Miss World 2018 ပြိုင်ပွဲမှာ အလှမယ် ဟန်တီ ဆုတွေ သိမ်းပိုက်လာနိုင်မလား

Miss World 2018 ပြိုင်ပွဲမှာ အလှမယ် ဟန်တီ ဆုတွေ သိမ်းပိုက်လာနိုင်မလား
November 8, 2018 Asian Fame
Miss World 2018 ပြိုင်ပွဲမှာ အလှမယ် ဟန်တီ ဆုတွေ သိမ်းပိုက်လာနိုင်မလား

Miss Myanmar World 2018 အလှမယ်ဟန်တီဟာ Miss World 2018 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုဝင်ဘာ ၉ ရက်နေ့ မှာ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ Sanya သို့ သွားရောက်တော့မှာဖြစ်ပါတယ်။ ဟန်တီအနေနဲ့ ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ SCA Academy မှ Training များ၊ Personality Training များကိုလည်း ဘန်ကောက်မှာ သွားရောက် သင်ယူခဲ့ပါတယ်။ Talent ပိုင်းမှာလည်း အဆိုနဲ့ ယှဉ်ပြိုင်မှာဖြစ်သလို Dances of the World ပြိုင်ပွဲအတွက် လည်း ကရင်ဒုံးယိမ်းအကကို သင်ယူခဲ့ပါတယ်။ ပြိုင်ပွဲအတွက် စိုးရိမ်ပူပန်မှု အနည်းငယ်ရှိနေတယ်လို့ဆိုတဲ့ ဟန်တီက …

”စိုးရိမ်ပူပန်မှုကတော့ ဆုမရလာမှာကို စိုးရိမ်ပူပန်မှု ရှိပါတယ်။ ဒါပေမဲ့ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ အကောင်းဆုံး ယှဉ် ပြိုင်သွားမှာပါ။ ဟန်တီ ဟိုရောက်တဲ့အခါမှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲနေချင်တယ်။ သူငယ်ချင်းတွေ အများကြီး နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထား ပါတယ်။ ကိုယ့်အနေနဲ့ မြန်မာကိုယ်စားပြု အလှ မယ်အနေနဲ့ လုပ်နိုင်သလောက် အစွမ်းကုန်ထုတ် ပြီး ကြိုးစားယှဉ်ပြိုင်ချင်ပါတယ်” လို့ ပြောပါတယ်။

အလှမယ် ဟန်တီဟာ ပြိုင်ပွဲဝင် နေစဉ်ကာလ အတွင်း နိုဝင်ဘာ ၁ဝ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့ထိ နိုင်ငံ တကာမှ ပြိုင်ပွဲဝင်အလှမယ် ၁၂ဝ ကျော်နဲ့အတူနေထိုင်ပြီး Miss World Organization ရဲ့ Activities ကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဟန်တီကို Vote ပေးချင်သူများအနေနဲ့ Mobstar Application ကို Download ဆွဲပြီး Vote ပေးနိုင်မှာဖြစ်ပါတယ်။ အလှ မယ်ဟန်တီဟာ ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supranational 2014 ပြိုင်ပွဲမှာလည်း ဆုများ ရရှိခဲ့ဖူးတဲ့ အရည်အချင်းရှိ အလှမယ်တစ်ဦး ဖြစ်တာကြောင့် Miss World 2018 ပြိုင်ပွဲမှာ ဆုရရှိလာဖို့ အတွက် ပရိသတ်တွေက မျှော်မှန်းထားကြပါတယ်။ Miss World 2018 ပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၈ ရက်နေ့၊ တရုတ်နိုင်ငံ၊ Sanya မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*