ဥည့်လယ်ယံ…

ဥည့်လယ်ယံ…
October 30, 2018 Asian Fame
ဥည့်လယ်ယံ…

အချိန်မှာ ညဥ့်လယ်ပိုင်းရောက် ချေပြီ။ ကဖေးဆိုင်မှာ လူရှင်း ပြီ။ ကဖေးဆိုင်ပိုင်ရှင်သည် ကရား အိုးကိုမ၍ မီးကိုငြှိမ်းသည်။ ခုံများ ကိုသိမ်းသည်။ အဖန်ကရားအိုးနှုတ် သီးမှ အာလာဒင်မီးခွက်လို တလူလူ ထွက်လာသော အခိုးအငွေ့များထဲမှ ကရားစောင့်ဘီလူးသည် သူ၏ မူလ နေရာသို့ ပြန်လည်ဝင်ရောက် သွား သည်။ ကရားစောင့်ဘီလူးသည် လက်ဖက်ရည်ပေါင်းများစွာကို ဖန် ဆင်းပေးခဲ့ပြီးဖြစ်သည်။

နက်မှောင် သော အဇဋာမိုးကောင်းကင်ထဲဝယ် ကြယ်ဓားပြများသည် ကြယ်တစ်ခုမှ တစ်ခုသို့ ရွေ့လျားကူးသွားနေကြ သည်။ မဟူရာညစောင့်သည် သော့ တွဲများကိုခါးမှာ ချိတ်လျက် နက် မှောင်သောမိုးကောင်းကင်ထက်မှာ လမ်းလျှောက်နေသည်။ တိမ်တိုက် များသည် သူ၏အောက်ဘက်မှာ ရွေ့နေကြသည်။ ညထဲ၌ သော့တွဲ လှုပ်ယမ်းသံတချွင်ချွင် မြည်နေ သည်။ ဝင်ရိုးစွန်းတစ်ဖက်၌ လေ နတ်သားသည် ရေခဲဖြင့်လုပ်ထား သော တံပိုးခရာကို မှုတ်နေသည်။ မရဏမင်းသည် အမှောင်ထဲမှာထိုင် လျက် ပုခက်ကို တကျွီကျွီလွှဲနေသည်။ စေတန်သည် အမိုက်မှောင်တိုက်ထဲ၌ ကခုန်နေ၏။ မိုးကောင်းကင်မှ ကြွေကျသော သစ်သီးသည် ကမ္ဘာ မြေသို့ သက်ဆင်းသည်။ သစ်သီး သည် မဟာသမုဒ္ဒရာထဲတွင် မျောပါ ၍ မထင်မရှား တံငါရွာကလေးတစ်ရွာ ၏ ကမ်းခြေသို့ ဆိုက်ရောက်၏။ အရုပ်ဆိုးဆိုး မိန်းမပျိုကလေးတစ်ဦး သည် ညဥ့်အချိန် လူခြေတိတ်၌ ရေ ဆိပ်သို့ဆင်း၍ ရေချိုးရာ သစ်သီးကို တွေ့ရှိ၍ ဆယ်ယူလေသည်။ မဟူ ရာညစောင့်သည် သော့တွဲများကို ခါးမှာချိတ်လျက် နက်မှောင်သော မိုးကောင်းကင်ထက်မှာ လမ်းလျှောက် နေဆဲပင်။ သူ၏ခါးမှ သော့တစ် ချောင်းကိုယူ၍ မိုးကောင်းကင် ဟင်း လင်းပြင်ကို ဖွင့်လိုက်လျှင်အရောင် များ ကျရောက်လာလိမ့်မည်။ မဟူရာ ညစောင့်သည် သော့တွဲကို အသုံးမပြု ဘဲ နက်မှောင်သော မိုးကောင်းကင် ထဲမှာ လမ်းလျှောက်မြဲသာ။ ကမ္ဘာ မြေကို အမှောင်ချထားဖို့လိုသည်။ အဘယ်ကြောင့်နည်းဟူမူ အရုပ်ဆိုး ဆိုး မိန်းမပျိုကလေးတစ်ဦး ညအ ချိန် ရေဆိပ်အမှောင်ထဲမှာ ရေချိုး နေလေသည် မဟုတ်လား။

မရဏ မင်းသည် အမှောင်ထဲမှာထိုင် လျက် ပုခက်ကိုတကျွီကျွီလွှဲနေလျက် ပါပင်။ စေတန်သည် တေးဆိုမှုမရှိပါဘဲ တစ်ကိုယ်တည်း အမိုက်အမှောင် တိုက်ထဲ၌ ကခုန်နေလေသည်တကား။ ကြယ်ဓားပြများသည် အဟုန်ဖြင့် ရွေ့ကြလေ၏။ အထက် အဇဋာမိုးကောင်းကင်သည် တုန်လှုပ်၏။ ကြယ်တို့ သည် မျက်ရည်လည်သကဲ့သို့ တဖျပ်ဖျပ် အလင်းကို ဆောင်လေသည်တကား။ ကမ္ဘာမြေမှ ခွေးတစ် ကောင်ဟောင်သံသည် ကောင်းကင်ဘုံသို့ရောက်၏။ ကောင်း ကင်ဘုံ၌ မည်သူမရှိ။ မသိယောင်တကား။ အချိန်မှာ ညဥ့်လယ် ပိုင်းသို့ ရောက်ချေပြီ။ ကဖေးဆိုင်မှာ လူရှင်းပြီ။ တမန်တော် သည် ဝှက်အပ်သောအတောင်ကိုထုတ်၍ မိုးကောင်းကင်ထက် သို့ ပျံတက်၏။ ဝင်ရိုးစွန်းတစ်ဖက်မှ လေနတ်သားသည် ရေခဲ ဖြင့် လုပ်ထားသော တံပိုးခရာကိုတစ်ခဲနက် မှုတ်လျက်ပင်တည့် နတ်သူငယ်သည် ကမ္ဘာ၏ ထောင့်ကွေး သရက်ပင်ပေါက်အောက် ၌နေ၏။ မဟူရာညစောင့်သည် သော့တွဲများကို ခါးမှာချိတ် လျက် တချွင်ချွင်မြည်စေလျက် နက်မှောင်သော မိုးကောင်းကင် ထဲမှာ မအိပ်စက်ပြီတကား။ သင်ကား ဘယ်သူနည်း။ ကျွန်ုပ် ကား အခြားမဟုတ် ကလောင်တံကို စောင့်အပ်သော မနုဿ တည်း။ သင့်အဖို့ ကလောင်တံရွေ့လျားရာ သည်လွတ်မြောက် ရာသို့ ချဉ်းသောလမ်း ဖြစ်စေရာတည်း။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*