လူရွှင်တော်ဝမ်းစတား မင်းထိုက်ပြောတဲ့ ဒိန်းဒေါင် အကြောင်း

လူရွှင်တော်ဝမ်းစတား မင်းထိုက်ပြောတဲ့ ဒိန်းဒေါင် အကြောင်း
October 5, 2018 Asian Fame Media
လူရွှင်တော်ဝမ်းစတား မင်းထိုက်ပြောတဲ့ ဒိန်းဒေါင် အကြောင်း

ပရိသတ်တွေအတွက် ဘဝအ မောပြေအောင် ဟာသတွေတင်ဆက် ပေးနေတဲ့ လူရွှင်တော် ဒိန်းဒေါင်နဲ့ မန္တလေးမြို့က လူရွှင်တော်ဝမ်းစတား မင်းထိုက်တို့ဟာ ညီအစ်ကိုအရင်းအ ချာသဖွယ် ရင်းနှီးချစ်ခင်ကြသူတွေ ပါ။ လူရွှင်တော်ဝမ်းစတား မင်း ထိုက်က အနုပညာအစ်ကိုဖြစ်တဲ့ ဒိန်းဒေါင်အကြာင်းကို ပြောပြတာက…

”ကျွန်တော့်အစ်ကို ကိုဒိန်းဒေါင် ဟာ လူရွှင်တော်မှန်သမျှကိုချစ်တယ်။ သူ့ ထက်ငယ်တဲ့သူ အဆင်မပြေတဲ့သူ ဆိုရင်သနားတတ်တယ်။ ကူညီ တတ်တယ်။ ပိုက်ဆံချေးပေးတယ်။ အခုကျွန်တော်နေတဲ့ အိမ်တောင် ကို ဒိန်းဒေါင်က ဝယ်ပေးထားတာ။ ကျွန် တော်က ၁ဝ သိန်းဆပ်လိုက် ၅ သိန်း ဆပ်လိုက်အဆင်ပြေသလိုဆပ်ရင်းနဲ့ အခုအကြွေးက နည်းနည်းပဲ ကျန် တော့တယ်ဗျ။ သူနဲ့ပတ်သက်ပြီး ဘဝင်မကျတာ ဘာရှိလဲဆိုတော့ သူ က ဖြစ်ချင်ပြီဆိုရင် လောလောနဲ့ လုပ်တယ်။ သူက ရှေးဟောင်းပစ္စည်း လေးတွေလည်း စိတ်ဝင်စားတယ်။ ရှေးဟောင်းပစ္စည်း သူလိုချင်တာ ဆိုရင် ဘာပဲဝယ်ဝယ် ဈေးမဆစ်ဘူး ဝယ်ချလာတယ်။ ဒါလေးတော့ ဘဝင်မကျဘူးဗျ။ ကိုဒိန်းဒေါင်နဲ့ ကျွန်တော်က အနုပညာညီအစ်ကိုပါ။ ကိုဒိန်းဒေါင်က ဘယ်သူမေးမေး မန္တလေးက ဝမ်းစတားမင်းထိုက်က ကျွန်တော့်ညီပါ ကျွန်တော့်ညီ အရင်း ပါလို့ ပြောတယ်။ တကယ်တမ်းကျ တော့ ကျွန်တော်တို့က ညီအစ်ကို အရင်းမဟုတ်ဘူးဗျ။ လွန်ခဲ့တဲ့ ၉ နှစ် လောက်က ဒါရိုက်တာအဏ်ထော်နီ ရိုက်ကူးတဲ့ဇာတ်ကားတစ်ခုမှာ သူမ အားလို့ သူ့အစား ကျွန်တော့်ကို ခေါ် ရိုက်ရင်းနဲ့ ကိုဒိန်းဒေါင်က သူနဲ့ ရုပ် ချင်းဆင်လို့ဆိုပြီး သူ့ရဲ့ ဗီဒီယိုကား လေးကား၊ ငါးကားလောက်ကို ခေါ် ရိုက်တယ်။ သူနဲ့ ရုပ်ရော အသံရော တူလို့ ဆိုပြီး ကျွန်တော့်ကိုချစ်တယ်။ အဲဒီကတည်းက ကိုဒိန်းဒေါင်က ကျွန်တော့် မိဘလိုပါပဲ။ ကျွန်တော့်ရဲ့ အစ်ကိုအရင်းလိုပါပဲ” လို့ ပြောပြခဲ့ပါ တယ်။

လတ်တလော အနုပညာလှုပ် ရှားမှုအကြောင်းကို …

”ကျွန်တော့်အစ်ကို ကိုဒိန်းဒေါင် က ဘယ်လောက်ပဲတွန်းအားပေးပေး ကျွန်တော်တို့ ကြိုးစားအားထုတ်မှုနဲ့ ကျွန်တော်တို့ ကံလည်း ပါတယ်။ ကိုဒိန်းဒေါင် အနုပညာနဲ့ပတ်သက်လို့ သူသိသမျှ တတ်သမျှကို ကျွန်တော်တို့ ကို ဆရာစားမချန်သင်ကြားပေး တယ်။ သူ့ရဲ့အရိပ်အောက်မှာပဲ သူ့ အငြိမ့်မှာပဲ ကျွန်တော်ကပါတယ်။ ပွဲ ရာသီမှာ ကိုဒိန်းဒေါင်နဲ့ကတယ်။ ပွဲ နားတဲ့အချိန်မှာ မန္တလေးကျောက် ဝိုင်းမှာ ကျောက်အရောင်းအဝယ် လည်း လုပ်ပါတယ်။ လတ်တလောမှာ ဖေ့စ်ဘွတ်ခ်မှာ ပုံတိုပတ်စလေးတွေ ဟာသလေးတွေ ပြောတာလေးတွေ တင်ဖြစ်ပါတယ်”လို့ လူရွှင်တော် ဝမ်း စတားမင်းထိုက်က ပြောပြပါတယ်။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*