အရင်ကထက် ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိလာတဲ့ နေမင်းအိမ်

အရင်ကထက် ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိလာတဲ့ နေမင်းအိမ်
September 26, 2018 Asian Fame Media
အရင်ကထက် ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိလာတဲ့ နေမင်းအိမ်

အနုပညာဘဝအစမှာ ကိုယ်ပိုင် Band လေးထောင်ပြီး သူငယ်ချင်းတွေနဲ့ သီချင်းဆိုဖြစ်တဲ့ နေမင်းအိမ်။ ပြီးတော့ Galaxy Star သီချင်းဆိုပြိုင်ပွဲပြိုင်တယ်။ Winner ဖြစ်တယ်။ သီချင်းတွေဆို ခွင့်ရသလို ဟိုးအရင်အတိတ်နဲ့လည်း ကွာခြား သွားပြီ။ ဘာတွေကွာခြားသွားပြီလဲ။ ဘာတွေပြောင်းလဲသွားပြီလဲဆိုတော့ …

”ကွာခြားတာတွေကတော့ အများကြီးပဲဗျ။ အရင်တုန်းကတော့ ကျွန်တော်ပြိုင်ပွဲမပြိုင်ခင် သူငယ်ချင်းတွေနဲ့ ကိုယ် ဝါသနာပါတယ် ဆိုပြီး သူငယ်ချင်းတွေနဲ့ Band လေးဖွဲ့ပြီး သီချင်းလုပ်ခဲ့တဲ့ အချိန်နဲ့ အခုချိန်နဲ့ တအားကို ကွာခြားသွား ခဲ့ပြီ။ ပြိုင်ပွဲမှာလည်း ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အတွေ့အကြုံကောင်းများစွာ ရရှိခဲ့သလို တကယ်တမ်း ပြိုင်ပွဲ ပြီးဆုံးသွားတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း ဆက်လက် လျှောက်လှမ်းလာခဲ့တယ်။ အခွေထွက်ဖြစ်ပြီးတဲ့အခါမှာလည်း အခွေနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေ ထပ်ရတယ်။ ပိုပြီးတော့ ဝမ်းစာပြည့်လာသလို ခံစားမိပါတယ်။ ဝမ်းစာပြည့်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် Perfect ဖြစ်တယ်လို့ဆိုလိုတာမဟုတ်ဘူး။ ကျွန်တော်တို့ ဂီတနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အတွေ့အကြုံ ကောင်းတွေရရှိလာတယ်ဆိုတာကို ပြောချင်တာပါ။ အဲဒီအတွက်ကြောင့်လည်း အရင်ကထက်တော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ယုံကြည်ချက်ရှိလာတယ်လို့ ပြောချင် ပါတယ်” လို့ နေမင်းအိမ်ကပြောပါတယ်။ တစ်ကိုယ်တော်အခွေလည်းထွက်ပြီးသွားပြီဖြစ်တဲ့ နေမင်းအိမ်က သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း…

”ကျွန်တော် ဒီကြားထဲ ပရိသတ်နဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားသလို ဖြစ်သွားမှာစိုးလို့ Group အခွေလေးတွေထဲမှာ Single အနေနဲ့ ပါဝင်အားဖြည့်ထားတယ်။ နောက်ထပ် Group အခွေလေးတွေမှာ လည်း ပါဝင်ထားပါတယ်။ ဒီနှစ် ထဲမှာပဲ ကျွန်တော်ထွက်ရှိဖြစ်မှာပါ။ Group အခွေလေးတွေလေ။ ပြီးတော့ ဒုတိယအခွေအတွက်ကိုလည်း သီချင်းတွေစပြီးတော့ စုဆောင်းနေပါပြီ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*