ဒါရိုက်တာလုပ်ပြီး သမိုင်းကို ထောက်ပြဖို့ ကြိုးစားနေတဲ့သရုပ်ဆောင်နေထက်လင်း

ဒါရိုက်တာလုပ်ပြီး သမိုင်းကို ထောက်ပြဖို့ ကြိုးစားနေတဲ့သရုပ်ဆောင်နေထက်လင်း
September 5, 2018 Asian Fame Media
ဒါရိုက်တာလုပ်ပြီး သမိုင်းကို ထောက်ပြဖို့ ကြိုးစားနေတဲ့သရုပ်ဆောင်နေထက်လင်း

သရုပ်ဆောင် နေထက်လင်းကတော့ မကြာမီမှာဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးပုံဖော်မယ့် ‘တိုင်စာ’ ရုပ်ရှင်ဇာတ်ကားမှာ သမီးကိုချစ်တဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ Facebook လူမှုကွန်ရက်ပေါ်မှာ ဖြစ်ပျက်တတ်တဲ့ သင်ခန်းစာယူဖွယ် အဖြစ်အပျက်များကို ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။ အဆိုပါဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး နေထက်လင်းက …

“တိုင်စာ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်ကတော့ သားသမီးကို ချစ်တဲ့ ဖခင်ကောင်းတစ်ယောက်ပေါ့။ သမီး မင်္ဂလာဆောင်မယ့်အချိန်မှာ Facebook နဲ့ပတ်သက်တဲ့ ပြဿနာ အကြီးအကျယ်ဖြစ်ပြီး ကိုယ့်သမီး အရှက်ကွဲသွားတယ်။ အဲဒီအချိန်မှာ မိဘကောင်းတစ်ယောက် အနေနဲ့ သားသမီးအတွက် လုပ်သင့်လုပ်ထိုက် တာကိုလုပ်လိုက်တဲ့ပုံစံလေးပါ။ ပညာပေးဇာတ်ကားလည်း ဖြစ်ပါတယ်။ Facebook ဆိုတာကိုတော့ အလွန်အကျွံ မသုံးသင့်ပါဘူး။ အစ်ကိုကတော့ Facebook ကို တစ်ပတ်တစ်ခါလောက်ပဲ သုံးဖြစ်တယ်။ သုံးရင်လည်း သတင်းလောက်ပဲ ကြည့်ဖြစ်ပါတယ်” လို့ ပြောပါ တယ်။ သူကတော့ သရုပ်ဆောင်တစ်ဦး ဖြစ်သလို ဒါရိုက်တာဖြစ်ဖို့လည်း ကြိုးစားနေသူပါ။ ကုမ္ပဏီထောင်ပြီး ဒါရိုက်တာလုပ်ဖို့ ကြိုးစားနေပါတယ်လို့ ပြောလာတဲ့ နေထက်လင်းက …

“ကျွန်တော် အခုသရုပ်ဆောင် ကနေ ဒါရိုက်တာလုပ်ဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီထောင်ဖို့လည်းရှိတယ်။ အဲဒါတွေကို အကောင်အထည် ဖော်ဖို့ ကျွန်တော် ပိုက်ဆံစုနေပါ တယ်။ ပိုက်ဆံရှိတဲ့သူတွေနဲ့ ပူးပေါင်းရင်လည်း ပူးပေါင်းရမှာပေါ့။ အခြေ အနေ စောင့်ကြည့်နေပါတယ်။ မြန်မာ့ရုပ်ရှင်ကို ကျွန်တော်အားမရပါဘူး။ ဒီထက်ကောင်းတဲ့ ဇာတ်လမ်းတွေ၊ ဒီထက်ကောင်းတဲ့ မင်းသားမင်း သမီးတွေအစုံပါတဲ့ သမိုင်းကိုထောက်ပြတဲ့ ဇာတ်ကားတွေ ရိုက်ကူးချင်တယ်။ ဒီဘက်ခေတ်မှာလည်း ထောက်ပြချင်တဲ့အရာတွေရှိပါတယ်။ အဲဒါ ကြောင့် ကျွန်တော် ဒါရိုက်တာလုပ်တဲ့အခါကျရင်လည်း ပရိသတ်ကို အားပေးစေချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*