သီးလေးသီး မျှော်စင်ကျွန်း ၁၁ နှစ် ပြည့် အငြိမ့်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်သွားမည်

သီးလေးသီး မျှော်စင်ကျွန်း ၁၁ နှစ် ပြည့် အငြိမ့်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်သွားမည်
September 10, 2018 Asian Fame Media
သီးလေးသီး မျှော်စင်ကျွန်း ၁၁ နှစ် ပြည့် အငြိမ့်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်သွားမည်


သီးလေးသီးမျှော်စင်ကျွန်း ၁၁ နှစ်ပြည့်ပွဲကို ဒီနှစ်ထဲမှာ ပြုလုပ် သွားမယ်လို့ သီးလေးသီးအဖွဲ့မှ လူ ရွှင်တော် ပန်းသီးက ပြောလာပါ တယ်။ အဆိုပါပွဲလုပ်ဖို့ အတွက်ကို လည်း ဦးဇာဂနာနဲ့ တိုင်ပင်နေဆဲ ဖြစ်ပြီး သူတို့အနေနဲ့ကတော့ မျှော် စင်ကျွန်းမှာပဲ လုပ်ချင်ပါတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ လုပ်ချင်တာက တော့ အဲဒီနေရာပေါ့လေ။ ဒါပေမဲ့ ပရိသတ်တွေလာနိုင်တဲ့အားနဲ့ Indoor ဖြစ်မလား Outdoor ဖြစ် မလားဆိုတာကတော့ နည်းနည်းစဉ်း စားရဦးမယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ နှစ်စဉ်ရယ်လို့တော့ မလုပ် ဖြစ်ဘူး။ ကျွန်တော်တို့ အပြင်မှာ က နေရင်းနဲ့ အမှတ်တရအနေနဲ့က လိုက်တာမျိုးတွေတော့ရှိတယ်။ ဒီနှစ် ကတော့ ဒါကို သီးသန့်ပွဲလုပ်ဖို့ စီ စဉ်မှာပါ။ စပွန်ဆာရမယ်ဆိုရင်တော့Free Show လုပ်ချင်ပါတယ်။ ကိုယ့် ပရိသတ်တွေ လွတ်လွတ်လပ်လပ် ကြည့်လို့ ရအောင်ပေါ့လေ” လို့ မျှော် စင်ကျွန်း ၁၁ နှစ်ပြည့်ပွဲနဲ့ ပတ်သက် လို့ ပန်းသီးကေ ပြာပြပါတယ်။ သီး လေးသီးအငြိမ့်အဖွဲ့ရဲ့သက်တမ်းကတော့ ၁၅ နှစ်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အနုပညာလောကမှာ ၁၅ နှစ်တာ ကာလအထိ ဖြတ်သန်းခဲ့ပြီးပြီဖြစ်တဲ့ သီးလေးသီးအငြိမ့်အဖွဲ့အနေနဲ့ သူ တို့ရဲ့ ဖြတ်သန်းမှုအပေါ် ဘယ်လို သုံးသပ်မိလဲလို့ မေးတော့ …

“ကျွန်တော်တို့က မနေ့တစ်နေ့ ကလိုပဲ ကျွန်တော်တို့တွေက ခံစား နေရတာ။ ကျွန်တော်တို့ အသက်တွေ ကြီးလာပြီ။ ကိုယ့်ထက်အသက်တစ် ဝက်ငယ်တဲ့ လူငယ်တွေရောက်လာ ပြီ။ ရောက်လာသော်ငြားလည်း ကျွန် တော်တို့မှာ ကျွန်တော်တို့ လုပ်ချင် တဲ့အလုပ်တွေကို လုပ်နေရတဲ့အတွက် အားရကျေနပ်မှု မရှိသေးဘူး။ ဘာ တွေလုပ်ပြချင်သေးလဲဆိုတဲ့ စိတ်က လေးတွေနဲ့ပဲ နေ့တိုင်းရှင်သန်နေ တာ။ အဲဒီတော့ ဒီနေ့ဒီအချိန်အထိ ကိုယ်လုပ်နေတဲ့အလုပ်ကို အားရ ကျေနပ်မှုမရှိသေးဘူး။ ဆက်ကြိုးစား ရဦးမှာပဲ။ ကျွန်တော်တို့ ကာလက တော့ စစ်အုပ်ချုပ်ရေးကာလပေါ့ လေ။ အခုကတော့ပွင့်လင်းမြင်သာမှု ရှိတဲ့ ဒီမိုကရေစီစနစ်တစ်ခုမှာ ဆို တော့ ကွာတာကတော့ ဆီနဲ့ ရေပေါ့ လေ။

ကွာတာကတော့ ပြောမယ်ဆို ရင်တော့ အများကြီးပါပဲ။ တော် တော်ကွာသွားပါပြီ။ ပြက်လုံးတစ် လုံးပြက်မယ်ဆိုရင်တောင် ကျွန် တော်တို့က မပွင့်လင်းသေးတဲ့ အချိန် မှာ ပြက်ရတာက အရသာတစ်မျိုး၊ ပွင့်ပွင့်လင်းလင်းဖြစ်လာပြီဆိုတဲ့ အချိန်ကြမှ ပြက်ရတဲ့အရသာတစ်မျိုးအဲဒီနှစ်မျိုးက ဘယ်လိုမှကိုနှိုင်းယှဉ် လို့ မရပါဘူး”လို့ ပြောပါတယ်။

သီးလေးသီးအနေနဲ့ လက်ရှိ အစိုးရကိုကော ဘယ်လိုထောက်ပြ နေဖြစ်လဲလို့မေးတော့…

“လက်ရှိအစိုးရကိုတော့ နေ့ တိုင်းကိုပဲ ဖေ့စ်ဘွတ်ခ်မှာ ထောက်ပြ နေတာပါပဲ။ ဒီနေ့လည်း ထောက်ပြ နေတယ်။ မနက်ဖြန်လည်း ထောက် ပြနေဦးမယ်။ ထောက်စရာတွေတော့ အများကြီးပါပဲ။ ဘယ်အစိုးရ တက် တက် ကျွန်တော်တို့ တိုင်းပြည်ကို အုပ်ချုပ်တဲ့အစိုးရကတော့ ထောက် ပြခံရမှာပါပဲ။ ဝေဖန်ခံရမှာပဲ။ တိုး တက်ချင်ရင်တော့ အစိုးရကိုထောက် တာလည်း ထောက်ပေါ့။ပြည်သူကိုယ် တိုင်ကလည်း နံပါတ် ၁ စည်းကမ်းရှိ ဖို့ လိုအပ်ပါတယ်။
အစိုးရလည်း စည်းကမ်းရှိမယ်၊ ပြည်သူလည်း စည်းကမ်းရှိမယ်။ ဒီမို ကရေစီစနစ်တစ်ခုကို စည်းနဲ့ကမ်းနဲ့ ကိုယ်စီအသိစိတ်ဓာတ်နဲ့သွားမယ် ဆိုရင် အမြန်ဆုံးကျွန်တော်တို့တိုး တက်နိုင်မှာပါ”လို့ ပန်းသီးက ပြော ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*