Variety Showအတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်Lee Seng Yeob နဲ့ Seo Jang-Hoon

Variety Showအတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်Lee Seng Yeob နဲ့ Seo Jang-Hoon
September 11, 2018 Asian Fame Media
Variety Showအတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်Lee Seng Yeob နဲ့ Seo Jang-Hoon

ပရိသတ်တွေ အများအပြား အားပေးကြတဲ့ Running Manအစီအစဉ်မှ ရိုက်ကူးရေးအဖွဲ့သား တချို့၊ ကိုရီးယား သရုပ်ဆောင် Lee Seng Yeobနဲ့ Seo Jang-Hoonတို့ ဟာ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက် ရှိခဲ့ပါတယ်။

ပရိသတ်ရဲ့ အားပေးမှု အခိုင်အမာ ရထားတဲ့သူတို့တွေ ရန် ကုန်ရောက်နေတဲ့အတွက် မြန်မာပရိ သတ်တွေ တော်တော် ဝမ်းသာနေကြ ပါတယ်။ သူတို့တွေဟာ စက်တင်ဘာ လ ၇ ရက်နေ့မှာ ရန်ကုန်မြို့ ဝါးတန်း လမ်းက ရှမ်းအစားအစာတွေရတဲ့ ‘ရှမ်းရိုးရာ’ စားသောက်ဆိုင်မှာ နေ့ လယ်စာ စားသောက်ခဲ့ကြပြီး ညနေ ပိုင်းမှာတော့ ရွှေတိဂုံဘုရားကို သွား ရောက်ဖူးမြော်ခဲ့ကြပါတယ်။

Running Manထဲမှ ရိုက်ကူး ရေးအဖွဲ့သားတချို့ Lee Seng Yeobနှဲ့Seo Jang-Hoonတို့ဟာ SBS က ရိုက်ကူးမယ့် Variety Show အတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ အသက် ၃၅ နှစ်ရှိပြီ ဖြစ်တဲ့ Lee Seng Yeob ဟာ ဆိုရင်တော့ တောင်ကိုရီးယား နိုင်ငံရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူကတော့ ၂ဝ၁၁ ခုနှစ်မှာ ရိုက်ကူး ခဲ့တဲ့ I Live in Cheongdan-dong ဇာတ်ကားနဲ့ ၂ဝ၁၇ ခုနှစ်မှာ ရိုက်ကူး ခဲ့တဲ့ While You were sleeping ဇာတ်ကားနဲ့ အမြင့်ဆုံးအောင်မြင် မှုကို ရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ဦး လည်း ဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ်မှာ အနုပညာလောကကို စတင်ဝင် ရောက်ခဲ့ပြီး ယနေ့အချိန်မှာတော့ သရုပ်ဆောင်ပိုင်းရော ဖျော်ဖြေရေး အစီစဉ်တွေရော လုပ်ဆောင်လျက်ရှိ ပါတယ်။

သတင်း

ဓာတ်ပုံ- သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*