မိဘ ဆရာသမားတို့ရဲ့ ခြေရာ လက်ရာတွေကို အမှတ်တရ သိမ်းထားနိုင်ဖို့ ထုလုပ်ပေးနေတဲ့ ကိုအောင်ကျော်ထွန်း

မိဘ ဆရာသမားတို့ရဲ့ ခြေရာ လက်ရာတွေကို အမှတ်တရ သိမ်းထားနိုင်ဖို့ ထုလုပ်ပေးနေတဲ့ ကိုအောင်ကျော်ထွန်း
August 27, 2018 Asian Fame Media
မိဘ ဆရာသမားတို့ရဲ့ ခြေရာ လက်ရာတွေကို အမှတ်တရ သိမ်းထားနိုင်ဖို့ ထုလုပ်ပေးနေတဲ့ ကိုအောင်ကျော်ထွန်း

မိဘတွေရဲ့ ခြေရာ၊လက်ရာ တွေကို တမြတ်တနိုးတန်ဖိုးထား သိမ်းဆည်းထားချင်ကြတဲ့ သူတွေ အတွက် ခြေရာလက်ရာပုံတူတွေကို ပန်းပုပညာရှင်ကိုအောင်ကျော်ထွန်းက ထုလုပ်ပေးလျက်ရှိပါတယ်။ ခြေရာလက်ရာတွေကို ဖိုက်ဘာ၊ ကြေး၊ရွှေစသဖြင့် ပုံစံအမျိုးမျိုးနဲ့ ထုပ်လုပ်ပေးလျက်ရှိပါတယ်။

“ဆရာတော်ကြီးတွေရဲ့ ခြေရာ တွေ မိဘခြေရာတွေ ဆရာသမား တွေရဲ့ ခြေရာတွေကို တချို့တွေ လည်း အိမ်မှာထားချင်ကြလိမ့်မယ်။ ထားချင်ကြမယ့်လူတွေအတွက် ဒါလေးတွေလုပ်နေပြီဆိုတာကို ဖေ့စ်ဘွတ်ခ်ကနေ ကြေညာလိုက် တယ်။ တော်တော်များများမှာကြ တယ်။ ဖိုက်ဘာကိုမှ ရွှေပြန်လုပ် ထားတာရှိမယ်။ တချို့ကျတော့ လည်း ဖိုက်ဘာကို ကိုယ့်ဘာသာ ကိုယ်စစ်ဆေးသုတ်ပြီးတော့ ရွှေဆိုင်း ချတဲ့ လူတွေလည်းရှိတယ်။ ပြီးတော့ ကြေးအစစ်နဲ့လုပ်လို့လည်းရတယ်။ ပိုက်ဆံသိပ်ချမ်းသာလို့ ရွှေအစစ်နဲ့ လုပ်လို့လည်း ရပါတယ်။ ထုကိုတော့ အတတ်နိုင်ဆုံး ပါးအောင်လုပ်ပြီး တော့ ရွှေ ဘယ်လောက်သားလောက် ကုန်မလဲဆိုတာ သေချာတွက်ပြီး တော့လုပ်ပေးပါတယ်။ ကျွန်တော့်မှာ…

နည်းပညာတွေကတော့ အများကြီးရှိ ပါတယ်။ ငွေလိုက်နိုင်မှု၊ မလိုက်နိုင်မှု အပေါ်မူတည်ပြီးတော့ ပြုလုပ်ပေးပါ တယ်” လို့ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။ ဈေးနှုန်းကိုလည်း အတတ်နိုင်ဆုံးနဲ့ အဆင်ပြေဆုံးဖြစ် အောင် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ကိုအောင်ကျော်ထွန်းက ပန်းပုပိုင်း နဲ့ ပတ်သက်လို့လည်း အကယ်ဒမီဒွေး ရဲ့ပုံတူကို ပန်းပုထုလုပ်လျက်ရှိပါ တယ်။ အကယ်ဒမီဒွေးရဲ့ ပုံတူကို တော့ သရုပ်ဆောင်ဇွဲနိုင်ဝင်းက အပ်နှံထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*