ရှိုးပွဲစီစဉ်ကြသူတို့ရဲ့ စကားသံများ . . .


ဒီနှစ်ထဲမှာတော့ ရန်ကုန်မှာ အဆိုတော်တွေအနေနဲ့ တစ်ကိုယ် တော် ဖျော်ဖြေပွဲတွေ အများဆုံးလုပ် ကြတဲ့နှစ်လည်းဖြစ်ပါတယ်။ နယ်တွေ မှာတော့ အဖွဲ့လိုက်ဖျော်ဖြေပွဲတွေ များတာကိုလည်း တွေ့ရပါတယ်။ ဒီဇင်ဘာလထဲမှာဆိုရင်လည်း ရွှေစင် Event Creation က Dagon Charity Music Tour 2018 ကို တောင်ကုတ်၊ လွိုင်ကော်၊ ဘားအံတို့ မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ Music Tour မှာတော့ ဇော်ဝင်းထွဋ်၊ ဝေလ၊ ဖြိုးပြည့်စုံ၊ ဖြူဖြူကျော်သိန်း၊ ဂျုဝယ်လ်၊ မေလေးတို့က ဖျော်ဖြေကြ မှာပဲဖြစ်ပါတယ်။

ရွှေစင် Event Creation အနေ နဲ့ ဖျော်ဖြေပွဲတွေ စီစဉ်လာခဲ့တာကြာ ခဲ့ပြီဖြစ်ပြီး စီစဉ်တဲ့ပွဲတိုင်းလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ဆက် လက်ပြီးလည်း ဖျော်ဖြေပွဲတွေ တောက်လျှောက် စီစဉ်ဖို့ ရှိနေပါ တယ်။ ရွှေစင် Event Creation အနေနဲ့ ဖျော်ဖြေပွဲတွေစီစဉ်တဲ့အခါ မှာ ပရိသတ်တွေ အားလုံးကို ကြည့် ရှုနိုင်မယ့် လက်မှတ်ဈေးနှုန်းကို ရောင်းချပေးလေ့ရှိပါတယ်။ ဒီ အကြောင်းနဲ့ပတ်သက်ပြီးလည်း ရွှေ စင်မှ ကိုအီကြာကွေးက ”ကျွန်တော် တို့အနေနဲ့ ဖျော်ဖြေပွဲကိုတည်ရင် ဘယ် လောက်ဖြစ်သင့်လဲဆိုတာတော့ အရင်ဆုံးစဉ်းစားရတာပေါ့။ အားလုံး လည်း အဆင်ပြေပြေဖြစ်မယ့် ဈေး နှုန်းလေးတစ်ခုကို အမြဲတမ်းရှေးရှု ပါတယ်”လို့ ပြောပါတယ်။

ဖျော်ဖြေပွဲတွေ စီစဉ်တဲ့အခါမှာ လည်း ရန်ကုန်ပွဲနဲ့ နယ်ပွဲစီစဉ်ရတဲ့ အခါမှာ ကွာခြားမှုတွေရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ် သက်ပြီးလည်း သူက …

”နယ် ကတော့ လုံခြုံရေးလုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာမဆိုဖြစ် သွားနိုင်တယ်လေ။ ဟိုနေ့ကလည်း နတ်တလင်းမှာ အဲဒီလိုဖြစ်ကြတယ် ပေါ့။ စိတ်လည်း မကောင်းပါဘူး။ မဖြစ်သင့်တာတော့ အမှန်ပဲပေါ့။ ဒါပေမဲ့လည်း ဖြစ်သွားခဲ့တာပေါ့နော်။ ဖြစ်သွားခဲ့တော့ အဲဒီအပေါ်မှာ နည်းနည်းလေး ပိုပြီးတော့ ဂရုစိုက် ရတာပေါ့။ ပွဲတစ်ပွဲလုပ်မယ်ဆိုရင် လုံခြုံရေးကဏ္ဍက ထည့်ကို စဉ်းစားရ တဲ့ကိစ္စပါ”လို့ ရွှေစင်မှ ကိုစိုးနိုင်ထွန်း က ပြောပြပါတယ်။

ရွှေစင်အနေနဲ့လည်း ပွဲတစ်ပွဲ လုပ်ပြီဆိုတာနဲ့ လုံခြုံရေးပိုင်းကို အလေးထား အာရုံစိုက်လေ့ရှိတယ် လို့ သိရပါတယ်။ ရန်ကုန် ဖျော်ဖြေပွဲ အနေနဲ့ကတော့ အနီးစပ်ဆုံး ပြောရ ရင် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ် မယ့် ဆေးပေါင်းခတဲ့ ရန်ကုန်ဖျော်ဖြေ ပွဲပဲဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ Stella Seven Entertainment Group က ပြုလုပ်တာပဲဖြစ်ပါတယ်။Stella Seven Entertainment ရဲ့ ပထမ ဆုံးပြုလုပ်တဲ့ပွဲပဲဖြစ်ပြီး အကောင်း ဆုံးဖြစ်အောင်ပြုလုပ်ထား တယ်လို့လည်း သိရပါတယ်။


”ဒီပွဲကို စီစဉ်ဖြစ်တာက Stella Seven Entertainment က ဦးညီ ထွဋ်ရဲ့ အမာခံပရိသတ်တွေ ဖြစ်ပါ တယ်။ ပြီးတော့ ဦးညီထွဋ်နဲ့အတူတူ ပါဝင်သီဆိုဖျော်ဖြေမယ့် ဦးရင်ဂို ကို စည်သူလွင် Big Bag ကိုအီတိုးတို့ အားလုံးရဲ့လည်း fan တွေဖြစ်ပါ တယ်။ ဒီအတွက်ကြောင့်လည်း ကျွန် မတို့အနေနဲ့ ဒီပွဲလေးကို စီစဉ်တာ ပါ။ ဦးညီထွဋ်နဲ့က လူချင်းလည်း ရင်းနှီးပါတယ်။ ဒီ့အတွက်အနုပညာကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အကျိုး အမြတ်ကိုမကြည့်ဘဲနဲ့ ဒီပွဲကို စီစဉ် ဖြစ်တာပါ။ အဓိကတော့ ဆေးပေါင်း ခတဲ့ ရန်ကုန်ညမှာ ပရိသတ်တွေနဲ့ အတူတူ သီချင်းဆိုပြီးတော့ ကျော် ဖြတ်ချင်ပါတယ်။ ပရိသတ်တွေအားလုံးကိုလည်းပျော်စေချင်ပါတယ်”လို့ ပွဲနဲ့ ပတ်သက်ပြီး Stella မှာ တာဝန် ရှိသူတစ်ဦးကပြောပြပါတယ်။

Stella အနေနဲ့ နောက်ပိုင်းမှာလည်းMusic Show တွေကို ပြုလုပ်သွားဦးမှာ ဖြစ် တယ်လို့ သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*