အရောင်ကြာရှည်ခံသည့် Revlon Colorstay Exactify Eyeliner အသစ်မိတ်​ဆက်

အရောင်ကြာရှည်ခံသည့် Revlon Colorstay Exactify Eyeliner အသစ်မိတ်​ဆက်
September 28, 2018 Asian Fame Media
အရောင်ကြာရှည်ခံသည့် Revlon Colorstay Exactify Eyeliner အသစ်မိတ်​ဆက်


Revlon ၏Product အသစ်​ဖြစ်​သည့်Colorstay Exactify Eyeliner ပစ္စည်းသစ်​မိတ်​ဆက်​ပွဲကို စက်​တင်​ဘာလ ၁၅ ရက်​နေ့က ရန်​ကုန်မြို့ Sule Square တွင်ကျင်းပပြုလုပ်​ ခဲ့သည်​။ အဆိုပါမိတ်ဆက်ပွဲတွင် နိုင်​ငံကျော်​အနုပညာရှင်​များ၊Beauty Bloggerများနှင့် Revlon ချစ်​သူများတက်​ရောက်​ခဲ့ကြသည်​။

”အသစ်​ထွက်တဲ့ Eyeliner က Colorstay ဖြစ်​တဲ့ အတွက်​အရောင်​ကြာရှည်​ခံတယ်​။ ထူးခြားတာက Brush ကို Wheel ပုံစံမျိုးထည့်​ ထားတာဖြစ်​တဲ့အတွက်​ Eyeliner ဆွဲတဲ့အခါ ဒီ Wheel လေးကိုအသာ လေးလှိမ့်​လိုက်​တာနဲ့သပ်​သပ်​ရပ်​ရပ်​လေးနဲ့လှနေမှာပါ။ ဒီ Eyeliner လေး ကိုစမ်းသုံးကြည့်​ပါ။ ထူးခြားပြီး အ ဆင်​ပြေတာကိုတွေ့ရပါလိမ့်​မယ်”ဟု ပွဲကျင်းပပြုလုပ်​ဖြစ်​ပုံနဲ့ပတ်​သက်​ပြီး Product Manager မအေးမြတ်သူ ကပြောသည်​။

Colorstay Exactify Eyeliner ကို Revlon Counter တိုင်းတွင် ပထမ အပတ်​မိတ်​ဆက်​သည့်အနေဖြင့် ဈေးနှုန်း ၁၅၆ဝဝကျပ်နှင့် ရောင်းချ ခဲ့ပြီး နောက်ပိုင်းတွင်ဈေးနှုန်းအနည်း ငယ်အပြောင်းအလဲရှိမည်ဖြစ်ကြောင်း သိရသည်။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ – ဇော်​ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*