မိုရီဆာကီဝင်း ပါဝင်သော Win’s Shooow Time ကို နိုဝင်ဘာ ၁၇ ရက်နေ့ စတင် ထုတ်လွှင့်မည်

မိုရီဆာကီဝင်း ပါဝင်သော Win’s Shooow Time ကို နိုဝင်ဘာ ၁၇ ရက်နေ့ စတင် ထုတ်လွှင့်မည်
October 17, 2018 Asian Fame Media
မိုရီဆာကီဝင်း ပါဝင်သော Win’s Shooow Time ကို နိုဝင်ဘာ ၁၇ ရက်နေ့ စတင် ထုတ်လွှင့်မည်

မြန်မာပြည်ဖွား ဂျပန်အဆို တော် မိုရီဆာကီဝင်းပါဝင်မယ့် Win’s Shooow Time အစီအစဉ် ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှစပြီး အပတ်စဉ် စနေနေ့ည ၈ နာရီမှာ MNTV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်ပါတယ်။ မိုရီဆာကီ ဝင်းရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်များနဲ့ အတူ Talk Show ၊ ရယ်စရာဟာသများ၊ သီချင်းများ၊ အကများနဲ့ Quiz Show လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဂျပန်မှာ ခရီး သွားနေတဲ့ ပျော်ရွှင်စရာ အစီအစဉ် တွေလည်း ပါဝင်တာကြောင့် ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မိုရီဆာကီဝင်းနဲ့အတူ Primax Boyband အဖွဲ့သား တွေနဲ့အတူ အရိုင်း၊ ရေဗက္ကာဝင်း တို့လည်း ပါဝင်မှာဖြစ်ပြီး မြန်မာနိုင် ငံကအနုပညာရှင်များကလည်း အထူး ပါဝင်ဖျော်ဖြေတင်ဆက်ပေး ကြဦးမှာပါ။ ဒီအစီအစဉ်နဲ့ ပတ် သက်ပြီး မိုရီဆာကီဝင်းက…

”Win’s Shooow Time ဆိုတာ က မြန်မာပြည်မှာ ပထမဦးဆုံး Variety Show ပါ။ ဟာသတွေရော၊ သီချင်းတွေရော၊ အကတွေရော အများကြီးပဲပါတဲ့ အစီအစဉ် တစ်ခုပါ။ ဦးအရိုင်းဆီက မြန်မာ စကားအသစ်တွေလည်း အများကြီး သင်ရပါတယ်။ အဲဒီအတွက် ကျွန်တော်မြန်မာစကား တဖြည်း ဖြည်းနဲ့ကျွမ်းလာပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီအစီအစဉ်ကို ပြန်ကြည့်တဲ့အချိန်မှာ တအားရယ် နေရပါတယ်။ ပျော်စရာကောင်းတဲ့ အစီအစဉ်လေးပါ။ ဂျပန်ကလည်း ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့အ တွက် ဂျပန်က ဘယ်လိုမျိုး ဗုဒ္ဓဘာ သာလဲ၊ ဘုရားကို ဘယ်လိုရှိခိုးလဲ၊ ယဉ်ကျေးမှုတွေကကော ဘယ်လို ရှိလဲ၊ အဲဒါတွေ အများကြီးပါဝင်မှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ မိုရီဆာကီဝင်းနဲ့အတူ ဒီအစီအစဉ်ကို ရိုက်ကူးပုံဖော်ခဲ့တဲ့ အရိုင်းက…

”အဝင်းက ဂျပန်နိုင်ငံမှာ အနေ များတယ်ဆိုပေမယ့် သူ့ရဲ့ခံယူချက် လေးက မြန်မာနိုင်ငံသားအနေနဲ့ ဒါမျိုးလေးတွေလုပ်ရတာ ကျေနပ်ပါ တယ်ဆိုတဲ့အခါကျတော့ သူ့ကို ဂျပန် နိုင်ငံက တာဝန်ရှိသူတွေကလည်း ချီးကျူးတယ်။ ကျွန်တော့်အနေ နဲ့လည်း သူကမြန်မာပြည်ကို မမေ့ဘူး။ မြန်မာပြည်ကို တန်ဖိုး ထားတယ်ဆိုတော့ လူငယ်တစ် ယောက်ဖြစ်ပြီး ဒီလိုစိတ်မျိုးရှိတဲ့ အတွက် သူ့ကို ချီးကျူးပါတယ်” လို့ မိုရီဆာကီဝင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောပါတယ်။ ဒီအစီအ စဉ်မိတ်ဆက်ပွဲကိုတော့ အောက်တို ဘာလ ၁၂ရက်နေ့ နေ့လယ် ၁ နာရီက ဆူးလေရှန်ဂရီလာဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။

 

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*