Facebook သုံးရင်းနဲ့ ဖုန်းတစ်လုံးကြောင့် ဖြစ်သွားတဲ့ပြဿနာကို နေမျိုးအောင် ပြောပြ

Facebook သုံးရင်းနဲ့ ဖုန်းတစ်လုံးကြောင့် ဖြစ်သွားတဲ့ပြဿနာကို နေမျိုးအောင် ပြောပြ
September 4, 2018 AsianFame MediaGroup
Facebook သုံးရင်းနဲ့ ဖုန်းတစ်လုံးကြောင့် ဖြစ်သွားတဲ့ပြဿနာကို နေမျိုးအောင် ပြောပြ

သဘာဝကျကျ ပီပြင်တဲ့ အိုက်တင်တွေကြောင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သရုပ်ဆောင် နေမျိုးအောင်ကတော့ လက်ရှိမှာ ဒါရိုက်တာစတီးလ် (ဒွေး မေတ္တာ)ရိုက်ကူးပုံဖော်မယ့် ‘ တိုင်စာ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် အကြောင်းအရာများနဲ့ ပတ်သက်ပြီး သရုပ်ဆောင် နေမျိုးအောင်က အခု လို ပြောပြခဲ့ပါတယ်။

”တိုင်စာ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော့်ကာရိုက်တာကတော့ ကားဒရိုင်ဘာပေါ့။ အဓိကဇာတ်ကောင်လည်း ဖြစ်ပါတယ်။ Facebook သုံးရင်းနဲ့ ဖုန်းတစ်လုံးကြောင့် ဖြစ်သွား တဲ့ပြဿနာ အဲဒီလိုဇာတ်လမ်းလေးပါ။ လူတန်း စားအလွှာမျိုးစုံကို Facebook နဲ့ ပတ်သက်တဲ့အကြောင်းတွေ ပညာပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားလို့ ပြောလို့ ရပါတယ်။ ကျွန်တော်လည်း Facebook သုံးပါတယ်။ ကျွန်တော်ကတော့ ကိုယ့်အတွက် အသုံးဝင်တာလောက်ပဲ သုံးပါတယ်။” လို့ ပြောပြခဲ့ပါတယ်။

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)နဲ့ ရုပ်ရှင်ကားတွေဆက်တိုက် ရိုက်ကူးဖြစ် တယ်နော်လို့ဆိုတော့…

”ကျွန်တော် ပါဝင်ရိုက်ကူးတဲ့ ဇာတ်လမ်းအမျိုးအစားမှန်သမျှက ဇာတ်ကောင်ကို ဦးစားပေး တဲ့ဇာတ်လမ်းတွေပဲ ရိုက်ကူးနေရပါတယ်။ ရုပ်ရှင်တွေဆိုလည်း ဒါရိုက်တာ ကိုစတီးလ် (ဒွေးမေတ္တာ)နဲ့ပဲ အများဆုံး ရိုက်ကူးဖြစ်ပါတယ်။ ဘာကြောင့် သူနဲ့အရိုက်များလဲဆိုရင် သူက ဇာတ်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဒါရိုက်တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အသက်အရွယ်နဲ့ ကျွန်တော်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ကာရိုက်တာမျိုးကို သူခေါ်ရိုက် တာပါ။ ကျွန်တော် ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကလည်း ကာရိုက်တာတစ်ခုရှိတဲ့အတွက် ပရိသတ်ရင်ထဲကို ရောက်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ နေမျိုးအောင်က ပြောပါတယ်။ သူကတော့ MRTV-4 မှ မကြာခင် ရိုက်ကူးတော့မယ့် ‘တတိယမြောက် ဆုံမှတ်’ ရုပ်သံဇာတ်လမ်းတွဲ မှာလည်း ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*