မောင်သစ်လွင် (လူထု) အသက် ၈၄ နှစ်ပြည့်နဲ့ စာနယ်ဇင်းသမားသက် ၆၁ နှစ်ပြည့် အခမ်းအနားကျင်းပ

မောင်သစ်လွင် (လူထု) အသက် ၈၄ နှစ်ပြည့်နဲ့ စာနယ်ဇင်းသမားသက် ၆၁ နှစ်ပြည့် အခမ်းအနားကျင်းပ
September 11, 2018 Asian Fame Media
မောင်သစ်လွင် (လူထု) အသက် ၈၄ နှစ်ပြည့်နဲ့ စာနယ်ဇင်းသမားသက် ၆၁ နှစ်ပြည့် အခမ်းအနားကျင်းပ

စာရေးဆရာ၊ သတင်းစာဆရာ မောင်သစ်လွင်(လူထု)ရဲ့ အသက် ၈၄ နှစ်ပြည့် မွေးနေ့နဲ့ စာနယ်ဇင်း သမား သက် ၆၁ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၃၁ ရက်မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေ သာစံမြို့နယ် ၆၂ လမ်းနှင့် ၁၄ လမ်းထောင့်ရှိ ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးမှာ ကျင်းပခဲ့ရာ မန္တလေးစာပေအနုပညာရပ်ဝန်းမှ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်း ဆရာ၊ပန်းချီဆရာများ၊ သတင်းမီဒီယာများနဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

ဆရာမောင်သစ်လွင်(လူထု)က မွေးနေ့ အထိမ်းအမှတ်နဲ့စာနယ်ဇင်းသမားသက် ၆၁ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ဆရာရရှိခဲ့သမျှ စာမူခများ စုဆောင်းထားတဲ့ငွေကျပ် ၁ဝ သိန်းနဲ့ စာအုပ်များကို ဇီဝိတဒါန သာသနာ့ဆေးရုံမှာ လှူဒါန်းခဲ့ပြီး လာရောက်တဲ့မိတ်ဆွေအပေါင်းကို စာအုပ်များ ပေးဝေခဲ့ပါတယ်။ ဆရာ မောင်သစ်လွင်(လူထု) ဟာ ၁၉၅၆ ခုနှစ်ထုတ် သွေးသောက်မဂ္ဂဇင်းမှာ ထင်လတ်ကလောင် အမည်နဲ့ ဝတ္တုတို၊ဆောင်းပါး၊ စာညွန့်များရေးသားခဲ့ပြီး၁၉၅၇ ခုနှစ်မှာ မန္တလေးမြို့က ထုတ်ဝေတဲ့ လူထုသတင်းစာ တိုက်မှာ အယ်ဒီတာအဖြစ် သတင်း စာရပ်စဲသွားတဲ့အထိ လုပ်ကိုင်ခဲ့ပါ တယ်။

သတင်းစာပညာကို လူထု ဦးလှ၊ လူထုဒေါ်အမာ၊ အယ်ဒီတာ သူရ (ရှမ်းပြည်)နဲ့ စာပြင်ဆရာကြီး ဦးလေးဟန်တို့ထံမှ သင်ကြားခဲ့ပြီး လူထုသတင်းစာမှာ ခေါင်းကြီး၊ နိုင်ငံ တကာရေးရာ ဆောင်းပါးနဲ့ အခြား ဆောင်းပါးများကို ရေးသားခဲ့ပါ တယ်။ ကလောင်ခွဲများမှာ ထင်လတ်၊ မောင်ဝတ်ရည်၊ မောင်ချစ်ခင်၊ အေး အေးမွန်၊ ထွန်းလင်း၊ မောင်စာတို့ဖြစ် ပါတယ်။ ၁၉၈၉-၉ဝ ခုနှစ်မှာ မန္တလေး မြို့က ထုတ်ဝေတဲ့ ရွှေဝတ်ရည် မဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ပြီး အခုချိန်ထိ စာနယ်ဇင်းများမှာ ဝတ္တုတိုနဲ့ ဆောင်းပါးများရေးသားနေဆဲ ဖြစ် ပါတယ်။

ချမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*