လူ ငယ် တွေ ကို စာ ဖတ် စေ ချင် တဲ့ ဆရာမဂျူး

လူ ငယ် တွေ ကို စာ ဖတ် စေ ချင် တဲ့ ဆရာမဂျူး
October 30, 2018 Asian Fame
လူ ငယ် တွေ ကို စာ ဖတ် စေ ချင် တဲ့ ဆရာမဂျူး

ဆရာမဂျူးက စာပေဟောပြောပွဲတွေမှာလည်း လူငယ်တွေနဲ့ ပတ်သက်လို့ စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် အကြောင်းအရာတွေကို ထည့်သွင်းဟောပြောပေးလေ့ရှိပါတယ်။ သူ့အနေနဲ့ကတော့ လူငယ်တွေကိုရော သူ့အရွယ်တွေကိုရော သူ့မှာပြောပြချင်တာလေးတစ်ခုရှိနေပါတယ်။ အဲဒီအကြောင်းအရာကတော့ –

”ကျွန်မတို့ တွေးတာက ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ဆိုတဲ့ ကဗျာလေးပေါ့။ ကျွန်မရင်ထဲမှာတော့ ငယ်ငယ်ကတည်းကကို အမြဲတမ်းစွဲနေခဲ့တယ်။ ကိုယ်ကလူ့လောကမှာ သေရမှာပဲလေ။ ကိုယ်မသေခင်မှာ ဘာလုပ်မလဲပေါ့။ ကိုယ်မသေခင်မှာ ထားခဲ့မယ့်ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကိုယ်သေသွားတဲ့အခါမှာ ပိုပြီးတော့ကောင်းတဲ့ ပတ်ဝန်းကျင်မျိုးဖြစ် စေချင်တယ်။ ဘာသာသာသနာစာပေအားလုံးကို ဒီထက်ပို ကောင်းစေချင်တယ်။ အဲဒီအတွက် လည်း ကျွန်မတို့ ကြိုးစားတာပေါ့။ လူငယ်တွေကိုလည်း အဲဒီလိုပဲ ကျွန်မကပြောချင်တာ။ ကျွန်မကလည်း အဲဒီလိုပဲလုပ်နေတာပေါ့လေ။ ဆရာဇော်ဂျီရဲ့ အဲဒီကဗျာလေးကိုလည်း လူငယ်တွေကိုဖတ်စေချင်တယ်။ ဖတ်ပြီးတော့ အဲဒီခံစားချက်လေးတွေရှိစေချင်တယ်။

အဲဒီတော့ကျွန်မကလူငယ်တွေကို ပြောတဲ့စကားတစ်ခွန်းရှိပါတယ်။ လူတိုင်းဟာ ပစ္စုပ္ပန်ထက် ပိုကောင်းတဲ့အနာဂတ်ကို ဖန်တီးပေးဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကိုယ့်မှာရှိ နေတဲ့ပစ္စုပ္ပန် ကိုယ်ရတဲ့ပစ္စုပ္ပန်ကို ကိုယ်သေသွားတဲ့အခါမှာ ပစ္စုပ္ပန်ထက် ပိုကောင်းတဲ့အနာဂတ် ကို ဖန် တီးပေးခဲ့ဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်။ အဲဒီအကြောင်းလေးကို သူတို့ကို သိစေချင်တယ်” လို့ ဆရာမဂျူးကပြောပြပါတယ်။ ဒါ့အပြင် လူငယ်တွေကို လူငယ်ဘဝမှာပျော်ရွှင်စေချင်သလို ချမ်းမြေ့ စေချင်ပြီး ပညာကို ပိုပြီးတော့ တန်ဖိုးထားစေချင်ကြောင်း စာအုပ်များများဖတ်စေချင်ကြောင်းလည်း ဆရာမဂျူးကထပ် ပြောပါတယ်။

”တခြားဆိုရှယ်မီဒီယာတွေကို စိတ်ဝင်စားတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ စာအုပ်ကကျ တော့ ကျွန်မတို့ရဲ့ဦးနှောက်ကို ပိုပြီးတော့ ရွှင်လန်းအောင် လုပ်ပေးနိုင်တယ်။ ဥာဏ်ရည်ကို ပိုမြင့်မား စေတယ်။ ဒါကြောင့်လူငယ်တွေကို စာဖတ်စေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဆရာမဂျူးက အခု လက်ရှိမှာတော့ သက်တံ့တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” ဝတ္တုလုံးချင်းထွက်ရှိထားပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*