ကျွန်တော် ရေးခဲ့သော စာအုပ်များ(၂)
ကျွန်တော် ရေးခဲ့သော စာအုပ်များ(၂)
August 27, 2018 Asian Fame Media
ကျွန်တော် ရေးခဲ့သော စာအုပ်များ(၂)
ကျွန်တော်၏ ပထမဆုံးစာအုပ်ဖြစ် သော စကားပြေသဘောတရား စကားပြေအတတ်ပညာ ပုံနှိပ်ဖို့ ဆောင်ရွက်စဉ် ကြုံတွေ့ရသော မတူ ကွဲပြားသည့် တုံ့ပြန်မှုကလေးများ ကိုလည်း သတိရမိပါသည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မြန်မာစာ ဌာနမှူး ဆရာဦးမြင့်ကြည်၏ ဦး ဆောင်မှုဖြင့် ကျွန်တော့်စာအုပ်ကို မြန်မာစာအသင်းက ပုံနှိပ်ထုတ်ဝေ ရန် စီစဉ်ပါသည်။ တက္ကသိုလ်၏ အသင်းအဖွဲ့တစ်ခုက ထုတ်မည့် စာအုပ်ဖြစ်သည့်အတွက် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၏ စာပေ စိစစ်ရေးအဖွဲ့သို့ လိပ်မူတင်ပြရမည် ဖြစ်သည်။ ပြီးလျှင် အထက်တန်း ပညာဦးစီးဌာန၏ စာပေစိစစ်ရေး အဖွဲ့သို့ ဆက်လက်တင်ပြရမည်ဖြစ် သည်။ ထိုအဖွဲ့က စိစစ်ပြီးမှ ပြန် ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် မှတ်ပုံတင်အဖွဲ့သို့ နောက်ဆုံးတင်ပြ အစစ်ခံပြီးမှ စာအုပ်ပုံနှိပ်ခွင့်ရမည် ဖြစ်ပါသည်။ ပထမအဆင့် တက္က သိုလ်စိစစ်ရေးအဖွဲ့ စာမူတင်ပြ ထားရာ ၂ လလောက် ကြာသည် အထိ ပြန်မကျသဖြင့် ကျွန်တော် လိုက်စုံစမ်းတော့ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး လုပ်နေသည့် “လုပ် ဖော်ကိုင်ဖက်”က ပြန်ချမပေးသေး ကြောင်း သိရသည်။ သူ့ကိုသွားမေး တော့ ဟိုလိုလို ဒီလိုလို လုပ်နေသည်။ ဘာအငြိအစွန်းပါလို့ လဲဟု မေးတော့ လည်း ရေရေရာရာ မဖြေ။ ၂ ကြိမ် သုံးကြိမ်သွားပြီး အရေးဆိုတော့မှ စိစစ်ပြင်ဆင်သည့် ဘာမှတ်ချက်မှမ ပါဘဲ ပြန်ချပေးလိုက်သည်။ ၂ လ လောက် အချိန်ပုပ်သွားသည်။
အထက်တန်း ပညာဦးစီးဌာန စာပေစိစစ်ရေး ဥက္ကဋ္ဌက (ရန်ကုန်) ပညာရေးတက္ကသိုလ်မှ မြန်မာစာဌာန မှူးဖြစ်သည်။ ဆရာ့ဆီကို စာမူဆက် တင်တော့ ဆရာက စကားတစ်ခွန်း ပြောသည်။ “ခင်ဗျားစာမူက ပညာ ရပ်စာမူပဲဗျ။ ဘာစိစစ်နေစရာ လိုလို့ လဲ။ အခုပဲ ပြန်ချပေးလိုက်မယ်။ ခဏစောင့်”တဲ့။ ထိုသို့ပြောပြီး လို အပ်သော ထောက်ခံချက်များ ရေးပြီးပြန်ချပေးလိုက်သည်။ ဆရာ့ ကို များစွာ ကျေးဇူးတင်သည်နှင့် အမျှ စိစစ်ရေးအဖွဲ့ ၂ ဖွဲ့၏ မတူကွဲ ပြားသော တုံ့ပြန်ပုံကို ထင်ထင်ရှား ရှား တွေ့လိုက်ရပါသည်။
စာပေစိစစ်နှင့် မှတ်ပုံတင်အဖွဲ့ သို့ဆက်တင်တော့လည်း ဘာပြဿနာ မှ မရှိပါ။ ပြန်ချပေးလိုက်သည်။ စာအုပ်ကို အထောက်တော် (ဦး)လှအောင်၏ သတင်းဂျာ နယ်တိုက် မှာ ပုံနှိပ်သည်။ မြန်မာစာအသင်းမှာ ထုတ်ဝေရေး တာဝန်ယူထားသော ဆရာဦးချစ်ဖေ (ရန်ကုန်ဒေသ ကောလိပ်-၁) ကျောင်းအုပ်ကြီး အဖြစ်ကွယ်လွန်)က စာအုပ်ကို အစ အဆုံး အဆင်အပြင် လုပ်ပေးသည်။ ပရုဖတ်ပေးသည်။ ကျွန်တော်က နယ်ကောလိပ်တစ်ခုမှာ အမှုထမ်း နေသဖြင့် ရန်ကုန် ရောက်သည့်အခါ ပရုကူဖတ်ပေးသည်။ ကျွန်တော်နယ် ပြန်သွားတော့ ကျွန်တော့်ဇနီးလည်း ကူဖတ်သည်။ သို့ဖြင့် ၁၉၇၉ ခုနှစ် ဆန်းမှာ စာအုပ် ထွက်လာပါတော့ သည်။
စာအုပ်ထွက်ပြီး မကြာမီမှာပင် ဆရာငွေဥဒေါင်းက တောင်ကြီးမှနေ ၍ ကျွန်တော့်ဆီ စာတစ်စောင် လှမ်းရေးသည်။ ဆရာနှင့်လည်း မသိ မကျွမ်းပါ။ ဆရာက စကားပြေ သဘောတရား နည်းနာစာအုပ်တစ် အုပ်ထွက်လာသည့်အတွက် ဝမ်းသာ ကြောင်းစာထဲမှာ ဖော်ပြသည်။ ကြေးမုံသတင်းစာ၏ “စာကြေးမုံ” အခန်းမှာလည်း မိတ်ဆက်ပေးသည်။ ဆရာဒဂုန်တာရာက ဗညားသီဟ အမည်ဖြင့် မိုးဝေမဂ္ဂဇင်းတွင် ပုံမှန် ရေးနေသော “စာပေစစ်တမ်း”အခန်း တွင် စာပေဓာတ်ခွဲခန်းမှ “အသီးအ ပွင့်တစ်ခု” ခေါင်းစဉ်ဖြင့် ကြိုဆို သည်။ ဆရာ ဦးဘဂျမ်း(တင်မိုး)က တက္ကသိုလ် ပညာပဒေသာစာစောင် မှာ စာအုပ်ဝေဖန်ချက်ရေးသည်။ ဤ ရေးဖြစ်မှုများအတွက် ဝမ်းသာကြည် နူးရသည်။
လုပ်ဖော်ကိုင်ဖက်တစ်ယောက် ကတော့ “ခင်ဗျားစာအုပ်က ဆရာ ဇော်ဂျီရဲ့ စကားပြေတွေ အကြောင်း အမှာစာကို ချဲ့ထားတာပဲဗျ။ ဘာများ ထူးလို့လဲ”ဟု သရော်တော်တော်ပြော သည်။ နောက်တစ်ယောက်က “အထဲက သာဓကတွေကတော့ အင်း ….ကောင်းပါတယ်”ဟု အဓိပ္ပာယ် တစ်မျိုးဖြင့် မှတ်ချက်ချသည်။ နောက် တစ်ယောက်ကတော့ “အင်း ခင်ဗျား တော့ ကမ္ဘာကျော်တော့မယ်ဗျို့”ဟု ရယ်သွမ်းသွေးသည်။ သူတို့ကို ဘာမှ တော့ တုံ့ပြန်မပြောခဲ့ပါ။ “အင်း လူ့သဘာဝပဲလေ” ဟုသာ တွေးနေမိ ပါသည်။ သူတို့ပြောသော စကားတွေ ကိုတော့ ယခုတိုင် မှတ်မိနေပါသည်။
၁၉၉၈ ခုနှစ်တွင် ဆရာကြီး ဒေါက်တာလှဘေ မြန်မာစာဌာနသို့ြ<ွကရောက်ပြီး ပါရဂူဘွဲ့သင်တန်းအ တွက် ဟောပြောစဉ် ကျွန်တော့် စာအုပ်ကို လက်ဆောင်ပေးလိုက် သည်။ ဆရာကြီးက ထိုအကြောင်းကို ဆောင်းပါး တစ်စောင်တွင် ရေးပြပြီး “စာအုပ်ကို အိမ်ပြန်ရောက်မှ ဖတ် ကြည့်ပါသည်။ မောင်ခင်မင်၏ တပင်တပန်း သုတေသနပြု၍ အချိန် ကြာမြင့်စွာ စနစ်တကျ တွေးတော စဉ်းစားပြီး ဦးနှောက်အလုပ်ပေးကာ ပြုစုထားသော စာအုပ်သည် ပညာ သားပါသဖြင့် ပညာရှင်တို့ ဖတ်ရှုသင့် ပါသည်”ဟု မှတ်ချက်ချထားသည်ကို ဖတ်ရသောအခါ ထိုစာအုပ်အတွက် ပေါ်ပေါက်ခဲ့သော “မဝံ့မရဲစိတ်များ” ပျောက်ကွယ်သွားပြီး စိတ်အားတက် မိပါသည်။ ယခုဆိုလျှင် ကျွန်တော့် ပထမဆုံး စာအုပ်ဖြစ်သော ထို စာအုပ်ကို ၆ ကြိမ်မျှ ပြန်လည်ပုံနှိပ် ထုတ်ဝေပြီးပါပြီ။ စကားပြေ လေ့လာ မှုအတွက် လမ်းခင်းပေးသော လုပ် ဆောင်ချက်အဖြစ် စာပေသမားများ က ဖော်ညွှန်းသည်ကို မကြာခဏ ကြားရပါသည်။ သတိရတာတစ်ခုရှိ ပါသေးသည်။ ဤစာအုပ်ကို ရေးသား ပြုစုနိုင်ရန် ဆယ်နှစ်ကျော်ကျော် လောက် အချိန်ယူပြီး လေ့လာခဲ့ရ ကြောင်း စာအုပ်အမှာစာတွင် ကျွန်တော်ရေးသားခဲ့ရာ အပေါင်း အသင်းတစ်ယောက်က “စာအုပ် တစ်အုပ်ရေးဖို့ ဆယ်နှစ်တောင် အချိန်ယူရတယ်ဆိုတော့ ခင်ဗျားညံ့ တာပေါ့”ဟု မလိုတမာ မှတ်ချက်ချပါ သေးသည်။
စကားပြေနယ်ပယ်ထဲသို့ ခြေ တစ်လှမ်းဝင်ပြီးနောက် စကားပြေ ဆိုင်ရာ စာအုပ်များ ဆက်ရေးဖြစ်ဖို့ အကျိုးဆက်များ ပေါ်လာသည်။ ထို အချိန်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မြန်မာစာပါမောက္ခ ဆရာမကြီး ဒေါ်သန်းဆွေက ဒေသ ကောလိပ်မြန်မာစာ သင်ကြားရေးအ တွက် စီမံဆောင်ရွက်နေသည်။ တစ် နေ့တွင် ဆရာမကြီးက ကျွန်တော့်ကို ခေါ်တွေ့ပြီး စာအုပ် ၂ အုပ် ပြုစုဖို့ တာဝန်ပေးသည်။ တစ်အုပ်က ခွင့် တိုင်စာတို့၊ အလုပ်လျှောက်လွှာတို့က စ၍ လက်တွေ့အသုံးပြုနေသော စာပုံစံအမျိုးမျိုး ရေးပုံနှင့် ဘာသာ ပြန်နည်းဖြစ်သည်။ နောက်တစ်အုပ် က ရုံးသုံးမြန် မာစာရေးနည်းဖြစ် သည်။ “မင်းက စကားပြေစိတ်ဝင်စား လို့ တာဝန်ပေးတာပါ”ဟု ဆရာမကြီး က ပြောသည်။ သို့ဖြင့် ဆရာမကြီး၏ ကျေးဇူးကြောင့် ၁၉၈ဝ ပြည့်နှစ်မှာ စာအုပ် ၂ အုပ် ရေးဖြစ်ခဲ့ပါသည်။
နောက်တစ်အုပ်က ရုံးသုံးမြန် မာစာဖြစ်သည်။ ရုံးလုပ်ငန်းတွင် လက်တွေ့အသုံးပြုနေသော စာပုံစံ များကို သာဓကဆောင်ပြီး လေ့လာ စိစစ်ပြသည့်စာအုပ်ဖြစ်သည်။ ရုံးစာ များကို ပုံစံတကျ ရေးတတ်စေရန် ရည်ရွယ်ပြုစုခြင်းဖြစ်သည်။ ထိုစာ အုပ်အတွက် ရုံးစာနမူနာများ လိုအပ် သဖြင့် ရုံးဌာနများမှာ တာဝန်ထမ်း ဆောင်နေသော အပေါင်းအသင်းများ ကို အကူအညီတောင်းရသည်။ သူတို့ ကလည်း ရှာဖွေပေးပါသည်။ အမှာ စာ၊ ရုံးတွင်းစာ၊ အမိန့်စာ၊ ရုံးတွင်း မှတ်တမ်းအမိန့်ကြော်ငြာစာ၊ အစီရင် ခံစာ၊ အစည်းအဝေး မှတ်တမ်းစသည့် ရုံးသုံးစာပုံစံများကို နမူနာအဖြစ်ပြပြီး ရှင်းလင်းချက်များဖြင့် ပြုစုထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ် ၂ အုပ် စလုံးကို ဒေသကောလိပ် ဒုတိယနှစ် တွင် ပြဋ္ဌာန်းပါသည်။ ဒေသကော လိပ် စနစ်ရပ်နားသည့်ကာလအထိ ဖြစ်သည်။ အထက်တန်းပညာဦးစီး ဌာန (အဆင့်မြင့် ပညာဦးစီးဌာန) တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ် ဝေရေးဌာနက ထုတ်ဝေပေးသည်။ ကျောင်းသုံးစာအုပ်ဖြစ်သည့်အတွက် စာရေးသူအမည်ကို နာမည်ရင်းဖြင့် ဖော်ပြရပါသည်။ ထိုစာအုပ်များကို သင်ခဲ့ရသူများက စာအရေးအသား အထောက်အကူပြုသော စာအုပ်များ ဖြစ်ကြောင်း ပြောကြပါသည်။
နောက်ထပ်ရေးဖြစ်သော စာအုပ်မှာ ပြည်သူ့အတွက် မြန်မာစ ကားပြေ ဟု ခေါင်းစဉ်တပ်ထားသော စာအုပ်ပါးပါးကလေးဖြစ်သည်။ ထို စာအုပ်ရေးဖို့ ၁၉၈ဝ ပြည့်နှစ်လောက် ကတာစူခဲ့သည်။ စကားပြေသဘော တရား စာအုပ်မရေးရသေးမီ စကား ပြေသဘောတရား နည်းနာများကို လက်လှမ်းမီသလောက် ရှာဖွေလေ့ လာစဉ် Teach Yourself to Express Yourself ဆိုသော စာအုပ်ကလေးကို ဖတ်မိပြီး ရေးပုံကို သဘောကျသွား သည်။ စကားပြေကို လက်တွေ့အသုံး ချရာတွင် မှန်ကန်မှု၊ ရှင်းလင်းမှု၊ ကျစ်လျစ်မှု၊ ပြေပြစ်မှုစ သော လက္ခဏာများနှင့်အညီ ရေး နိုင်ဖို့အတွက် ထိုလက္ခဏာများကို အခန်းတစ်ခန်းစီခွဲပြီး ခပ်ကျဉ်းကျဉ်း ပြုစုထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ရေးပုံကို သဘောကျသည့် အတွက် မြန်မာစကားပြေ သာဓက များဖြင့် ရေးသားပြုစုခြင်း ဖြစ်သည်။ ယခုပြန်စဉ်းစားကြည့်တော့ “ပြည်သူ့ အတွက်”ဟူသော အသုံးတွင် ဆိုရှယ် လစ်လမ်းစဉ် ပါတီခေတ်၏ အငွေ့ အသက် ထင်ဟပ်နေပုံကို သတိပြုမိ ပါသည်။ ပြည်သူ့အသုံးအဆောင် ဖြစ်သော စကားပြေကို ထိရောက်စွာ အသုံးပြုရာတွင် လိုအပ်သောအချက် များကို “မှန်မှန်ကန်ကန် ရှင်းရှင်း လင်းလင်း၊ တိတိကျကျ၊ ကျစ်ကျစ် လျစ်လျစ်၊ ပြေပြေပြစ်ပြစ်၊ လိုက်ဖက် ညီညီ”ဟူ၍ ဆင်တူခေါင်းစဉ်ကလေး များဖြင့် တစ်ခန်းစီခွဲကာ ပေါ့ပေါ့ပါး ပါး ရေးသားခဲ့ပါသည်။
စာအုပ်ရေးပြီးတော့ အိမ်နီး ချင်းဖြစ်သော စာပေဗိမာန်စာတည်း ဆရာဦးအောင်ကျော်ကို ပြကြည့်ရာ ဆရာက သဘောကျပြီး စာပေဗိမာန် က ထုတ်ရန်စီစဉ်ပေးသည်။ သို့ဖြင့် ၁၉၈၅ ခုနှစ်တွင် စာအုပ်ထွက်လာ ပါသည်။ ပေါ့ပေါ့ပါးပါး ဖတ်နိုင် သည့်အတွက် အများစိတ်ဝင်စားပုံရ ပါသည်။ စာအုပ်များ မကြာမီကုန် သွားကြောင်း သိရသည်။ ၂ဝဝ၉ ခု နှစ်တွင် စာပေဗိမာန်က အချို့စာအုပ် များကို ပြန်လည်ပုံနှိပ်ရန် စီစဉ်သည်။ ထိုစာအုပ်ကို ပြန်ထုတ်မည်ဟု သိရ သဖြင့် ကျွန်တော်က “ဝါကျမှ စာပိုဒ် သို့ စာပိုဒ်မှ စာပုဒ်သို့”ဟူသော အခန်းတစ်ခန်း ထပ်ဖြည့်ပေးလိုက် သည်။ ၂ဝဝ၉ ခုနှစ်တွင် ပြင်ဆင် ဖြည့်စွက်ပုံနှိပ်သော စာအုပ်ထွက် လာပါသည်။
ကျွန်တော်၏ ပထမဆုံးစာအုပ် ဖြစ်သော စကားပြေသဘောတရား စကားပြေ အတတ်ပညာကို အကြောင်းပြု၍ စကားပြေအကြောင်း စာအုပ်များ ဆက်ရေးဖြစ်ပုံကို အတွေးမျှင် တန်းမိခြင်းဖြစ်ပါသည်။
မောင်ခင်မင် (ဓနုဖြူ)
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*