Miss Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ

Miss Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ
October 18, 2018 Asian Fame
Miss Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ

နိုင်ငံပေါင်း ၈ဝ ကျော်မှ အလှ မယ်များ ပါဝင်ယှဉ်ပြိုင်သည့် Miss Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပလျက်ရှိသည်။ပြိုင်ပွဲ၏ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲ ဝင်များနှင့် မိတ်ဆက်ပွဲကို အောက် တိုဘာ ၈ ရက်နေ့ နေ့လယ် ၁ နာရီက ကရဝိက်နန်းတော်တွင် ပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံ၌ ပြိုင်ပွဲလာ ရောက်ကျင်းပဖြစ်ခဲ့ပုံနှင့် ပတ်သက် ပြီး President of Miss Grand International ဖြစ်သူ Mr.Nawat Itsaragrisil က…

”Miss Grand International 2018 ကို မြန်မာ နိုင်ငံမှာ ကျင်းပခွင့်ရတာ တကယ်ကို ကောင်းတဲ့အခွင့်အရေးလို့ ကျွန် တော် ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ မှာ ကွဲပြားတဲ့အစားအစာတွေ မျိုးစုံ ရှိတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ Miss Grand International ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး အကြိမ်ကျင်းပတာ ဖြစ်ပါတယ်။ အခုလို တရားဝင်လာရောက်ပြီး ကျင်းပခွင့်ရတဲ့အတွက်လည်း ဂုဏ် ယူမိပါတယ်။ အတွေ့အကြုံတွေလည်း အများကြီး ရပါတယ်။ Miss Grand International ပြိုင်ပွဲကိုတော့ ကမ္ဘာ မှာ စစ်ပွဲနဲ့ အကြမ်းဖက်မှုများ ရပ် တန့်စေဖို့အတွက် ကျင်းပရခြင်းဖြစ်ပါ တယ်”ဟု ပြောသည်။

Miss Grand International 2018 ပြိုင်ပွဲကို ယခုနှစ်တွင် ၆ ကြိမ် မြောက် ကျင်းပခြင်းဖြစ်ပြီး ၂ဝ၁၃၊ ၂ဝ၁၄ နှင့် ၂ဝ၁၅ ခုနှစ်တို့တွင် ထိုင်း နိုင်ငံ ဘန်ကောက်မြို့၊ ၂ဝ၁၆ ခုနှစ် တွင် အမေရိကန်နိုင်ငံ Les Vegas မြို့၊ ၂ဝ၁၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ Phu Quoe ကမ်းခြေတို့တွင် အိမ် ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြသည်။ Miss Grand International တွင် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း ပေါ်တိုရီကိုအလှမယ်၊ ကျူးဘား အလှမယ်၊ သြစတြေးလျ အလှမယ်၊ အင်ဒိုနီးရှားအလှမယ်နှင့် ပီရူးအလှ မယ်တို့က အသီးသီး အနိုင်ရရှိခဲ့ကြ သည်။ Miss Grand International 2018 ပြိုင်ပွဲတွင် Best National Costume ၊ Best in Swimsuit ၊ Best in Evening Gown၊ Best Social Media၊ Miss Popular Vote Award စသည့် Title Award များချီးမြှင့်သွားမည်ဖြစ်သည်။ Miss Grand International 2018 ၏ အမျိုးသားဝတ်စုံပြိုင်ပွဲကို အောက် တိုဘာ ၁၂ ရက်နေ့တွင် Grandamar Grand Ballroom ၌ကျင်းပခဲ့ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကို အောက် တိုဘာ ၂၅ ရက်နေ့တွင် The One Entertainment Park ၌ ပြုလုပ် သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှ မယ် ဆုမြတ်ဖူးကဝင် ရောက်ယှဉ်ပြိုင် လျက်ရှိသည်။

 

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*