ရွှေဝါရောင်တော်လှန်ရေးအကြောင်း ထည့်သွင်းရိုက်ကူးထားတဲ့ ‘မိုးပန်းပွင့်ရဲ့ သင်္ကေတ’ ရုပ်ရှင်ဇာတ်ကားအထူးပွဲပြသ

ရွှေဝါရောင်တော်လှန်ရေးအကြောင်း ထည့်သွင်းရိုက်ကူးထားတဲ့ ‘မိုးပန်းပွင့်ရဲ့ သင်္ကေတ’ ရုပ်ရှင်ဇာတ်ကားအထူးပွဲပြသ
September 11, 2018 Asian Fame Media
ရွှေဝါရောင်တော်လှန်ရေးအကြောင်း ထည့်သွင်းရိုက်ကူးထားတဲ့ ‘မိုးပန်းပွင့်ရဲ့ သင်္ကေတ’ ရုပ်ရှင်ဇာတ်ကားအထူးပွဲပြသ

Forever Group မှ စီစဉ်ထုတ် လုပ်ထားကာ ဝတ္တုနှင်းဝေငြိမ်း၊ ဇာတ်ညွှန်း အဝေရာမင်း၊ ဒါရိုက်တာ ကိုပေါက်တို့ ရိုက်ကူးပုံဖော်ထားတဲ့ ‘မိုးပန်းပွင့်ရဲ့ သင်္ကေတ’ ရုပ်ရှင်ဇာတ် ကားအထူးပွဲကို စက်တင်ဘာ ၄ ရက် နေ့က Junction City (JCGV) မှာ ပြသခဲ့ပါတယ်။

အဆိုပါဇာတ်ကား မှာ ရန်အောင်၊ ရဲအောင်၊ စိုးမြတ် သူဇာ၊ မေသဉ္ဇာဦး၊ ဟန်လင်းသန့်၊ မေမြင့်မိုရ်၊ နေအဉ္ဇရာ (ခြူးလေး)နဲ့ သရုပ်ဆောင်ပေါင်းများစွာတို့က ပါ ဝင်သရုပ်ဆောင်ထားကြပါတယ်။ အဆိုပါဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ ကိုပေါက်က…

“ကျွန်တော် ဒီဇာတ်ကားကို စေတနာတွေ အများ ကြီးနဲ့ ရိုက်ကူးထားတယ်။ ဒီ ဇာတ် ကားကို ဇာတ်ညွှန်းစရေးရင်းနဲ့ အခု ရုံတင်တဲ့အထိကို ကျွန်တော် အချိန် ၇ နှစ်လောက်ကြာတယ်။ ၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်ထိ ကြားက ဖြစ်သွားတဲ့ သုံးပွင့်ဆိုင် အချစ်ကို ဖော်ညွှန်းထားတဲ့အတွက် ‘ရွှေဝါ ရောင်တော်လှန်ရေး’ဆိုပြီး အရေး ခင်းကြီးအကြောင်း ပါလာတယ်။ ဇာတ်ကားကြည့်လိုက်ရင် သိပါလိမ့် မယ်။ နိုင်ငံရေးဇာတ်ကား ဟုတ်လား မဟုတ်ဘူးလားဆိုတာကို။ ပရိသတ် ကြီး အားပေးကြပါ။ ဒီဇာတ်ကားကို ကြည့်လိုက်ရင် ကျွန်တော့်ရဲ့ စေတနာ တွေကို မြင်တွေ့ရပါလိမ့်မယ်။ ပြီးပြီး ရော ရိုက်ကူးထားတဲ့ဇာတ်ကားမဟုတ် ဘူးဆိုတာကို ရုံထဲဝင်ရောက် ကြည့် လိုက်ရင် ပရိသတ်ကြီးသိပါလိမ့်မယ်” လို့ ပြောပြပါတယ်။

‘မိုးပန်းပွင့်ရဲ့ သင်္ကေတ’ရုပ်ရှင်ဇာတ်ကားကို စက် တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများတွင် တစ်ပြိုင်တည်းပြသသွားမှာဖြစ်ပါ တယ်။

ခိုင်ဝါဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*