ကျွန်တော်ရေးခဲ့သော စာအုပ်များ(၁၁)

ကျွန်တော်ရေးခဲ့သော စာအုပ်များ(၁၁)
November 2, 2018 Asian Fame
ကျွန်တော်ရေးခဲ့သော စာအုပ်များ(၁၁)

ကျွန်တော်သည် တက္ကသိုလ် မြန်မာစာဆရာတစ်ယောက်ဖြစ် သည့်အလျောက် ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော မြန်မာစာပေများ ကို အမြဲမပြတ်လေ့လာပါသည်။ လေ့ လာမိသည့်အချက်များကို အခြေခံ၍ ဆောင်းပါးများလည်း ရေးပါသည်။ ၂ဝဝ၃ ခုနှစ်တွင် ထိုဆောင်းပါးများ ကို စုစည်းပြီး ကိုဝင်းချို၏(ဓူဝံစာပေ) မှ စာဆိုဘဝ စာဆိုစေတနာ စာဆို လက်ရာ အမည်ဖြင့် စာအုပ်ထုတ်ခဲ့ သည်။

စာအုပ်မာတိကာကို ပြန်ကြည့် တော့ ထူးထူးခြားခြားပြောစရာ က လေးများကို သတိရလာသည်။ မြန် မာစာပါမောက္ခ ဆရာကြီး ဦးဧမောင် ကွယ်လွန်ပြီးနောက် ဆရာကြီး၏ စာ အုပ်များကို တိပိဋကနိကာယအဖွဲ့ သို့ လှူဒါန်းခဲ့ရာ ထိုအဖွဲ့က မြန်မာ စာပေနှင့်ပတ်သက်သော စာအုပ် များကို ရန်ကုန်တက္ကသိုလ်မြန်မာစာ ဌာနသို့ ပြန်လှူခဲ့သည်။ မှတ်မှတ်ရရ ယခုသြစတြေးလျရောက်နေသော တပည့်ဖြစ်သူ ကိုအေးချို (ဝေးနေသူ ကလောင်အမည်ဖြင့် ဖေ့စ်ဘွတ်ခ် တွင် ဆောင်းပါးများ ရေးနေသူ) ဦး ဆောင်ပြီး စာအုပ်များကို စနစ်တကျ စာရင်းပြုစုပြီး မြန်မာစာဌာနသို့ ယူ လာပေးသည်ကို သတိရနေပါသည်။

ဆရာကြီး ဦးဧမောင်၏ စာမူများထဲ မှာ ထူးခြားသော လက်ရေးမူတစ် စောင်ကို တွေ့ရသည်။ ရှင်ဥတ္တမ ကျော်တောလား လက်ရေးမူဖြစ် သည်။ လေ့လာကြည့်တော့ တော လားပိုဒ်ေ ကြောင်း တွေ့ရသည်။ တက္ကသိုလ် တွင် ရှင်ဥတ္တမကျော်တောလား ၉ ပိုဒ်ကို အစဉ်အဆက်သင်ကြားခဲ့ သည်မှာ ကြာပါပြီ။ ၉ ပိုဒ်သာရှိသည် ဟုလည်း ယူဆကြသည်။ ယခု စာမူ မှာ ၄၉ ပိုဒ်ဖြစ်နေသည့်အတွက် စိတ် ဝင်စားမိပြီး လေ့လာကြည့်ရာမှ ရှင် ဥတ္တမကျော်တောလားပြဿနာ ခေါင်းစဉ်ဖြင့် စာပေဂျာနယ်တွင် ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ပါသည်။ တောလားရေးသည့်စာဆို ပါဝင် သည့် အကြောင်းအရာ၊ အပိုဒ် အရေအတွက် စသည်တို့နှင့် ပတ်သက်၍ တွေ့ရသော ပြဿနာ များကို ဆွေး နွေးခြင်းဖြစ်သည်။ (၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင် ရှင်ဥတ္တမကျော်တော လားကို သုတေသနပြု၍ ပါရဂူဘွဲ့ အတွက် တင်သွင်းသော ဒေါ်စုစုနွယ် ၏ ရှင်ဥတ္တမကျော်တောလားစစ်တမ်း ဟူသော ကျမ်းတစ်စောင်ပေါ်ထွက် လာပါသည်။ အသစ်တွေ့ရသော သု တေသနကွင်းဆက်များကို ဖော်ထုတ် ပြထားသော ကျမ်းဖြစ်ပါသည်။)

အတ္တုပ္ပတ္တိထူးနှင့် မြန်မာ့ဂုဏ် ရည် ဆောင်းပါးမှာလည်း ပြောစရာ များရှိပါသည်။ အမျိုးသားပညာဝန် ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်ကို အများသိကြပါသည်။ မြန်မာ့သမိုင်း မှ ထင်ရှားသော ပုဂ္ဂိုလ်များအ ကြောင်းကို လူငယ်များအတွက် ရည် ရွယ်ပြီး ရေးသားထားသောစာအုပ် ဖြစ်သည်။ ‘မြန်မာ့ဂုဏ်ရည် ရာဇဝင် ဖတ်စာ’အမည်ဖြင့်လည်း ၂ တွဲခွဲ၍ ထုတ်ခဲ့ပါသေးသည်။ တစ်နေ့တွင် အစည်းအဝေးတစ်ခုမှာ ဆရာတိုက် စိုးက ‘ကိုလိုနီခေတ်က ပေါ်ပေါက် သော ‘အတ္တုပ္ပတ္တိထူး’ဆိုသည့် စာ အုပ်အကြောင်း ပြောပြသည့်စာအုပ် တွင် ရေးသူအမည်မပါကြောင်း ရေး ထားသော အတ္တုပ္ပတ္တိများမှာ စိတ်ဝင် စားဖွယ်ဖြစ်ကြောင်း၊ အရေးအဖွဲ့ရှင်း လင်းပြေပြစ်ကြောင်း ပြောပြသည်။ ထို့ပြင် ကွင်းဆက်တစ်ခုကိုလည်း ဆရာက ပြောပြသေးသည်။ ဦးဖိုး ကျား၏ မြန်မာ့ဂုဏ်ရည်သည် အတ္တုပ္ပတ္တိထူးကို အခြေခံ၍ ပေါ်လာ သည့် စိတ်ကူးဖြစ်နိုင်သည်ဟူ သော အချက်ဖြစ်သည်။ ကျွန်တော် စိတ်ဝင် စားသွားပြီး အတ္တုပ္ပတ္တိထူး စာအုပ်ကို စာကြည့်တိုက်မှာ ရှာဖွေ လေ့လာပြီး နောက်မြန်မာ့ဂုဏ်ရည် နှင့်နှိုင်း ယှဉ်ပြီး ထိုဆောင်းပါးကို ရေးခြင်းဖြစ် သည်။

ဇော်ဂျီကို နားလည်ပြီဆိုလျှင် ဆောင်းပါးကိုမူ ဆရာဇော်ဂျီကွယ် လွန်ကြောင်း ကြားရသည့်ညမှာ ရေး ခြင်းဖြစ်သည်။ ဆရာဇော်ဂျီ၏ သတင်းကို ကြားရ၍ စိတ်မကောင်း ဖြစ်နေစဉ် ထိုညတွင် တပည့်ဖြစ်သူ ကိုမြင့်ဦး (လင်းဝေမြိုင်ကွယ်လွန်) ကျွန်တော့်ဆီရောက်လာပြီး ရုပ်ရှင် တေးကဗျာမဂ္ဂဇင်းအတွက် ဆရာ ဇော်ဂျီအမှတ်တရဆောင်းပါးတစ်ပုဒ် ရေးပေးဖို့ ပြောသည့်အတွက် အ မှတ်တရ ရေးလိုက်ခြင်းဖြစ်သည်။ ဆရာဇော်ဂျီ၏ စာပေများ အရေးပါ ပုံကို ဖော်ညွှန်းပြီး ဆရာအမွေပေး ခဲ့သောစာပေများကို ကျွန်တော်တို့ အပြည့်အဝနားလည်အောင် ကြိုးစား ရဦးမည်ဖြစ်ကြောင်း တင်ပြကာ ‘ဇော်ဂျီကို နားလည်ပြီဆိုလျှင် စာပေ လေ့လာသူ၊ စာပေဝေဖန်သူ၊ စာပေ ပို့ချသူ ကျွန်တော်တို့အတွက် ခိုင်ခံ့ သော ကိုယ်ခံကောင်းကောင်းကို ပိုင် ဆိုင်ပြီဟု ရဲရဲပြောနိုင်ပါလိမ့်မည်’ ဟူ ၍ ဆောင်းပါးကို နိဂုံးချုပ်ထားပါ သည်။

၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း တွင် ပန်းသတင်းဂျာနယ် (Flower News) မှာ ဆောင်းပါးများ ပင်တိုင် ရေးဖြစ်သည်။ တပည့်ဖြစ်သူ မောင် ကိုကိုက စာမူလာယူသည့်အလုပ်၊ ဂျာနယ်လာပို့သည့်အလုပ်များကို ပုံ မှန်လုပ်ပေးသည်။ စာအရေးအသား နှင့်ပတ်သက်၍ သတိထားစရာများ ကို ပေါ့ပေါ့ပါးပါးရေးသော ဆောင်း ပါးများ ဖြစ်သည်။ ကိုနိုင်သစ်နီနှင့် မဝင်းမာတင်တို့၏ ဇွန်ပွင့်တို့ မြစ် ကွေ့တို့က စာမူတောင်းသောအခါ ပန်းသတင်းဂျာနယ်က ဆောင်းပါး များအပြင် ဖတ်စရာဂျာနယ်မှ စာ အုပ်ထဲ မပါသေးသော ဆောင်းပါး အချို့နှင့် ဦးမောင်မောင်အေး၏ အလင်္ကာဝတ်ရည်ဂျာနယ်မှာ ရေး သော ဆောင်းပါးများ ပေါင်းပြီး စာ အုပ်တစ်အုပ်စီစဉ်ပေးလိုက်ပါသည်။ စာအုပ်နာမည်ကို လပြည့်ဝန်းနှင့် ဆင်စွယ်ဘီးကလေးဟု နာမည်ပေး လိုက်သည်။ စာအုပ်တွင် (၁) ရေး ထုံး၊ (၂) သဒ္ဒါ၊ (၃) စကားသုံး၊ (၄) အရေးအသား၊ (၅) အဆင်တန်ဆာ ဟု ကဏ္ဍ ၅ ခုခွဲထားသည်။ အဆင် တန်ဆာပိုင်းမှ အလင်္ကာတန်ဆာဆင် မှုများကို ဆွေးနွေးသောဆောင်းပါး အမည်ကို စာအုပ်အမည်လုပ်လိုက် ခြင်းဖြစ်ပါသည်။ စကားအပြောအဆို၊ ရေးထုံးသတ်ပုံ၊ စကားအသုံးအနှုန်း၊ ဝါကျအရေးအသားနှင့် အလင်္ကာ အဆင်တန်ဆာဆိုင်ရာ အတိမ်းအ ချော်များနှင့် နည်းနာများအကြောင်း ဆွေးနွေးထားခြင်း ဖြစ်ပါသည်။

နောက်တစ်အုပ်ကလည်း နာ မည်ခပ်ဆင်ဆင်ဖြစ်သည်။ လမင်း နှင့် ပိုးစုန်းကြူးဟု နာမည်ပေးလိုက် သည်။ ဖူးပွင့်ဝေဝေစာအုပ်တိုက်က ထုတ်သည်။ ‘ပန်းသတင်း’မှ ဆောင်း ပါးများ အများစုပါသည်။ အသံ ထွက် မှားလေ့ရှိသော စကားများက စ၍ တင်စားသုံးနှုန်းသော စကား များ၊ စကားပုံများနှင့်ပတ်သက်၍ ဆွေးနွေးထားခြင်းဖြစ်သည်။ နေ၏ အလင်းရောင်ဖြင့်တစ်ဆင့် လင်းရ သော လမင်းအဖြစ်ထက် ကိုယ်ပိုင် အလင်းရောင်ဖြင့် လင်းရသော ပိုး စုန်းကြူးအဖြစ်ကို ပို၍ မြတ်နိုးပါ သည်ဟူသော သဘောထားကို ဖော် ညွှန်းထားခြင်းဖြစ်ပါသည်။

‘ပန်းသတင်း’တွင် ‘ကျွန်ုပ်တို့၏ မြန်မာစာ’ဟု ပုံသေခေါင်းစဉ်ပေးပြီး အမှတ်စဉ်ထိုးကာ ရေးသားသော ဆောင်းပါးများမှာ အပုဒ် ၄ဝ ကျော် ရှိပါသည်။ မြန်မာစာအရေးအသား စတင်ပေါ်ပေါက်သည့် ၁၂ ရာစု အ စောပိုင်းကစ၍ ယခု ၂၁ ရာစုအထိ နှစ်တစ်ထောင်ခရီးကို ဖြတ်သန်းခဲ့ သော မြန်မာစာ၏ သမိုင်းကို ခြေ ရာခံသည့် ဆောင်းပါးများဖြစ်သည်။ မြန်မာစာအရေးအသားစတင်ပေါ် ပေါက်သည့် ပုဂံခေတ်ကစ၍ ဖွံ့ဖြိုး လာသော မြန်မာစာကို မင်းအဆက် ဆက်စောင့်ရှောက်ခဲ့ကြပုံ၊ ကိုလိုနီ ခေတ်တွင် လောကဓံအလှည့်အ ပြောင်းကြောင့် မြန်မာစာ သိမ်ငယ် နိမ့်ကျနေစဉ် မြန်မာစာဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းကြပုံ၊ မြန်မာစာကို တက္ကသိုလ်မှာ တင့်တင့်တယ်တယ် သင်ကြားနိုင်သည့် အနေအထားသို့ ပြန်ရောက်အောင် ဆရာကြီး ဦးဖေ မောင်တင်အမှူးပြုသည့် ပညာရှင် များ အားထုတ်ခဲ့ကြပုံ၊ လွတ်လပ်ရေး ရချိန်တွင် မြန်မာစာကို ရုံးသုံးစာ အဖြစ် ပြဋ္ဌာန်းပြီး မြန်မာစာဖွံ့ဖြိုး ရေးအတွက် ဆက်လက်ကြိုးပမ်းကြပုံ၊ တက္ကသိုလ်မြန်မာစာဌာနများ၏ ဦး ဆောင်မှု၊ မြန်မာစာဌာနက ဖြေရှင်း ပေးရသော ရေးထုံးပြဿနာများ၊ မြန်မာစာအဖွဲ့ တည်ထောင်ဖွဲ့စည်း ၍ မြန်မာစာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပုံတို့ကို ဖော်ပြပြီး ပြည်ပ တက္ကသိုလ်များတွင် လေ့လာသင်ယူ နေသော မြန်မာစာ၏ အခန်းကဏ္ဍ နှင့် မြန်မာစာပါရဂူဘွဲ့နှင့် ရှေ့အ လားအလာတို့ကို သုံးသပ်ခဲ့ပါသည်။ ပုဂံစာအုပ်တိုက်က စာမူတောင်း သောအခါ နှစ်တစ်ထောင်ခရီးကို ဖြတ်သန်းခဲ့သော ကျွန်ုပ်တို့၏ မြန် မာစာ ခေါင်းစဉ်ဖြင့် စာအုပ်ရိုက်ရန် စီစဉ်ပေးလိုက်ပါသည်။ ပုဂံတိုက်က ၂ဝ၁ဝ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် ဇွန်ပွင့်စာပေက ဒုတိယအကြိမ် ထုတ်ဝေပါသည်။

မြန်မာစာဌာနက ဖြေရှင်းပေး ခဲ့ရသော ရေးထုံးပြဿနာများ ဆောင်းပါးမှာ ပါမောက္ခ ဦးဧမောင် ၏ မှတ်တမ်းဖိုင်ကို ကိုးကား၍ ရေး သော ဆောင်းပါးဖြစ်သည်။ ဖဆပလ အစိုးရလက်ထက် ၁၉၅၂ ခုနှစ်က လူမျိုးစုလွှတ်တော်ညီလာခံတွင် အမတ်တစ်ဦးက အစိုးရကို မေးခွန်း ထုတ်သည်။ မေးခွန်းတွင် ‘မိုဃ်း’ဟု အများရေးနေသောရေးထုံးကို မြန် မာစာဌာနက ‘မိုး’ဟု ပြင်ရေးကြောင်း၊ ‘ကြက်သရေ’ကိုလည်း ‘ကျက်သရေ’ ဟု ပြင်ရေးနေကြောင်း၊ ‘ဋ္ဌ’ကိုလည်း လည်ရစ်မပါဘဲ ‘ဌ’ဟု ပြင်ရေးနေ ကြောင်း ဖော်ပြပြီး အစဉ်အလာရေး ခဲ့သော ရေးထုံးများကို ယခုကဲ့သို့ ပြင်ရေးနေခြင်းကို အစိုးရသိပါသ လားဟု မေးခြင်းဖြစ်ပါသည်။ ထိုမေး ခွန်းကို ရှင်းလင်းဖြေကြားပေးရန် ပညာရေးဝန်ကြီးဌာနက ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်သို့ မေတ္တာ ရပ်ခံရာ ပါမောက္ခချုပ်၏ တာဝန်ပေး ချက်အရ မြန်မာစာပါမောက္ခဆရာ ကြီး ဦးဧမောင်က ရှင်းလင်းဖြေကြား ရခြင်းဖြစ်သည်။ ဆရာကြီးက ‘မိုဃ်း’ ‘ကြက်သရေ’ ‘ဋ္ဌာန’ တို့မှာ ရေးထုံး မှန်များမဟုတ်သည့်အတွက် ‘မိုး’ ‘ကျက်သရေ’ ‘ဌာန’ဟူ၍ ရေးထုံးအ မှန်ပြင်ဆင်ရခြင်းဖြစ်ကြောင်း ခိုင်လုံ သောအကြောင်းပြချက်များဖြင့် ရှင်း လင်းဖြေကြားခဲ့ပါသည်။ ထိုစာအုပ် တွင် မြန်မာစာ၏ သမိုင်းကြောင်းကို ပုံကြမ်းအဖြစ် ဖော်ကြည့်ခြင်းဖြစ်ပါ သည်။ မြန်မာဘာသာစကားသမိုင်း တစ်စောင် ပြည့်ပြည့်စုံစုံပေါ်ထွန်း လာစေဖို့ ရည်ရွယ်ပါသည်။

 

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*