ရေသောက်ရင်း ရုတ်တရက်ဖြစ်ပေါ် တတ်တဲ့ အန္တရာယ်တွေကနေ ဘယ်လိုရှောင်ကြမလဲဇင်မာဝမ်း (လက်ထောက် နည်းပြ ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း )

ရေသောက်ရင်း ရုတ်တရက်ဖြစ်ပေါ် တတ်တဲ့ အန္တရာယ်တွေကနေ ဘယ်လိုရှောင်ကြမလဲဇင်မာဝမ်း (လက်ထောက် နည်းပြ ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း )
November 5, 2018 Asian Fame
ရေသောက်ရင်း ရုတ်တရက်ဖြစ်ပေါ် တတ်တဲ့ အန္တရာယ်တွေကနေ ဘယ်လိုရှောင်ကြမလဲဇင်မာဝမ်း (လက်ထောက် နည်းပြ ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း )

မကြာသေးခင်ရက်ပိုင်းတွေက ဘောလုံးကန်နေကြရင်းဖြစ်သွားခဲ့တဲ့ ကိစ္စလေး တွေက အတော်ပင်စိတ်မကောင်းစရာများ ဖြစ်ပါတယ်။ ဘောလုံးကန် ကစားရင်း ရေသောက်ရာကနေ ရုပ်ရှင်သရုပ်ဆောင် မင်းသွေးအပါအဝင် ဘောလုံးအားကစား သမားတချို့နဲ့ ဘောလုံးဝါသနာရှင် တချို့ဆုံးပါးသွားခဲ့ကြပါတယ်။ ဒါတွေက အင်မတန် ဝမ်းနည်းကြေကွဲ ဖွယ်ရာကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ မြန်မာ့လက် ရွေးစင်အမျိုးသမီးဘော လုံးအသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ ဇင်မာဝမ်း ကလည်း အဲဒီလို ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့တုန်းက အင်မတန် ဝမ်းနည်းကြေကွဲခဲ့ရ တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

”ဘောလုံးကစားရင်း အဲဒီလိုတွေဖြစ်သွားကြတယ်။ ဘယ်လိုမှ စိတ်မကောင်းနိုင်ဘူး။ အဲဒါကို အမှန်တော့ ကြိုတင်ကာကွယ်လို့ရနိုင်တယ်။ဘောလုံးမကစားခင် Warmly Up အရင်လုပ်ရမယ်။ အဲဒါကတော့ နံပါတ် တစ်အချက်ပဲ။ Warmly Up သေချာလုပ်ပြီးမှ ကစားစေချင်တယ်။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ပေါ့။ နောက်တစ်ချက်ကတော့ ဘောလုံးကို နေ့ တိုင်းကစားဖြစ်နေတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ရုတ်တရက် ပေါ့လေ။ ကစားတာနားပြီးကြာတော့မှ ပြန်ကစားတာမျိုးဆိုရင်တော့ သတိထားရမယ်။ အဲဒါမျိုး အခြေအနေတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက ရေသောက်နည်းပဲ။ ဘောလုံးကန်ပြီး တအားမောနေတဲ့အချိန်မှာ ရေကို ကမူးရှူးထိုးသွား မသောက်သင့်ဘူး။ အရမ်းအန္တရာယ် များတယ်။ အဲဒီတော့ လုပ်သင့်တာက ခဏလေးအနားယူလိုက်ပြီးမှ ဖြည်း ဖြည်းချင်းသောက်ပါ။ နောက်တစ်ခုက ကိုယ့်ရဲ့ ခံနိုင်ရည်အား ထက် ပိုမကစားသင့်ဘူး။ တချို့ကကွင်းထဲ ရောက်ပြီဆိုရင် ပြန်မထွက်ချင်တော့ဘူးလေ။ တအားကန်ချင်တာ။ အမှန် တော့ ကိုယ့်ခံနိုင်ရည်အားအပေါ်ကို ကြည့်ပြီးမှပဲ လုပ်သင့် တာမျိုးပါ။ ခံနိုင်ရည်အားထက် ပိုကစားတာမျိုး မလုပ်သင့် ပါဘူး။ အဲဒီလိုအချိန် ရောက်လာပြီဆိုရင် ကစားကွင်းကနေ ထွက်ကစားသင့်တယ်။ နောက်တစ်ခုကတော့ AED စက်လိုမျိုးအရာရှိတယ်။ ရုတ်တရက် နှလုံးဆောင့်တက်တာမျိုးကို ကုသပေးတဲ့အရာပါ။ အရေးပေါ်သုံးတဲ့ဟာပါ။ ကိုမင်းသွေးဖြစ်တုန်းကသာ အဲဒီစက်ရှိနေခဲ့မယ်ဆိုရင် အခုလို အခြေအနေဖြစ်မှာ မဟုတ်ဘူးလို့ထင်တယ်။ ကျွန်တော် တို့ဆီမှာတော့ အဲဒီစက်လေးက Training အချိန်တွေမှာတောင်ထားထားတယ်”လို့ ဇင်မာဝမ်းက အကြံပြုစကား ပြောပြပေး တယ်။

တကယ်တော့ အားကစားပြုလုပ်နေကျသူတွေအနေနဲ့ အားကစားသမားတွေ အသုံးပြုတဲ့ ရေဘူးလေးတွေ ဝယ်ယူဆောင်ထားသင့်တယ်လို့ မှတ်ချက်ပြုဆိုတယ်။ အဲဒီ ရေဘူးတွေက ကိုယ်စုပ်သောက်မှ လိုအပ် သလောက် ရေလေးတွေကို ထုတ်ပေး တာကြောင့် ရေသီးတာတွေ ရေနင်တာတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တာဖြစ်တယ်။ အဲဒီတော့ အားကစားရေဘူးလေးတွေကို အားကစားသမားတိုင်း ဆောင်ထားစေချင်ကြောင်း ထပ် လောင်းပြောပြတယ်။ သူ့ရဲ့ လက်ရွေးစင်ဘောလုံး အားကစားသက်တမ်း တစ်လျှောက်မှာ တော့ ရေသောက်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ရုတ်တရက်ဖြစ်ခဲ့တဲ့ ကိစ္စမျိုးတွေမရှိခဲ့ဘဲ အသင်း ဖော်တွေမှာလည်း အဲဒီလို ကိစ္စရပ်မျိုး မရှိခဲ့ဖူးကြောင်း ဆိုတယ်။ ဘာကြောင့်လဲဆိုတော့ မိမိတို့အသင်းမှာရှိနေတဲ့ ကျန်းမာရေးမှူးတွေက အသိပေးထားတာကြောင့်ဖြစ်ပြီး အဲဒီအသိ စိတ်တွေကြောင့် အားကစားသမားတော်တော်များများ ရေနဲ့ပတ်သက်တဲ့ ကျန်းမာရေးကိစ္စမှာ ပြဿနာဖြစ်မှုမရှိသလောက် နည်းနေခဲ့ရတာဖြစ်တယ်လို့ဆိုတယ်။ အဓိကကတော့ အပြင်မှာ အပျော်တမ်း ဘောလုံးဝါသနာရှင်တွေ ရေသောက်ခြင်းနဲ့ပတ်သက်ပြီး ဂရုစိုက်စေလိုကြောင်း ဆိုပါတယ်။

”နံပါတ်တစ်အချက်ကတော့ Warmly Up ကို ၁၅ မိနစ်ကနေ မိနစ် ၂ဝ ကြား သေချာ လုပ်ပါ။ ပြီးမှဝင်ကစားပါ။ အပျော်တမ်းကစားသူတွေက Warmly Up သေချာမလုပ်ဘဲ ကစား တတ်ကြလို့ပါ။ နံပါတ်နှစ်ကတော့ ရုတ်တရက် ဝင်ကစားတာ မျိုးကနေရှောင်ပါ။ နံပါတ်သုံး အချက်ကတော့ ကွင်းထဲက ထွက်ထွက်လာချင်း မောမောပန်းပန်းနဲ့ ရေသောက်ခြင်းကနေ ရှောင်ပါ။ ခဏနားပြီးမှရေသောက်ပါ။ ဖြစ်နိုင်ရင် အားကစားရေဘူးလေးတွေ ဝယ်ယူပြီး တော့ သောက်ရင်ပိုအဆင်ပြေပါတယ်။ နံပါတ်လေးအချက်ကတော့ ကိုယ့်ရဲ့ခံနိုင်ရည် အား ထက်ပိုမကစားပါနဲ့။ မောရင်ထွက်နားပါ။ ပြီးမှပြန်ဝင်ကစားပါ။ အဲဒါလေးတွေ သတိထားကြ ပါလို့ ပြောချင်ပါတယ်”လို့ ဇင်မာဝမ်းက ပြောပြပေးခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ- ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*