တရားသူကြီးတစ်ဦးအဖြစ် မြင်တွေ့ရမယ့် သရုပ်ဆောင် နေဒွေး

တရားသူကြီးတစ်ဦးအဖြစ် မြင်တွေ့ရမယ့် သရုပ်ဆောင် နေဒွေး
October 9, 2018 Asian Fame Media
တရားသူကြီးတစ်ဦးအဖြစ် မြင်တွေ့ရမယ့် သရုပ်ဆောင် နေဒွေး

လူငယ်ပရိသတ်အားပေးမှုရရှိ လာတဲ့ သရုပ်ဆောင်နေဒွေးကတော့ လတ်တလောမှာ ဒါရိုက်တာဇမ္ဗူထွန်း သက်လွင် ရိုက်ကူးတဲ့’တုနှိုင်းမရတဲ့ မေတ္တာ’ရုပ်သံဇာတ်လမ်းတွဲမှာ မင်းသူ၊ အေးချမ်းမောင်၊ ခိုင်နှင်းဝေ၊ ပိုးအိ အိခန့်၊ နန်းရွှေရည်စတဲ့ သရုပ်ဆောင် များနဲ့အတူပါဝင်သရုပ်ဆောင်မှာဖြစ် ပါတယ်။ နေဒွေးအနေနဲ့ ဒုတိယမြောက် ရိုက်ကူးဖြစ်တဲ့ ဒီရုပ်သံဇာတ်လမ်း တွဲမှာတော့ နေဒွေးကိုတရားသူကြီး တစ်ယောက်အဖြစ် ပရိသတ်ကြီးက မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။ ဒီအ ကြောင်းနဲ့ပတ်သက်ပြီး နေဒွေးက…

”တရားသူကြီးဆိုတော့ အဓိ ကက စကားပြောပြတ်သားဖို့ရယ်၊ မျက်နှာထား အမူအရာတွေရယ်ကို ကြိုတင်လေ့လာပြီး ပြင်ဆင်ထားပါ တယ်။ နောက်ပြီး ဒီတရားသူကြီး ကာရိုက်တာက ကျွန်တော် တစ်ခါမှ မလုပ်ဖူးသေးပါဘူး။ ကာရိုက်တာတွေ ကတော့ အခုနောက်ပိုင်း အသက် လည်းကြီးလာပြီဆိုတော့ တည်တည် ငြိမ်ငြိမ်လေးတွေတွေ့ရဖို့များပါ တယ်” လို့ ပြောပါတယ်။

တရားသူကြီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မယ့် သူ့ကို တရား ဥပဒေနဲ့ပတ်သက်ပြီး လေ့လာထား တာတွေ ရှိလားလို့ မေးမြန်းခဲ့ရာ…

”ကျွန်တော်က ဆယ်တန်းပြီးလို့ First Year တက်တော့ ဥပဒေတက် တာပေါ့။ ပြီးတော့မှ Eco ပြန်ပြောင်း လိုက်တယ်။ အဲဒါကြောင့် ဥပဒေနဲ့ ပတ်သက်ပြီး တစ်နှစ်တက်ထားတဲ့ အတွေ့အကြုံတော့နည်းနည်းရှိပါ တယ်။ တိုင်းပြည်တစ်ပြည်မှာ ဥပဒေ ကရှိမှ အဆင်ပြေမှာလေ။ ဥပဒေ မရှိရင်ရာဇဝတ်မှုတွေ ပေါများလာမှာ ပေါ့။ ကျွန်တော်ကလည်း ဥပဒေ တစ်နှစ်ပဲတက်ဖူးတာဆိုတော့ တအား ကြီးတော့ မသိပါဘူး။ ဒါပေမဲ့ နည်း နည်းပါးပါးတော့လေ့လာထားတာရှိ ပါတယ်”လို့လည်း ပြောပြခဲ့ပါတယ်။

နေဒွေးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာလည်း ပါဝင်သရုပ်ဆောင်ဖြစ်နေပြီး ဒီနှစ်ထဲမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ မှာပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရ ကြောင်းပြောပြခဲ့ပါတယ်။

 

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*