စိန်ခေါ်မှုတွေနဲ့ နာမည်ကြီးဦးမယ့်အကယ်ဒမီနေတိုးရဲ့ ကာရိုက်တာအသစ်

စိန်ခေါ်မှုတွေနဲ့ နာမည်ကြီးဦးမယ့်အကယ်ဒမီနေတိုးရဲ့ ကာရိုက်တာအသစ်
August 31, 2018 Asian Fame Media
စိန်ခေါ်မှုတွေနဲ့ နာမည်ကြီးဦးမယ့်အကယ်ဒမီနေတိုးရဲ့ ကာရိုက်တာအသစ်


‘တာတူး’ ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်လမ်း၊ ဇာတ်ကွက်ကို ထိမိပိုင် နိုင်စွာ သရုပ်ဆောင်နေတဲ့ နေတိုးရဲ့ ပုံရိပ်တချို့က အွန်လိုင်းမှာ ပရိသတ် တွေရဲ့ နှစ်ခြိုက်အားပေးခြင်းကို ခံ နေရပါတယ်။ တကယ့်မိန်းကလေး တစ်ယောက် လေလားဆိုပြီး ပီပြင်လှ တယ်ဆိုတာကလည်း မိတ်ကပ်နဲ့ ဒီဇိုင်နာရဲ့ ပံ့ပိုးမှုကလည်း အရေးကြီး သလို သရုပ်ဆောင်တဲ့သူကလည်း အကယ်ဒမီနေတိုး ပေပဲကိုး။ ထူးခြားတာက ‘တာတူး’ ဇာတ်ကားထဲမှာ နေတိုးကို မိန်းကလေးပုံစံ မှာမှ မြန်မာဆန်ဆန်ရော၊ Cute ဖြစ်တဲ့ ပုံစံရော၊ Sexy ပုံစံရော ပုံစံ ၅ မျိုးလောက် တွေ့မြင်ရမှာဖြစ်ကြောင်း သိရပါတယ်။

“မိတ်ကပ်နဲ့ ဖက်ရှင်က ၈ဝ ရာခိုင်နှုန်းလောက် ပံ့ပိုးထားပါတယ်။ တကယ့်ယောက်ျားသားတစ် ယောက်ကို မိန်းကလေးပုံစံမျိုးဖြစ်အောင် ဝတ်စားဆင်ယင်မှုမှာ ဒီဇိုင် နာ မင်းသက်စံရယ်၊ မိတ်ကပ် မေဦးရယ်ကတော့ သူတို့အရည်အချင်း ကြောင့်လို့ ပြောလို့ရပါတယ်။ ကာရိုက်တာအားဖြင့်သရုပ်ဆောင်မှု အပိုင်းကတော့ တာတူးရဲ့ဇာတ် ကောင်ကို ကျွန်တော်ကဝင်ပြီးတော့ သရုပ်ဆောင်ရတာ ဖြစ်ပါ တယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ပီပြင်မှုအပိုင်း ကတော့ အရေးကြီးဆုံးဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကြိုးစားခွင့်ရှိသ လောက် ကြိုးစားထားပါတယ်”လို့ နေတိုးကပြောပါတယ်။

မိန်းကလေးပုံစံမျိုး သရုပ် ဆောင်ရတဲ့အခါ ပီပြင်မှုရှိအောင် ကိုယ့်ရှေ့က ဘယ်စီနီယာတွေဆီကနေ Influence ယူရလဲ၊ ဒါမှမဟုတ် အပြင်ကနေ ယူရတာမျိုးရှိလားလို့ ဆိုတော့ …

“ကျွန်တော်တို့ကတော့ ကာ ရိုက်တာတစ်ခုကို ပူးကပ်နိုင်အောင် ကြိုးစားတဲ့အချိန်မှာ ဇာတ်လမ်းက ဘာဖြစ်ချင်တာလဲဆိုတဲ့အပေါ်မှာ ဇာတ်လမ်းကို သိအောင် အရင်လုပ်ရ တာပေါ့နော်။ Character Development တစ်ခုကို ဆွေးနွေး တဲ့အချိန်မှာ ဒီမှာဆိုရင် ဆေးပညာနဲ့ ပတ်သက်တဲ့အပိုင်းလေး တွေလည်းဆွေးနွေးရတာမျိုးတွေ ရှိတယ်။ ဒီ ကောင်ကကျတော့ ဘာလဲဆိုတော့ တကယ့်ကို ဟိုမုန်းပြောင်းလဲသွား အောင် ထိုးတဲ့ဆေးကို ထိုးမိသွားတဲ့ အချိန်ကျတော့ သူက တဖြည်းဖြည်း ချင်း မိန်းကလေးရဲ့ သွေးသား၊ စိတ်ခံ စားမှု၊ နောက်ပြီးတော့ တကယ်ကို အသွေးအသားပြောင်းလဲ လာတဲ့ ခံစားမှုကို သူ့စိတ်ထဲမှာ ခံစားလာရင်း၊ လာရင်းနဲ့မှ ဒီလိုအထိအတွေ့ လေးတွေကို နှစ်သက်တယ်။ အဲဒီလိုမျိုး ခံစားမှု တစ်ဆင့်ချင်းပြောင်းလဲလာတဲ့ ကာရိုက်တာ မျိုးကို ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ရတာပေါ့နော်။ ဒီဇာတ်ကားထဲက သရုပ်ဆောင်မှုသည် အပြင်မှာ ကျွန်တော်တို့က မြင်ဖူးတဲ့ကာရိုက်တာမျိုး မဟုတ်ဘူး။ အဲဒီတော့ အပြင်မှာ ကျွန်တော်တို့ လေ့လာလို့ မရဘူး။ ဖြစ်နိုင်ခြေ ရှိတာက ကိုယ်တွေလေ့လာထားတာရယ်၊ ဒါရိုက်တာရဲ့ ညွှန်ကြား မှုရယ်၊ ဇာတ်ညွှန်းရဲ့ ခိုင်းစေမှုရယ် ဒီ ၃ ခုကို ပေါင်းပြီးတော့မှ ကျွန်တော်တို့က အကောင်းဆုံးဖြစ်အောင် ဒီဇာတ်ကောင်ကို တည်ဆောက်ရပါတယ်” လို့ နေတိုးက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ- မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*