လက်ဝတ်ရတနာများကို အထူးဈေးနှုန်းဖြင့် ရောင်းချခဲ့သည့် New Star Gems & Jewellery ဆိုင် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ

လက်ဝတ်ရတနာများကို အထူးဈေးနှုန်းဖြင့် ရောင်းချခဲ့သည့် New Star Gems & Jewellery ဆိုင် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ
October 19, 2018 Asian Fame
လက်ဝတ်ရတနာများကို အထူးဈေးနှုန်းဖြင့် ရောင်းချခဲ့သည့် New Star Gems & Jewellery ဆိုင် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ


ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ရှိ New Star Gems & Jewellery ဆိုင်၏ ၂၅ နှစ်ပြည့် အထိမ်းအမှတ် ပွဲကို အောက်တိုဘာ လ ၆ ရက်နေ့က အဆိုပါဆိုင်တွင်ပြုလုပ်ခဲ့ရာ သန္တာ လှိုင်၊ ယွန်းယွန်း၊ ဆန်းသစ်လ စသည့် အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြသည်။ အဆိုပါ အထိမ်းအမှတ်ပွဲတွင် Customer များအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် လက်ဝတ်ရတနာများကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဂျာမနီနိုင်ငံထုတ် စက်ပန်းထိမ်ဖြင့် ထုတ်လုပ်ထားသည့် ရတနာပစ္စည်း သစ်များကိုလည်း မိတ်ဆက်ခဲ့သည်။

”ကျွန်မတို့ New Star Gems & Jewellery ဆိုင်က ၂၅ နှစ်ပြည့်ခဲ့ ပြီဆိုတော့ ဒီနေ့အထိ အားပေးလာ ကြတဲ့ Customer တွေကို ကျေး ဇူးတုံ့ပြန်တာပါ။ အရင်တုန်းက New Star က နိုင်ငံတကာ စံချိန်မီ တဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုပဲ ရောင်းတာ။ အခု လူတိုင်းဝယ်နိုင်တဲ့ တန်ဖိုးသင့်တင့်မျှတတဲ့ ပစ္စည်းတွေ ကိုလည်း မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံကထုတ်တဲ့ စက်ပန်း ထိမ်ပစ္စည်းနဲ့ ဟောင်ကောင်နည်း ပညာနဲ့ မြန်မာပြည်အထက်ပိုင်းမှာ ပထမဆုံး စက်ပန်းထိမ် ထူထောင် တာလည်းဖြစ်ပါတယ်။ တိုးတက်လာ တဲ့ခေတ်နဲ့အညီ လက်ဝတ်ရတနာ တွေ တီထွင်ပြီး ရောင်းချသွားမှာ လည်း ဖြစ်ပါတယ်။ ကျွန်မတို့ New Star က လူကြီး အကြိုက်တွေရော လူငယ်အကြိုက်တွေပါ ထုတ်လုပ် ရောင်းချသွားမှာပါ” ဟု New Star Gems & Jewellery ဆိုင်၏ Founder & Chairman ဖြစ်သူ ဒေါ်ရင်ရွှင်ကပြောသည်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*