ရိုးရာပွဲတော်များလူငယ်တွေရဲ့ အသံ

ရိုးရာပွဲတော်များလူငယ်တွေရဲ့ အသံ
November 1, 2018 Asian Fame
ရိုးရာပွဲတော်များလူငယ်တွေရဲ့ အသံ

၁၂ လ ရာသီပွဲတော်တွေ အ ကြောင်း လူငယ်တွေ ဘယ်လောက်သိထားသလဲ ဆိုတာနဲ့ လူငယ် တွေရဲ့ မြန်မာ့ရိုးရာ ပွဲတော်တွေ အပေါ် ခံစားချက် တွေကို မေးမြန်းပြီးပေါ်ပြူလာ ပရိသတ် တွေအတွက်ဖော်ပြ ပေးလိုက်ပါတယ်။
ဇွဲထက်အောင်

၁၂ လ ပွဲတော်တွေ အကုန်လုံး တော့ မသိဘူး။ ငယ်ငယ်ကတော့ သင်ရတယ်။ မေ့သွားတယ်။ မှတ်မှတ် ရရဆိုရင်တော့ သင်္ကြန်နဲ့ သီတင်း ကျွတ်၊ ထမနဲပွဲ၊ တန်ဆောင်မုန်း ဘုရားပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ ဒါတွေပဲ သိတယ်။ အဲဒီပွဲထဲမှာ သင်္ကြန်ပွဲကို ပျော်ပါတယ်။ ပိတ်ရက် ရှည်ပိတ်လို့ ပျော်ပါတယ်။ ပြီးတော့ အိုးမည်းသုတ်တာလည်း ပျော်ပါတယ်။ မုန့်လုံး ရေပေါ်တွေ စားတာလည်း ပျော်ပါတယ်။ ဘာလို့ဆိုတော့ ငရုတ် သီးတွေနဲ့ သူများကို ထည့်ကျွေးရတာ လည်း ပျော်စရာကောင်းပါတယ်။ သီ ချင်းအမြူးတွေလည်းဖွင့်တော့ ပျော် မိပါတယ်။ လျှောက်လည်တာလည်း ပျော်စရာပါပဲ။ လူကြီးတွေကို ခေါင်း လျှော်ပေး ခြေသည်း လက်သည်းညှပ် ပေးရတာလည်း ကုသိုလ်တစ်ပါးပါပဲ။ ချောင်းသာတို့ ငွေဆောင်တို့ ခရီး သွားရတာလည်း ပျော်စရာ တော် တော်ကောင်းပါတယ်။

အောင်သူဟိဏ်း

ကျွန်တော်က သီတင်းကျွတ်နဲ့ သင်္ကြန်လောက်ပဲ သိတယ်။ စာထဲ မှာတော့ ပွဲတော်တွေအကြောင်း သင်ရပေမယ့် လူငယ်တွေနဲ့ မဆိုင်သ လို ဖြစ်နေတာကလည်း တစ်ပိုင်းပါ မှာပေါ့။ အမှန်တကယ်တော့ ပွဲတော် တွေတိုင်းက မြန်မာ့ရိုးရာဖြစ်လို့ လက်ဆင့်ကမ်း ထိန်းသိမ်းရမှာပါ။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့က လည်း ပွဲတော်တွေကို အပျော်ဆို တာထက် တကယ်ကို လေးလေးနက် နက်နဲ့ မြန်မာ့ရိုးရာကို ထိန်းသိမ်း ပျော်ရွှင်ကြစေချင်ပါတယ်။ လူကြီး တွေအတွက်ပွဲ၊ လူငယ်တွေအတွက် ပွဲလို့မဟုတ်ဘဲ ပွဲတော်ရာသီတိုင်းကို လူငယ်လူကြီး မျှမျှတတပျော်ကြစေ ချင်ပါတယ် ခင်ဗျာ။

ဝေငြိမ်း

၁၂ လ ရာသီပွဲတော်တွေကို အခုနောက်ပိုင်း တော်တော်များများ က သိပ်သတိမထားမိကြဘူး ထင်ပါ တယ်။ ညီမကတော့ လအလိုက်ပွဲ တော်တွေထဲက အပျော်ဆုံးရယ်လို့ မရှိပါဘူး။ ငယ်ငယ်တုန်းကတော့ သီ တင်းကျွတ်ဆို ပျော်ပါတယ်။ မိဘ တွေနဲ့ ခရီးတွေထွက်ရတာကြောင့်ပါ။ အခုနောက်ပိုင်းကတော့ အလုပ်ကိုယ် စီနဲ့မို့ မအားတော့ ပွဲတော်ရက်တွေ ဆိုတာလည်း အမှတ်တမဲ့လို ဖြစ်နေ တာပေါ့။ ဒါပေမဲ့ ကဆုန်ညောင်ရေ သွန်းပွဲတော်ဆိုရင်တော့ ဘုရားတွေ မှာ အလှူတွေလုပ်ဖြစ်တော့ အမှတ် တရ ရှိနေပါတယ်။

လဲ့ဒါလီဆွေငြိမ်း

၁၂ လ ရာသီပွဲတော်တွေ အကုန်သိပါတယ်။ ထင်ရှားတဲ့ ပွဲ တော်တွေက လေးငါးခုပဲ ရှိပေမယ့် လအလိုက် မြန်မာ့ရိုးရာ ပွဲတော်တွေ ရှိနေတာကို အစဉ်အလာအဖြစ်ထိန်း သိမ်းသင့်ပါတယ်။ ညီမအကြိုက်ဆုံး ပွဲတော်ကတော့ သင်္ကြန်ပါ။ သူများ တွေလို လည်တာပတ်တာ မဟုတ်ဘဲ အိမ်မှာ နှစ်တိုင်းအလှူ လုပ်ဖြစ်တာ ကြောင့်ပါ။ အမှတ်တရကတော့ အိမ် က လူတွေ အကုန်လုံး သင်္ကြန်ရက် တိုင်း အလှူတွေပေးကြတာ တကယ့် ပီတိဖြစ်စရာပါ။ ညီမအတွက်တော့ ထူးထူးထွေထွေ အမှတ်တရဆိုရင် သင်္ကြန်နဲ့ သီတင်းကျွတ် ပွဲတော်တွေ ပါ။

ဆုမြတ်မွန်

ပွဲတော်တွေထဲမှာ ဆိုရင်တော့ အများကြီးတော့ ရှိတာပေါ့နော်။ ဒါ ပေမဲ့ ထမနဲပွဲကို အကြိုက်ဆုံးပါ။ ထမနဲထိုးနေကြတာကို ကြည့်ပြီး တော့လည်း ပျော်ရွှင်ရပါတယ်။ ကြက်သွန်တွေ ဝိုင်းနွှာကြ မြေပဲတွေ ဝိုင်ြးေ>ွခကြ၊ ကောက်ညှင်းတွေဝိုင်း ရွေးကြ ချင်းတွေ နွှာ၊ အုန်းသီးတွေ လှီး၊ ဝိုင်းကူရင်းနဲ့ စကားတွေ ပြော တော်တော်ပျော်စရာကောင်းပါ တယ်။ ပြီးတော့ ယောက်မတွေ ကိုယ် စီနဲ့ ထမနဲ အပြိုင်အဆိုင်ထိုး မွှေကြ တာလည်း တော်တော်ပျော်ဖို့ကောင်း ပါတယ်။ ပြီးတော့ ထမနဲကလည်း တအားကို စားလို့ကောင်းပါတယ်။ သူများတွေကို ကျွေးမွေးဧည့်ခံရတာ လည်း သူတို့ စားနေတာကြည့်ပြီး ပီတိဖြစ်ပြီး ပျော်ရွှင်ရပါတယ်။ ပြီး တော့ သင်္ကြန်ပွဲတော်လည်း ကြိုက်ပါ တယ်။ မုန့်လုံးရေပေါ် စားရလို့ပါ။

နွေးစံ

ပွဲတော် သိပ်မသိပါဘူး။ ဘာလို့ ဆိုတော့သိပ်လည်း မလည်ဖြစ်ဘူး။ အိမ်ကအမေ၊ အဖေကလည်း မလွှတ် ဘူးလေ။ သူငယ်ချင်းတွေ လာခေါ်မှ အပြင်ထွက်တာပါ။ အိမ်ကလွှတ် တာဆိုလို့ ကဆုန်ညောင်ရေသွန်း ပွဲပဲ လွှတ်ပါတယ်။ ကုသိုလ်ရဖို့  လွှတ်တာပါ။ ကဆုန်ညောင်ရေသွန်း တာပျော်ဖို့ကောင်းပါတယ်။ ယဉ်ယဉ်ကျေး ကျေးလေးတွေ လှလှပပ ဝတ်ပြီး တော့ သာယာလှပ တဲ့ ညနေခင်းလေး မှာ သူငယ်ချင်း စုံစုံလင်လင်နဲ့ ဘုရား ပွင့်တဲ့ ဗောဓိ ညောင်ပင်ကို ရေသွန်း လောင်းကြ တာကြည်နူးပျော်ရွှင်ဖို့ အလွန် ကောင်းပါတယ်။ ကျန်တဲ့ပွဲ တွေတော့ သိပ်မထွက်လည်ရပါဘူး။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*