ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်ထားပေမယ့် ဇာတ်ကားရိုက်ကူးမှု နည်းပါးရခြင်းအကြောင်းပြောပြတဲ့မိုးဟေကို

ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်ထားပေမယ့် ဇာတ်ကားရိုက်ကူးမှု နည်းပါးရခြင်းအကြောင်းပြောပြတဲ့မိုးဟေကို
October 29, 2018 Asian Fame
ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်ထားပေမယ့် ဇာတ်ကားရိုက်ကူးမှု နည်းပါးရခြင်းအကြောင်းပြောပြတဲ့မိုးဟေကို

သရုပ်ဆောင်မိုးဟေကိုက ကိုယ်ပိုင်စီးပွားရေးအနေနဲ့ Moe Fabric House ပိုးထည်ဆိုင် ဖွင့်လှစ်ထားသလို မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားသူပါ။ ထုတ်လုပ်ရေးတည်ထောင်ထားပေမယ့် မိုးဟေ ကိုကတော့ ဇာတ်ကားတွေရိုက်ကူးမှုတွေအတော်လေး နည်းပါးသွားပါပြီ။ အနုပညာလောကကို အနိုင်နဲ့ပိုင်းသွားတာမျိုးမဟုတ်ဘဲ မိခင်ရဲ့ ကျန်းမာ ရေးအခြေအနေကြောင့်သာ ဇာတ်ကားရိုက်ကူးမှု နည်းပါးသွားရတာပါလို့ ဆိုပါတယ်။ အခုအချိန်မှာ မိခင်ဖြစ်သူကို ကိုယ်တိုင်ပြုစုစောင့်ရှောက်နေတဲ့ မိုးဟေကိုက …

”မိုးအမေရဲ့ ကျန်းမာရေးကို ကိုယ်ကိုယ် တိုင် အစစအရာရာလုပ်ပေးချင်တဲ့အတွက်ကြောင့်ပါ။ အမေကျန်းမာရေးမကောင်းတော့ မလျှော့ချင် လည်း လျှော့ရမှာပဲ။ ဘယ်သူမဆို ကိုယ့်မိသားစုဝင် ထဲက အရေးကြီးတဲ့ မိခင်၊ ဖခင်တစ်ခုခုဖြစ်ရင် ဘယ်သားသမီးမဆို အကုန်လုပ်ပေးရမှာပဲ။ စိတ်ကိုက အလိုလိုလုပ်ပေးရမယ်ဆိုတာ ဖြစ် ပေါ်နေတဲ့အတွက် အမေ့ကို ဦးစားပေးလိုက်လို့ ပါ။ အမေမွေးထုတ်ပေးလိုက်လို့ ပြည်သူတွေ ချစ်တဲ့ မိုးဟေကိုဆိုတာ ဖြစ်လာတဲ့အခါကျတော့ အမေကျန်းမာရေးမကောင်းတဲ့အခါ ကိုယ်က ပစ်ထားလို့မရဘူးလေ”လို့ ဇာတ်ကားရိုက်ကူး မှုနည်းပါးသွားရခြင်းအကြောင်းကို ပြောပြ ပါတယ်။

အခုလတ်တလောမှာ မိုးရုပ် ရှင်ထုတ်လုပ် ရေးက စီစဉ်ရိုက်ကူးတဲ့ ၅ ကားမြောက် ရုပ်ရှင် ဇာတ်ကား ‘အမုန်းတွေခေါက်ထားလိုက်’ကို နိုဝင်ဘာ ၉ ရက်နေ့မှာ ရုံတင်ပြသသွားတော့ မှာပါ။ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး အနေနဲ့ ပရိသတ်ကြိုက်နိုင်မယ့် ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူး ဖြစ်ကြောင်းကိုတော့ …

”ဟာသ ဇာတ်ကားတွေတချို့ရိုက်ပါတယ်။ ဒရာမာ ဇာတ်ကားတွေလည်းရှိပါ တယ်။ ကြောက်မက်ဖွယ်ရာ ဇာတ် ကားတွေလည်း ရိုက်ထားပါတယ်။ အများကြီးပါပဲ။ ရုပ်ရှင်ထုတ်လုပ် ရေးအနေနဲ့ ကိုယ်က ပရိသတ်ကြိုက် နိုင်မယ့် ဘယ်အရာမဆို အကုန်လုံး ကို မျှပြီး ရိုက်ပါတယ်”လို့ မိုးဟေကိုက ပြောပြခဲ့ ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*