အိမ်ထောင်သည်ဘဝအနှစ်သာရ

အိမ်ထောင်သည်ဘဝအနှစ်သာရ
November 14, 2018 Asian Fame
အိမ်ထောင်သည်ဘဝအနှစ်သာရ

တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်၊ သစ္စာဖက်ကာ နားလည်မှုကိုယ်စီထားလို့ ငြိမ်းချမ်းပျော်ရွှင်ဖွယ် မိသားစု အိမ်ကလေး ပုံဖော်ဖန်တီးနေကြတာ အိမ်ထောင်သည်ဘဝပါပဲ။ အိမ်ထောင်ဦးစီးဖြစ်သူ လင်ယောက်ျားနဲ့ အိမ်ထောင့်တာဝန် ယူရသူဇနီးတို့ဟာ မိမိတို့ လူမှုဘဝအောင်မြင်ရေး အတွက် သားသမီးများပြုစုပျိုးထောင်ရေးရော အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စတို့ကိုပါ ကိုယ်စီ စွမ်းဆောင်ကြရပေမယ့်လည်း ငြိမ်းချမ်းပျော်ရွှင်စရာ ကောင်းဖွယ် မိသားစုအိမ်ကလေး တည်ကြစေဖို့ အဓိကကျတဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ အပြန်အလှန်နားလည်မှုတွေ ထားကြရပါတယ်။ ဒါကြောင့် အိမ်ထောင်သည် အနုပညာ ရှင်တို့ရဲ့ နှစ်ကိုယ်တူဘဝတစ်ခု မိသားစုတစ်ခု ကို ချစ်ခြင်းမေတ္တာနားလည်မှုရှိစွာ တည်ဆောက် ခဲ့ကြပုံစကားသံတွေစုစည်း ဖော်ပြလိုက်ပါတယ်။

ထွန်းအိန္ဒြာဗို

ကျွန်မတို့အိမ်ထောင်သက်နှစ် ၂ဝ ပြည့်ပါတော့မယ်။ သူကသည်းခံတဲ့အတွက် အရာရာ အဆင်ပြေပါတယ်။ မိသားစုဆိုတဲ့ သဘောမျိုးကလည်း ဘဝတစ်လျှောက် ဒီလူနဲ့ဒီလူ အတူတူသွားကြမယ်။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းဖက်ပြီးရလာတဲ့ သားသမီးတွေနဲ့ ဘယ်လိုထိန်း ကျာင်းပြီးသွားမယ်ဆိုတဲ့ အိုင်ဒီယာကျတော့ တခြားသူငယ်ချင်းတွေ အပေါ်မှာထားတဲ့ အိုင်ဒီယာနဲ့တော့ မတူဘူးပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းဖက်ကြတယ်ဆိုတာ နှစ်ဖက်စလုံးရဲ့ အရည်အချင်း လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နားလည်မှုတွေနဲ့ပဲ ရှေ့ဆက်ရမှာပါ။

မယ်လိုဒီ

သူနဲ့မျိုးက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေရှိကြတယ်။ ယုံကြည်မှုတွေရှိကြတယ်။ အဲဒီအတွက် အဆင်ပြေတယ်။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ကို နားလည်တယ်။ ကိုယ့်ကိုသည်းခံတယ်ဆိုရင် ပိုတိုးပြီးချစ်လာတယ်။ လေးစားမှုတွေ ဖြစ်လာတယ်။ ချစ်တာကတော့ တိုးတာလျော့တာ မရှိတတ်ဘူးလားလို့လေ။ သံယောဇဉ်လည်း ပိုရှိလာတယ်။ ပိုလည်းနားလည်လာတယ်။ မျိုးကကျတော့ တအားအားကိုးတတ်တယ်။ အားကိုးတတ်တဲ့ အချိန်ကျတော့ တချို့စာရိုက်တဲ့ သေးသေးလေးတွေတောင်မှ ခါတိုင်းဆို ကိုယ့်ဘာသာအားစိုက်ပေမယ့် နောက်ပိုင်းသူကလည်း ကိုယ့်ကိုအနွံအတာခံတယ်။ အဲဒီအတွက်လည်း အေးချမ်းတယ်။

တင်မောင် ဆန်းမင်းဝင်း

ကျွန်တော့်အမျိုးသမီးရဲ့ ပံ့ပိုးမှုတွေလည်း အများကြီးပါပါတယ်။ အဲဒီအတွက်လည်း ပီတိဖြစ်မိတယ်။ သြော် ငါ့အတွက်လုပ်ပေးနေတာပါ လားဆိုတဲ့ အရသာလေးကိုရသွားတယ်။ အိမ်ထောင်ရေးတစ်ခုကို ကိုယ်လည်းမကွဲချင်သလို သူလည်းမကွဲချင်ဘူး။ ဘယ်အိမ်ထောင်ရေးမှ ကွဲချင်ကြမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အဓိကလူကပရိသတ်ဆိုတာ သူသိသွားတဲ့အခါကျတော့ အဆင်ပြေသွားပါတယ်။ သူကျွန်တော့်ကို နားလည်သွားပါတယ်။ ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲ။ သူနဲ့ကျွန်တော်နဲ့မတည့်ရင်နေပါစေ ဒီအိမ်ထောင်ရေးက အဆင်ပြေတယ်။

Rဇာနည်

ကျွန်တော်တို့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေရတော့ သဘောကျတယ်။ ကြည်နူးမိတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ပဲ ရှေ့ဆက်တယ်။ ဝမ်းဆိုကျွန်တော့်ကို တော်တော်နားလည်ပေးတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ အိမ်ထောင် တစ်ခုတည်မြဲဖို့ နားလည်မှုက အဲဓိကပါ။ နားလည်မှုတွေရှိမှ ရှေ့ဆက်ရမယ့်လမ်းတွေ အဆင်ပြေချောမွေ့မှာပါ။ အဲဒီအတွက်လည်း အမြဲတမ်း လင်မယားနှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ ရှေ့ဆက်နေတယ်။ ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်ထားပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*