ခင်လှိုင်နဲ့ သေမှခွဲမယ်ဆိုတဲ့ ဒိန်းဒေါင်

ခင်လှိုင်နဲ့ သေမှခွဲမယ်ဆိုတဲ့ ဒိန်းဒေါင်
September 12, 2018 Asian Fame Media
ခင်လှိုင်နဲ့ သေမှခွဲမယ်ဆိုတဲ့ ဒိန်းဒေါင်


အနုပညာလောကမှာ ဇာတ်ပို့၊ ဇာတ်ရံ၊ လူရွှင်တော်အဖြစ် အားလုံးက အသိအမှတ်ပြုပြီး ပရိသတ်ချစ်ခင်အားပေးမှုရရှိထားသူကတော့ ဒိန်း ဒေါင်ပဲဖြစ်ပါတယ်။ လူရွှင်တော်အဖြစ်သာမကဘဲကိုယ်တိုင်ပါဝင် သရုပ်ဆောင် ပြီး ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘ချွန်တွန်း’ဇာတ်ကားနဲ့လည်း ပရိသတ် အားပေးမှုရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းဇာတ်ကားတွေ မှာ သရုပ်ဆောင်တာ သိပ်မတွေ့ရတော့တာ ဘာကြောင့်လဲလို့ မေးကြည့်တဲ့ အခါ ဒိန်းဒေါင်က “ကားရိုက်တွေကျဲသွားတယ်။ ကျွန်တော်ဆိုတစ်လလုံးနားရ တာတွေရှိတယ်။ တစ်ခါမှ မကြုံဖူးဘူး။ ကိုယ့်အတွက်ရော အားလုံးအတွက်ရော စိတ်မကောင်းဘူး။ ရိုက်တဲ့ဒါရိုက်တာကလေး၊ ငါးဦး လောက်ပဲရှိတော့တယ်။ အရင်က ရုပ်ရှင်မရှိရင် ဗီဒီယိုလေးရိုက်ရတော့ အဆင်ပြေသေးတယ်။ ရုပ်ရှင် ကလည်း သိပ်မရိုက်ရ၊ ဗီဒီယိုကလည်း မရိုက်ရဆိုတော့အဆင်မပြေဘူး။ အခုကကိုမော့စ်ပြောသလိုပဲ ကိုယ့်တံတွေးကိုယ်ပြန်မျိုချနေရတယ်”လို့ ပြော ပြခဲ့ပါတယ်။

ကိုယ်တိုင်လည်းဒါရိုက်တာအဖြစ်ရိုက်ကူးထားတယ်။ ထပ်ပြီးရိုက်ကူးဖို့ရော အစီအစဉ်ရှိသေးလား၊ တွဲဖက်ညီတဲ့ ကိုခင်လှိုင်နဲ့ပူးပေါင်းပြီးတော့ ဘယ် လိုအနုပညာတွေ ပရိသတ်ကိုချပြသွားဦးမလဲဆိုတာကို “ကျွန်တော် ဘယ်သွား သွား၊ ဘယ်မှာတွေ့တွေ့ ‘ချွန်တွန်း’ဇာတ်ကားပဲတောင်းနေတယ်။ ထပ်မရိုက် တော့ဘူးလား အမြဲမေးတယ်။ ကျွန်တော်လည်း ဒါရိုက်တာအဖြစ် ရိုက်ကူး ချင်တယ်။ ငှားမယ့်သူမရှိလို့။ ကိုခင်လှိုင်နဲ့က ပူးပေါင်းပြီးတော့ အနုပညာတွေ ပရိသတ်ကိုချပြသွားဖို့ အစီအစဉ်ရှိတယ်။ အခုက ကိုခင်လှိုင် ဒါရိုက်တာ လုပ်မယ့်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်”လို့ ဒိန်းဒေါင်က ပြောပြခဲ့ ပါတယ်။

ကိုခင်လှိုင်နဲ့လည်း အတွဲများတယ်။ လိုက်လည်းလိုက်ဖက်ညီတဲ့ ကိုခင် လှိုင်ကိုရော ဘယ်လိုမြင်မိလဲဆိုတာကို “သူက တကယ်ကို အတုယူသင့်တဲ့ လူရွှင်တော်၊ ဇာတ်ပို့၊ ဇာတ်ရံကောင်းတစ်ယောက်ပါ။ သူနဲ့က အချစ်ဆုံး သူငယ်ချင်းတွေပေါ့။ သေမှခွဲကြမယ့် ပုဂ္ဂိုလ်တွေ။ နောက်နောက်ပြောင်ပြောင်နဲ့ တအားလည်းချစ်တယ်။ တကယ်ပါ။ မတွေ့ရရင်တကယ်သတိရတာ။ သူလည်း ကိုယ့်ကို လွမ်းသလို ကိုယ်လည်း သူ့ကိုလွမ်းတယ်”လို့လည်း ဒိန်းဒေါင်က ပြောပြခဲ့ပါသေးတယ်။
ဒိန်းဒေါင်က လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပြီး လက် ရှိအချိန်မှာတော့ သက်ကြီးလူရွှင်တော်ပူဇော်ကန်တော့ပွဲ ရန်ပုံငွေပွဲအတွက် လုပ်ဆောင်နေပါတယ်။ အဆိုပါ ရန်ပုံငွေပွဲကိုတော့ စက်တင်ဘာ ၁၅ ရက်နေ့ မှာရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါပွဲမှ ရရှိငွေ များကို သက်ကြီးလူရွှင်တော်တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ သက်ကြီး လူရွှင်တော်ပူဇော်ပွဲကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ် ပါတယ်။

ခိုင်ဝါဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*