ဆရာ မြို့မငြိမ်း၏ နတ်သျှင်နောင် နှင့် ဆရာရွှေပြည်အေး၏ ကျေးစေတမန်

ဆရာ မြို့မငြိမ်း၏ နတ်သျှင်နောင် နှင့် ဆရာရွှေပြည်အေး၏ ကျေးစေတမန်
September 11, 2018 Asian Fame Media
ဆရာ မြို့မငြိမ်း၏ နတ်သျှင်နောင် နှင့် ဆရာရွှေပြည်အေး၏ ကျေးစေတမန်

“ချစ်တဲ့သူ ..ဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင် ..ထင်မြင်မိစေတဲ့ ဘုရားတိုင် …စစ်ချီရတုတွေရေးလို့ အော် …ကျေးငှက်ကို စေလိုစေ”

စစ်ထွက်သူ နတ်သျှင်နောင်မှ နေပြည်တော်တွင် ကျန်ရစ်ခဲ့သည့် ချစ်ရတဲ့သူ ဓာတုကလျာမင်းသမီး လေးသို့ လွမ်းရသည့် အလွမ်းကို ဆရာမြို့မငြိမ်းက ‘နတ်သျှင်နောင်’ စစ်ထွက်စာဆိုဘက်မှနေ၍ ကိုယ် စားပြု ရေးဖွဲ့ခဲ့သည့် နတ်သျှင်နောင် သီချင်းမှ တေးစာသားပိုဒ်ကလေး ဖြစ်ပါသည်။
ဤသို့ဆိုလျှင် နေပြည်တော်မှာ ကျန်ရစ်ခဲ့သည့် ဓာတုကလျာ မင်းသ မီးကလေးဘက်ကကော သူ့မောင် တော် နတ်သျှင်နောင်သို့ လွမ်းရ သည့် အလွမ်းကို ကိုယ်စားပြု ရေးဖွဲ့ ပေးမည့် တေးပြုစာဆိုရှိပါသလားဟု စာရှုသူဘက်က မေးစေချင်ပါသည်။ ဤမေးခွန်းကို မေးစေချင်သည်မှာ လည်း စာရေးသူက အလွန်နှစ်လိုစွာ ဖြေချင်လွန်း၍ ဖြစ်ပါသည်။

အောက်ပါတေးစာသားလေးကို ဆက်လက်ဖတ်ကြည့်စေချင်ပါသည်။

“စစ်သွေးတွေက တဝေဝေ.. .ချစ်ရေးခက်ခက်သူတွေ…ပူစေ …နှင်းမှုန်ခြွေလေ ပြည်သွေးချိန် မို့…မယ့်တစ်ကိုယ် တည်းမျှော်ရင်း မှာလေ …စစ်ခင်းသူရေ အသည်း ရင်တွင်း ထင်မြင် လာမိသလေ ..”

ဓာတုကလျာမှ စစ်ထွက်စာဆို ချစ်ကြင်ရသူ နတ်သျှင်နောင်အပေါ် လွမ်းရသည့်အလွမ်းကို တေးပြုစာ ဆို ဆရာရွှေပြည်အေးက ဓာတုက လျာကိုယ်စား ပြန်လှန်ဖွဲ့ဆိုလိုက် သည့် အလွမ်းတေးစာသားဖြစ်ပါ သည်။ တာဝန်အရ စစ်ထွက်သွားသူ ကြင်သူသက်ထား နတ်သျှင်နောင် အား တကယ်တော့လည်း တား၍ မဖြစ်နိုင်ပါ။ ဓာတုကလျာ၏ ခံစားမှု ကို ဆရာရွှေပြည်အေးက ဤသို့ဆက် လက်တေးစာသားဖွဲ့ဆိုပြန်ပါသည်။

“ဖော်ရွေပျော်နေ မေချစ်သူ တစ်ပါးပေမို့ ခွင့်လွှတ်ကာထားမသင့် ပေ . . . ချစ်အားတွေ အလွန်မြူး သော်လည်း ကြည်နူးခွန်ချိုမြှူသံ ပြောရန်ခက်သေး . . . မယ့်ကြင် သူလေးရယ်က . . . အဝေးနှင်လို့နေ ချစ်ရေးစစ်သွေးဆူကာဝေ . . .”

စစ်ထွက်စာဆိုကြီးဖြစ်၍ ရတု ဘုရင်ဟုလည်း မြန်မာစာပေတွင် ထင်ရှားမှတ်တမ်းတင်ရသူ နတ်သျှင် နောင်ဘက်ကလည်း စစ်မြေတစ် နေရာမှာ နားနေခိုက် အချိန်လေးတွေ မှာပင် သူ့ချစ်သူ ဓာတုကလျာထံသို့

“ဖြေလည်းငယ် ဖြေ … ပြေ နိုင်ပါဘဲ စစ်ထွက်ဆဲ ..တောင်ငူ ဘုရင်မှာလေ လွမ်းစာခွေ ရွှေပေ ထက်မှာ …တင်ရှာပေ”

ဟု စာဆို နတ်သျှင်နောင်၏ ပေါ်နွေလလျှင် အစချီရတုပိုဒ်ကို တေးစာသားတစ် ပိုဒ်အဖြစ် ထည့်သွင်းလျက် ဆရာ မြို့မငြိမ်းက ပြန်လည်မြင်ယောင် ရေးဖွဲ့ခဲ့ပြန်သည်။

ပေါ်နွေလလျှင်၊ တောင်ကခြိမ့် မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း၊
မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်း ထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊
ထွေထွေစွန်းက၊ ရေသွန်းသာ ကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊
ကြာညွှတ်ဖယောင်း၊
နေရှိန်ပြောင်းသို့၊
ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွင်လေလျင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင် ပျံ့ကြွမတတ်သော်။

ရှေ့တန်းတစ်နေရာမှ နတ်သျှင် နောင်ရေးပို့လာသော အလွမ်းရတု ရွှေပေလွှာအား ဓာတုကလျာ မင်းသ မီးလေး ဖတ်ရှုရဟန်တူပါသည်။ သူကလည်း ချစ်ရခင်ရလွမ်းရသူ နတ်သျှင်နောင်ထံ အလွမ်းစေသဝဏ် မည်သို့ပြန်လည်ပေးပို့ရမည်ကို စဉ်း စားနေခဲ့ရှာမှာပဲဟု ဆရာရွှေပြည် အေးက ဓာတုကလျာဘက်မှ တွေး ကြည့်ပေးခဲ့ပုံရပါသည်။ ဤသို့ဖြင့် ဆရာရွှေပြည်အေးက ဓာတုကလျာ ကိုယ်စား တေးစာသား ဆက်လက် ရေးဖွဲ့ပြန်ပါသည်။

“မြသွေးဖြာတဲ့ကျေးတမာ . . .ပေါက်လဲဝါခိုင်ရွှေညှာက . . . မေစက်ရာ ရွှေသဉ္ဇာသို့ တူယှဉ်လာ မယ်မှာစမ်းမယ်ပ . . . လွမ်းသူရဲ့ သဝဏ်ကိုယူကာ . . . စစ်မြေတ လင်းမှာကွယ် ချစ်နေရင်း သူလေးသို့ သာ . . . ပေးပါတော့ မြသွေးငှက် ကျေးရွှေတမာ”

ဓာတုကလျာသည် သူအိပ်စက် ရာ ဆောင်ခန်းအတွင်း သလွန် ညောင်စောင်းထက်တွင် လဲလျောင်း ရင်းမှ အပြင်လောကသို့ ငေးကြည့် နေခိုက် အလွမ်းသဝဏ်လွှာအား စစ် မြေတလင်းမှ ချစ်သူထံ ဆောင်ယူ ပေးပို့စေလိုကြောင်း မြသွေးရောင် ကျေးတမာလေးအား သူ့အနားတူ ယှဉ်လာရန် လှမ်းခေါ်၍ မှာကြားနေ ပုံကို ဆွတ်ပျံ့ကြည်နူးဖွယ် ရေးဖွဲ့ပေး ခဲ့ပြန်ပါသည်။

စစ်မြေမှာ ရက်ရှည်ကြာနေရဆဲ ဖြစ်သည့်နတ်သျှင်နောင်အဖို့ ရာသီ တွေပြောင်းတိုင်း ရာသီအလိုက် ပွင့် သည့်ပန်းမျိုးစုံကို ချစ်ရတဲ့သူ ဓာတု ကလျာအတွက် ရည်စူး၍ ခူးဖြစ်ခဲ့ သည်။ ခူးသာခူးရသည်။ ချစ်သူရဲ့ ဆံမြညှာကေမှာတော့ ပန်မပေးနိုင်ခဲ့ ပါပေ။ ရောက်မယ်အထင်နဲ့ မျှော် ရင်း ပူဆွေးနေရှာရော့မယ်ဟု နေပြည် တော်တွင် ကျန်ရစ်သူ ဓာတုကလျာ မင်းသမီးလေးသို့ စစ်မြေတစ်နေရာ မှ နတ်သျှင်နောင်စစ်ထွက် ယောက်ျား က ကရုဏာသက်စွာ တွေးကြည့်နေ ပုံကို ဆရာမြို့မငြိမ်းက ဤသို့ ရေးဖွဲ့ ပြန်ပါသည်။

“ပိတောက်တွေ ရွှေရည်လူးကြ မယ့်အခြေ…ပုလဲငုံစပယ်ဖြူ ဖူး ခိုက်ဝေဝေ …ပန်းမျိုးစုံရာ သီကုန် ကူးခဲ့ပေါ့လေ…ချစ်သူကို ရည်စူး ခူးတဲ့လို့ခြွေ…ကိုယ် တိုင်လှရာရာ ရွေးလို့ ဆင်မပေးရ ဆံမြညှာကေ . ..စစ်မြေမှာ ကြာညောင်းရက်ရှည် …ရောက်မည် အထင်နဲ့ မျှော်တဲ့ သူပူ ဗျာပွေ…တတွေးတွေးဆွေး ရှာရော့မယ်လေ”

စစ်ထွက်စာဆို နတ်သျှင်နောင် ၏ အလွမ်း၊ နေပြည်တော်တွင် ကျန် ရစ်ခဲ့သူ ဓာတုကလျာ၏ အလွမ်းတို့ ကို ပီပြင်အောင် အပြန်အလှန် တေး စာသား ရေးဖွဲ့ခဲ့ကြသူ ဆရာမြို့မငြိမ်း နှင့် ဆရာရွှေပြည်အေးတို့၏ အနုပ ညာမြောက် ဂနÄဝင်မြောက် တေးသီ ချင်းများဖြစ်ကြသည့် နတ်သျှင်နောင် နှင့် ကျေးစေတမန် သီချင်းများကို မှတ်တမ်းတင် ဂုဏ်ပြုရေးဖွဲ့အပ်ပါ သည်။

မောင်ညွန့်နွယ် (စန္ဒရား)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*