သူတို့ပြောတဲ့ မင်းသွေးအကြောင်း

သူတို့ပြောတဲ့ မင်းသွေးအကြောင်း
October 16, 2018 Asian Fame
သူတို့ပြောတဲ့ မင်းသွေးအကြောင်း


ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်စုံမှ အနုပညာရှင်တွေကြားမှာ သဘော၊ မနောဖြူစင်ရိုးသားသူရယ်လို့ နာမည်ကောင်းနဲ့ လူချစ်လူခင်များတဲ့ သရုပ်ဆောင်မင်းသွေးကွယ်လွန်ဆုံးပါးသွားမှုအပေါ် အားလုံးကနှမြောတသမဆုံး ဝမ်းနည်းကြေကွဲမဆုံးဖြစ်နေကြပါတယ်။ ဒါကြောင့် မင်းသွေး အသက်ရှင်နေထိုင်ခဲ့စဉ်က အနုပညာလှုပ်ရှားမှုတွေမှာရော လူမှုဘဝအရေးကိစ္စတွေမှာပါ မေ့မရနိုင်တဲ့ အမှတ်တရရှိခဲ့ပုံတွေနဲ့ပတ်သက်ပြီး အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ အောက်မေ့သတိရစကားသံတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဇာနည်

ကျွန်တော့်ညီတစ်ယောက်လို ရော သားသမီးတစ်ယောက်လိုရော ဖြစ်နေပြီ။ သားသမီးတစ်ယောက် ဆုံးရှုံးသွားသလို ခံစားရတယ်။ တအားဖြူစင်တယ်။ ရိုးသားတယ်။ တအားကူညီချင်တယ်။ ဘောလုံးဆို လည်း ဘောလုံးအပေါ်မှာ တစိုက် မတ်မတ်လုပ်ချင်တဲ့စိတ် ရှိတယ်။ အနုပညာဆိုလည်း အနုပညာပေါ်မှာ ရင်ထဲက ကုန်စင်အောင်လုပ်ချင်တဲ့ ဆန္ဒလေးရှိတယ်။ အဲဒီဆန္ဒတွေအား လုံး သူမရှိတော့ပေမယ့် အားလုံးဝိုင်း ပြီးဖြည့်ဆည်းပေးမယ်လို့လည်း မျှော် လင့်တယ်။ အဲဒီအတွက် သူကျေနပ် မှာပါ။

တင်မောင်ဆန်းမင်းဝင်း

သူက ကျွန်တော်နဲ့သွားတူ တယ်။ အမေချစ်တဲ့သားပေါ့။ မိဘကို သိတတ်တဲ့ကောင်လေးတစ် ယောက် ပေါ့။ ကိုနေတိုးလည်းအတူတူပါပဲ။ မိဘကိုလုပ်ကျွေးချင်ကြတဲ့သားသမီး တွေချည်းပဲလေ။ သူလုပ်ကျွေးချင်မှာ ပဲလေ။ သူ့အမေနေရာကနေလည်း ကျွန်တော်ခံစားပေးနိုင်တယ်။ ဘယ် လောက်ပဲ ပိုက်ဆံရှိနေရှိနေ ဘယ် လောက်ပဲချမ်းသာနေချမ်းသာနေ သားသမီးတိုင်းက လုပ်ကျွေးချင်ကြ တာချည်းပဲ။ သူ့မှာအဲဒီဆန္ဒရှိတယ်။ ဒါကြောင့်လည်းအခွေထုတ်ပြီး သူရ တဲ့ပိုက်ဆံကို အမေ့ကိုကန်တော့မယ် ဆိုတဲ့ပြောတဲ့အသံလေး ကြားခဲ့ဖူး တယ်။ ညီလေးငယ်နောက်ဘဝကျရင် သက်တမ်းပြည့်နေနိုင်ပါစေ။

မိုးယံဇွန်

ကျွန်တော့်ရဲ့အချစ်ဆုံး အ ကောင်းဆုံးသူငယ်ချင်း လောကကြီး က ထွက်သွားတော့ တော်တော်ခံစား ရတယ်။ အနုပညာအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတာထက် အ ပြင်မှာ သူငယ်ချင်းပေါင်းပေါင်း တယ်။ ဘောလုံးအတူကန်တယ်။ ညီ အစ်ကိုတွေလိုမျိုးပဲ။ ကျွန်တော် အ ပြင်လောကမှာ ပြဿနာတစ်ခုခု တက်တာတို့၊ တစ်ခုခုဝေခွဲမရဖြစ်တာ တို့ အဲဒီလိုမျိုးရှိရင် သူက အမြဲတမ်း ဆုံးမတယ်။ ကျွန်တော့်ထက် ၃ နှစ် ကြီးတယ်။ ဒါပေမဲ့ သူ့ကို ကိုမင်းသွေး လို့ ခေါ်ရင် မကြိုက်ဘူး။ တန်းတူ ပေါင်းခိုင်းတယ်။ သူငယ်ချင်းလိုမျိုးရင်ဖွင့်တဲ့အပိုင်းလည်းရှိတော့ အဲဒီ လို လူမျိုးဆုံးရှုံးရတော့ ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတယ်။ သူက ကျွန်တော့်ဆီက Diet Plan တွေ တောင်းတယ်။ Six Pack တွေ ဖြစ်ချင် တယ်တဲ့။ နောက်ရိုက်မယ့် ဇာတ်ကား အတွက် အဲဒီလိုဖြစ်ချင်တယ်တဲ့။ ကို ထွန်းထွန်းကလည်း အဲဒီလိုဖြစ်သွား တော့ သူလည်း အားကျပြီး ရှုတင်က ဘယ်တော့ပြန်လာမှာလဲတဲ့။ ကျွန် တော်က နောင်ချိုမှာ ဇာတ်ကားရိုက် ကူးနေတာ။ ပြန်လာမှာပေါ့ အလွန် ဆုံးကြာရက် ၂ဝ ပေါ့လို့။ Diet Plan ပေးလိုက်တော့ သူလုပ်နေပြီတဲ့။ ပြန် လာရင် သုံးယောက်သား အင်္ကျီ ချွတ် ပြီး ဓာတ်ပုံရိုက်မယ်ပေါ့။ အဲဒါပြော ပြီး သိပ်မကြာဘူး မကောင်းတဲ့ သတင်းကြားရတာပေါ့။ အခုအချိန် ထိ လက်မခံနိုင်သေးပါဘူး။

နေရဲ

ကျွန်တော်နဲ့ အစ်ကိုနဲ့အမှတ် တရတွေတော့ အများကြီးရှိခဲ့တယ်။ကျွန်တော်လည်း ကျွန်တော့်ဖေ့စ် ဘွတ်ခ်ပေါ်မှာ တင်ထားတာတွေ လည်းရှိတယ်။ ကျွန်တော်ကအငယ် ဆုံးဖြစ်တယ်။အားလုံးထဲမှာလည်း ကျွန်တော်က မျက်နှာအပြောင်ဆုံး။ကျွန်တော်အဆဲခံရဆုံး။သူပြောတဲ့ စကားတွေဆိုကျွန်တော်ကနောက်ကနေလိုက်ပြောတယ်။ အမြဲတမ်း နောက်ပြောင်ပြီးပြောနေကျပဲ။ နောက်ပြီးတော့ မှတ်မှတ်ရရ ကျွန် တော်တို့ နိုင်ငံကြီးသား ရုပ်ရှင်ဇာတ် ကားရိုက်ကူးတုန်းကဆုံခဲ့တာပေါ့ ကို မင်းသွေးနဲ့။ ကျွန်တော်တို့ အဲဒီမှာ ကားအက်စီးဒင့်ဖြစ်ကြတယ်။ ဇာတ် ကားရိုက်ကူးနေရင်းနဲ့ နောက်ကကား ကလိုက်ကပ်လာတာမရှိဘူးဆို ကီလို ၈ဝ လောက်ရှိမယ်။ နေပြည်တော် အမြန်လမ်းမှာပေါ့။ ကျွန်တော်တို့ ကကွေ့မယ့်ကားကို သူကမမြင်ဘဲ နဲ့တိုက်တာပေါ့နော်။ ကျွန်တော် ရော၊ ကိုမင်းမော်ကွန်းရောက အ ရှေ့မှာထိုင်တယ်။ခါးပတ်ပတ်ထား တယ်။ သူကအနောက်မှာထိုင်တာ လေ။ တကယ်တမ်းဖြစ် ခဲ့ရင် သူညပ် မှာလေ။ အဲဒါကိုသူကကျွန်တော့်ကိုညီလေးမင်းအဆင်ပြေရဲ့လား၊ ဇက် နာသွားတယ်ဆိုပြီးမေးတယ်။ အဲဒီ တော့ ကျွန်တော်စဉ်းစားမိတာက သူ့အတွက်တောင်မစဉ်းစားဘဲ ကျွန် တော့်အတွက်ပါ စိတ်ပူပေးတာ။တော်တော်စိတ်သဘောပြည့်တဲ့ အစ် ကိုတစ်ယောက် ဆုံးရှုံးသွားတော့ စိတ်မကောင်းဖြစ်မိတယ်။

အောင်သော်

ကျွန်တော်တို့တွေအားလုံးက သေမျိုးတွေချည်းပါပဲ။ ဒါပေမဲ့ အချိန်မတိုင်ခင်သေရတာလောက် နှမြောဖို့ကောင်းတာမရှိဘူး။ သူနိုင် ငံခြားမသွားခင်တုန်းကတော့ သူနဲ့ ကျွန်တော်အသင်းကိစ္စတွေ ပြောဖြစ် သေးတယ်။ အဲဒီလိုဖြစ်သွားတော့ ရင်ထဲမှာနည်းနည်းတော့ဆို့ သွား တယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ လေ။ သေမင်းကကောင်းတဲ့လူတွေ ရွေးခေါ်တာကိုး။ အဲဒီတော့ ကောင်း တဲ့လူတွေ သတိထားရမှာပေါ့။ သူက သိပ်ကောင်းတဲ့လူပါ။ ထိန်ပင်မီး လောင်ပြင်တုန်းကဆိုရင် သူကိုယ် တိုင်လိုက်လာပြီးတော့ မီးသတ်သမား တွေကို ထမင်းထုပ်လိုက်ဝေကျွေး တယ်။ ကွမ်းယာဆေးလိပ် အကုန် လိုက်ပေးတယ်။ ပရဟိတလည်း လက်မနှေးတဲ့လူပေါ့။ ရင်ထဲမှာ မ ကောင်းဘူးဗျာ။ သူကောင်းရာမွန်ရာ ကိုရောက်မှာပါ။ သူလုပ်ခဲ့တဲ့ကောင်း တာတွေအများကြီးပါ။ ပရဟိတ အတွက်လည်း လက်မနှေးဘူး။ ဘာ သာရေးအတွက်လည်း လက်မနှေး ဘူး။ ဒါကြောင့် ကောင်းရာမွန်ရာ ဘုံဘဝမှာရှိနေမှာပါ။

ပတ္တမြား ကေခိုင်

သူ့ကိုကြည့်လိုက်ရင်ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားလူငယ်တစ်ယောက်ပေါ့။ သူဟာ တော်တော်လေးဖြူစင်ပြီးတော့မှ ပွင့်လင်းတယ်။ သူနေတာ ထိုင်တာက မင်းသားနဲ့လည်းမတူဘူး။ နေတိုးနဲ့က နှင်းဆီပွဲနဲ့ပတ်သက်ပြီး အတူတူ အ လုပ်လုပ်ဖြစ်တာများတော့ မင်းသွေး ထက်ပိုသိတယ်ပေါ့။ ဒါပေမဲ့ တ ကယ်တမ်းခင်သွားတဲ့အခါမှာ သူ့ကို ပိုပြီးတော့ ခင်ပြီးတော့ အကျွမ်းတ ဝင်ရှိတယ်။ သူဟာအနုပညာနဲ့ပတ် သက်ရင် သူ့ရဲ့အမျိုးသားရေးနဲ့ ပတ် သက်ရင် အင်မတန်မှလေးနက်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

မမ

မင်းသွေးက မမထက် ၁ဝ နှစ် ငယ်ပေမယ့် တအားခင်မင်ဖို့ကောင်း တယ်။ ခင်မင်ဖို့ကောင်းတယ် စလိုက် နောက်လိုက်ဆိုပေမယ့် ရိုင်းလားဆို တော့လည်း မရိုင်းဘူး။ လေးစားမှု လည်း ရှိတယ်။ တအား ရင်းနှီးကြ တယ်။ ဘာသာရေးလည်း အတူတူ လုပ်ကြတယ်။ ဘုရားလည်း အတူတူ သွားတယ်။ အဓိဋ္ဌာန်လည်း အတူတူ ဝင်တယ်။ ညဘက် Bar တွေလည်း အတူတူ သွားတယ်။ အဲဒီလိုပေါင်း ကြတဲ့ သူငယ်ချင်းလေးပေါ့။ သူ့အ တွက် တအားနှမြောတာပေါ့။ သူလုပ် ခဲ့တာလေးတွေကို တအားအောင် မြင်ချင်တယ်။ သတ်ကွင်းဇာတ်ကား ဆိုလည်း တအားပေါက်ချင်တယ်။ အဲဒီအတွက် သူ့ရှိသမျှ အင်အားတွေ အကုန်စိုက်တယ်။ သူကြိုးစားခဲ့တာ တွေအတွက် ဂုဏ်ယူတာပေါ့။ စိတ် ရင်းလေး တအားကောင်းတယ်။ အမှတ်တရတွေက အများကြီးပဲ။ သူခရီးသွားမယ်ဆိုရင် သတိတရ ဖုန်းဆက်တယ်။ ဘာမှာမလဲတဲ့။ သူ တစ်ခါ ဘန်ကောက်သွားတုန်းက တစ်ခုခုမှာလိုက်ဆိုလို့ မိတ်ကပ်ကုန် နေတာနဲ့ မိတ်ကပ်မှာလိုက်တယ်။ ဒီအတိုင်းပဲပြောလိုက်တာ။ ယောက်ျား လေး တော်တော်များများက မှာလိုက် ရင်လွဲတယ်။ သူဆီကလည်း ဘာမှ မမျှော်လင့်ဘူး။ လွဲရင်လွဲ၊ မလွဲရင် မပါလာဘူးပေါ့။ ဒါပေမဲ့ သူပြန် လာတဲ့အချိန်ကျတော့ တကယ်ဝယ် လာတယ်။ မလွဲဘူး။ မင်းသွေး ယူ တော်တယ်ပေါ့။ သူများကို သူတတ် နိုင်တဲ့ဘက်က ကူညီပေးတယ်ပေါ့။

 

 

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*