ပထမဦးဆုံးသရုပ်ဆောင်ရတဲ့အတွကအခက်အခဲတွေ ရှိတယ်ဖြိုးမြတ်အောင်

ပထမဦးဆုံးသရုပ်ဆောင်ရတဲ့အတွကအခက်အခဲတွေ ရှိတယ်ဖြိုးမြတ်အောင်
September 14, 2018 Asian Fame Media
ပထမဦးဆုံးသရုပ်ဆောင်ရတဲ့အတွကအခက်အခဲတွေ ရှိတယ်ဖြိုးမြတ်အောင်

Myanmar Idol Season-3 Winner ဆုရှင် အဆိုတော်ဖြိုးမြတ် အောင်ကတော့ စက်တင်ဘာလ ၇ ရက်နေ့ သူ့ရဲ့ဇာတိမြေဖြစ်တဲ့ ဟင်္သာတမှာ သူ့ရဲ့ ပရိသတ်တွေအတွက် ဖျော်ဖြေပွဲတစ်ပွဲပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင်က …

“၇ ရက်နေ့ ပွဲကတော့ ထွေ ထွေထူးထူးမရှိပါဘူး။ ကျွန်တော် Winner ဖြစ်ရင် ပြန်လာတဲ့အချိန် ကျရင် ကျွန်တော့်မိသားစုတွေရှိတဲ့ ဟင်္သာတမြို့မှာ ကျွန်တော့် မိသားစုတွေအတွက် ပွဲလေးတစ်ပွဲလုပ်ပေး မယ်ပေါ့။ အဲဒီလိုရည်မှန်းထားခဲ့တာ။ အခုကျွန်တော်လည်း Winner ဖြစ်ပြီဆိုတော့ ကျွန်တော့်မြို့မှာ ပြန်ပြီး တော့ ကျွန်တော် ငယ်ငယ်တုန်းက လက်တွဲခဲ့တဲ့ ကျွန်တော့် Brand နဲ့ အတူ စုပေါင်းပြီးတော့ မိသားစုတွေ ဖျော်ဖြေတဲ့ပွဲလေးပါ။ ကျွန်တော့် Myanmar Idol က သူငယ်ချင်းတွေလည်း ခေါ်ထားတယ်။ မောင်ချိုကျတော့ အခုလတ်တလော သူအလုပ်တွေ ရှုပ်နေတယ်လေ။ သူတို့ကို ခေါ် ကြည့်ပါတယ်။ သူတို့တွေလည်း မအားကြ ဘူး။ ဇော်ကြီးတို့လည်း အကုန်ခေါ်ပါတယ်။ သူတို့တွေ မအားကြတော့မလာဖြစ်ဘူး ပေါ့နော်။ ကျွန်တော့်ရဲ့ပွဲမှာနေခန့်တို့ မငွေ စင်တို့တော့လာရောက်ဖျော်ဖြေပေးတယ်’ လို့ ပြောပါတယ်။


ဧကရာဇာဓာတ်ဖျန်းမြေသြဇာ ကြော်ငြာရိုက်ကွင်းမှာ ပထမဦးဆုံး သရုပ်ဆောင်ရတဲ့အတွက် အခက် အခဲ တွေ ရှိလားလို့ မေးကြည့်တဲ့အခါ မှာတော့ ဖြိုးမြတ်အောင်က…

“အခက် အခဲကတော့ ရှိပါတယ်။ ပထမဦးဆုံး ကြော်ငြာဖြစ်တဲ့ အတွက်ကိုယ်လည်း ဒီသရုပ်ဆောင်တဲ့ ပိုင်းကျတော့ မကျွမ်းကျင်ဘူး။ အဲဒီအတွက် အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ကြော် ငြာတွေ ထပ်ရိုက်ရမယ်ဆိုရင် ကျွန် တော်မကျွမ်းကျင်တဲ့အတွက် အခက်အခဲတွေအများကြီးရှိမှာပါ။ ထပ် ရိုက်ဖို့ကတော့ မသေချာသေးဘူး။ အခြေအနေကြည့်ရဦးမှာပါ”လို့ ပြော ပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*