ဒီဇင်ဘာည ထဲမှာ…

ဒီဇင်ဘာည ထဲမှာ…
October 4, 2018 Asian Fame Media
ဒီဇင်ဘာည ထဲမှာ…

မြို့ အထွက်လမ်းကြားကလေး တစ်ခုအနီးရှိ အခန်းမှာ ကျွန် တော် ငှားရမ်းနေခဲ့စဉ်က ဖြစ်သည်။ ကျွန်တော်သည် တစ်ကိုယ်စာနေထိုင် နိုင်သည့် အခန်းကျဉ်းကလေးကို ပြီး ခဲ့သောနှစ် ဒီဇင်ဘာက ငှားရမ်းနေ ထိုင်ခဲ့သည်။ ကျွန်တော်အလုပ်က ပြန်လာချိန်တွင် ညနေစောင်း၍ အမှောင်သန်းစပြုပေပြီ။ ဒီဇင်ဘာလ ထဲပေမို့ အမှောင်သန်းစ ညနေခင်း သည် အေးနေသည်။ ကျွန်တော် အခန်းကို ပြန်ရောက်တော့ ညစာကို ဖြစ်သလိုစားကာ ကော်ဖီပူပူတစ်ခွက် ဖျော်သောက်လိုက်သည်။ အခန်းထဲ တွင် မီးတစ်ပွင့်ထွန်းထားသည်။

အလင်းရောင်က လုံလောက်မှုရှိပါ သည်။ ကျွန်တော်မအိပ်နိုင်သေး။ အေးစက်သောညဥ့်ယံထဲမှာ ကျွန်တော့် စာအုပ်အတွက် သရုပ်ဖော်ပုံများကို ရေးဆွဲနေခဲ့သည်။ ကျွန်တော်သည် အဘိုးအိုတစ်ယောက်၏ ပုံသဏ္ဌာန် အမျိုးမျိုးကို တစ်ကြောင်းဆွဲ မင်ခြစ် လက်ရာများအဖြစ် ရေးဆွဲနေခဲ့ သည်။ အဘိုးအိုသည် ကျွန်တော့်ရှေ့ က စာရွက်ပေါ်မှာ ငြိမ်ငြိမ်သက်သက် ထိုင်နေသည်။ ကျွန်တော့်အခန်းကျဉ်း ကလေး၏ တံခါးပေါက်ကို ပိတ်ထား လိုက်သည်။ သို့ရာတွင် အခန်းကျဉ်း ကလေး၏ အောက်ခြေဟနေသော နေရာမှ ဆောင်းနှောင်းလေများက အေးစက်စွာဝင်ရောက်လာကြသည်။

ကျွန်တော်သည် နံနက်ပိုင်းက စတိုး ဆိုင်မှ ဝယ်ယူခဲ့သော ခြေအိတ်ညို ညိုကို ဝတ်ဆင်ထားသည်။ ဂျင်း အင်္ကျီပြာပြာကို ခန္ဓာကိုယ်ထက်မှာ ဝတ်ဆင်ထားသည်။ ညဥ့်နက်လေ အအေးက ပိုလာလေပင်။ အေးစက် သော ညဥ့်ယံထဲမှာ တော်တော်နှင့် ကျွန်တော်မအိပ်နိုင်ဘဲ တစ်ကြောင်း ဆွဲမင်ခြစ်လက်ရာများကို ဆက်လက် ရေးဆွဲနေခဲ့ရသည်။ ကျွန်တော့်ရှေ့က စာရွက်ဖြူဖြူပေါ်တွင် အဘိုးအိုသည် တိတ်ဆိတ်နေသည်။ ကော်ဖီပူပူတစ် ခွက်ကို သောက်ထားသဖြင့် ကျွန် တော်အိပ်ချင်စိတ်မရှိ။ ကျွန်တော်၏ စဉ်းစားဆင်ခြင်မှုထဲတွင် နှစ်အတန် ကြာကပင် ရောက်ရှိနေခဲ့သော အဘိုးအိုကို တစ်ကြောင်းဆွဲမင်ခြစ် လက်ရာများအဖြစ် တဖြည်းဖြည်း ကျွန်တော်ရေးနိုင်လာခဲ့သည်။ ငါက အသက်ကြီးပြီ၊ ဟင်းတွေက သိုးတော့ မယ်။ အိမ်ပြန်ကြပါစို့။ အစရှိသော စာသားအချို့ကို ကျွန်တော်ရေးဖြစ် ခဲ့သည်။ ထိုစဉ်ကပင် ကျွန်တော်သည် အိုမင်းမှုအကြောင်း အဘိုးအိုကြီးများ အကြောင်းကို တရေးရေးမြင် တွေ့ခဲ့ သည်။

ညဥ့်က နက်လေပြီ။ အခန်း ကျဉ်းကလေးထဲမှ မီးရောင်မှာ လင်း နေလျက်ပင်။ ခြေအိတ်ညိုညို ဝတ် ဆင်ထားသဖြင့် ခြေဖျားက နွေးနေ ၍ တော်ပါသေးသည်။ ကျွန်တော့် နားရွက်ဖျားကလေးများက အေးစက် နေပေပြီ။ ဒီဇင်ဘာညတစ်ည၏ အေးစက်မှုထဲမှာ ကျွန်တော်တော် တော်နှင့် မအိပ်နိုင်။ မင်အိုးထဲမှာ မင်ရှိသည်။ ကျွန်တော့်ရှေ့က စာ ရွက်ဖြူဖြူပေါ်တွင် အဘိုးအိုတစ် ယောက်သည် သူ့ဘာသာမည်သူ့ကို မျှစကားမဆိုဘဲ မလှုပ်မယှက်ရှိနေ သည်။ ကျွန်တော်သည် မိတ်ဆွေ အယ်ဒီတာ၏ မဂ္ဂဇင်းတစ်စောင်ထဲ တွင် အဘိုးအိုကဗျာများကို လအ တန်ကြာရေးနိုင်ခဲ့သည်။ ယခုမူ ထို ကဗျာများအတွက် ကျွန်တော်၏ မင် ခြစ်လက်ရာကို တစ်ကြောင်းဆွဲရေး နေခြင်းဖြစ်သည်။ ဤသို့ဖြင့် လူတစ် ယောက်သည် စာရေးရင်း စာဖတ် ရင်း ရုပ်ပုံများရေးဆွဲရင်းဖြင့် အိုမင်း လာလိမ့်မည်သာ။

ဤသို့ဖြင့် လူ တစ်ယောက်သည် ဒီဇင်ဘာဆောင်း ညများ ကုန်ဆုံးသွားသောအခါ ဇန်နဝါရီနံနက်ခင်းများ ဖြတ်သန်းပြီး သောအခါ ဖေဖော်ဝါရီနေ့လယ်ခင်း များ လွန်မြောက်သွားသောအခါ မတ်လ၏ ညနေခင်းပူပူများကို ကျော်ဖြတ်ပြီးသောအခါ သူသည် အို မင်းလာလိမ့်မည်သာ။ ဤသို့ဖြင့် လူ တစ်ယောက်သည် သူ၏ အမှတ်ရ ချက်များကို ပြောပြပြီးသောအခါ သူ ၏ မေ့လျော့မှုများကို လွှတ်ချထား ပြီးသောအခါ သူ၏ တိုးဖျော့ညင်သာ သော ဘဝနေထိုင်မှုနှင့် အသားကျ သွားသောအခါ သူသည် အိုမင်းလာ လိမ့်မည်သာ။ ဤသို့ဖြင့် လူတစ် ယောက်သည် သူ၏ညစာကို ကုန် အောင်မစားနိုင်ဘဲ သူ၏ လှုပ်ရှားမှု ကို မပြိုလဲစေဘဲ သူ၏အညစ်အကြေး ကို သူကြိုးစားသုတ်သင်ရင်း အိုမင်းခဲ့ ပေပြီ။

ကျွန်တော်သည် အခန်းကျဉ်း ကလေးထဲမှာ ငြိမ်သက်စွာထိုင်နေ ရင်း ကျွန်တော်ရရှိနိုင်မည့် အနုပညာ အခကြေးငွေကို မှန်းဆတွက်ချက်နေ မိသည်။ ညဥ့်ကားနက်ခဲ့ပြီ။ ကျွန် တော်သည် လျော့ရဲတွန့် ကျနေသော ခြေအိတ်ညိုညိုကို ခြေထောက်အရင်း သို့ ဆွဲတင်လိုက်သည်။ ဂျင်းအင်္ကျီ ကြယ်သီးများကို တပ်လိုက်သည်။ စားပွဲပေါ်မှ စက္ကူများကို သိမ်းဆည်း လိုက်သည်။ ဤမျှလောက်ဆိုလျှင် ကျွန်တော်နှစ်ခြိုက်စွာ အိပ်ပျော်နိုင် ပါပြီ။

 

နေမျို

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*